Tuesday 29 September 2009

ဝဥသုပ်နှင့်ငါးဥခရမ်းချဉ်သီးချက်

ဝဥသုပ်

သာမညတောင် ရောက်ဖူးကြသူတိုင်း ဝဥသုပ်ကိုသိကြမှာပါ။
သာမညဆရာတော် ရှိစဉ်က ဆရာတော်ကိုဖူးဖို့ အတွက်လူတော်တော်များများ သာမညတောင်ကိုသွားတတ်ကြပါတယ်။
သာမညတောင်မှာက သတ်သတ်လွတ်ဘဲ စားရတယ်လေ။
ဆရာတော်ကြီးကျွေးတဲ့ သတ်သတ်လွတ်ဟင်းနဲ့ ထမင်းကို မစားဘဲ ထမင်းဆိုင်မှာ
ဝယ်စားမယ်ဆိုရင်လည်း သတ်သတ်လွတ်ဟင်းဘဲရောင်းကြပါတယ်။
ထမင်းဆိုင်တွေမှာမပါမဖြစ်တဲ့ဟင်းကတော့ ဝဥသုပ်ဘဲဖြစ်ပါတယ်။
ရန်ကုန်ကဈေးတွေမှာလည်း ရောင်းကြပါတယ်။
ဝဥဆိုပေမဲ့ အညိုရောင်အတုံးကြီးပါ။
ကိုယ်သွားဝယ်မှ လိုသလောက်ကို လှီးပေးတာပါ။
အရင်ဆုံး ဝဥကို အသေးလေးတွေလှီး ၊အိုးထဲထည့်ပြီး နည်းနည်းကျုံ့ သွားအောင်လှော်ရပါတယ်။
ကြက်သွန်ဖြူကိုလည်း ဆီချက်ချက်ထားပါတယ်။
ဂေါ်ဖီနဲ့ ကြက်သွန်နီကိုလည်းပါးပါးလှီးပြီးရေဆေးထားပါတယ်။
ငရုပ်သီးစိမ်းလေးလည်းပါးပါးလှီးထားပါတယ်။
စားတော့မယ်ဆိုရင် ဝဥ၊ဂေါ်ဖီ၊ကြက်သွန်နီ၊ငရုပ်သီးစိမ်းထည့်။
ပဲမှုန့် ၊အချိုမှုန့် ၊ဆားထည့်၊သံပုရာရည်ညှစ်၊ဆီချက်ကလေးဆမ်းပြီး နယ်စားရုံပါဘဲ။
ထမင်းမြိန်စေတဲ့ သတ်သတ်လွတ်ဟင်းတစ်ခွက်ပါရှင်...








ငါးဥခရမ်းချဉ်သီးချက်
ငါးဥကို ဆား၊ဆနွင်းနယ်ပြီး အရင်ဆုံးပြုတ်ထားလိုက်ပါတယ်။
ကြက်သွန်ဖြူ၊နီနဲ့ ငရုပ်သီးထောင်းပြီး ဆီသတ်လိုက်ပါတယ်။
ဆီသတ်ထားတဲ့ထဲကို ခရမ်းချဉ်သီးပါးပါးလှီးထည့်၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။
ရေခမ်းပြီး ခရမ်းချဉ်သီးလေးတွေလိတ်သွားရင် ပြုတ်ထားတဲ့ငါးဥထည့်၊ရေနည်းနည်းထည့်ပြီးတည်ပါတယ်။
ဆီပျံကာနီးမှာ ငရုပ်သီးစိမ်းလေးခတ်ပြီး ၊ဆီပျံရင်တော့စားလို့ ရပါပြီရှင်...



Read More...

Saturday 26 September 2009

နန်းကြီးသုပ်

နန်းကြီးသုပ်

ဒီနေ့ တော့ ထမင်းမချက်တော့ဘဲ နန်းကြီးသုပ် သုပ်စားပါတယ်။
ကြက်သားကို သေးသေးလှီးပြီး ဆား၊ဆနွင်း၊အချိုမှုန့် ၊ငံပြာရည်တို့ နဲ့ နယ်ထားပါတယ်။
ကြက်သွန်ဖြူ၊နီ၊ငရုပ်သီးတို့ ကို ရောထောင်းထားပါတယ်။
ဆီအိုးတည်ထားပြီး ဆီပူလာရင် ထောင်းထားတာတွေ ထည့်လိုက်ပါတယ်။
ငရုပ်သီး အနံ့ လေးသင်းလာရင် ကြက်သားထည့်၊ရေနည်းနည်းထည့်ပြီး တည်ထားပါတယ်။
ရေခမ်းသွားရင် ရေထပ်ထည့်တည်ပြီး ဆီကျန်ရေကျန် အနေလေးချက်ထားပါတယ်။
ကြက်ဥကို ပြုတ်ပြီး လှီးထားပါတယ်။
ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါတယ်။
စားတော့မယ်ဆိုမှ မုန့် ဖတ်၊ကြက်သားဟင်း၊ကြက်သွန်နီ၊ပဲမှုန့် ထည့်၊သံပုရာရည်ညှစ်ပြီး နယ်လိုက်ပါတယ်။
နယ်ပြီးရင်တော့ ကြက်ဥပြုတ်လေးထည့်ပြီး သုံးဆောင်နိုင်ပါတယ်။



 

 

 

 
နန်းကြီးသုပ်လေးနယ်ပေးထားတယ်...စားသွားနော်...

Read More...

Wednesday 23 September 2009

ခါလာကြီးကြက်သားသုပ်

ခါလာကြီးကြက်သားသုပ်

ကျွန်မတို့ မြို့ က ခါလာကြီးရောင်းတဲ့ ကြက်သားသုပ်ကို သတိရတာနဲ့ သူရောင်းတဲ့ ပုံစံကလေးအတိုင်း
ကြက်သားကို သုပ်စားဖြစ်ပါတယ်။
သူရောင်းတာကတော့  ကြက်တစ်ကောင်လုံးကို ကြိုက်တဲ့ အပိုင်းထည့်သုပ်ပေးတာပါ။
ခြေထောက်၊်ခေါင်း၊အသား၊အသဲအမြစ်၊အူ အားလုံးထဲက ကြိုက်ရာကို ထည့်သုပ်ပေးပါတယ်။
ကျွန်မကတော့ အလွယ်တကူ အသားဘဲရှိလို့ အသားဘဲသုပ်လိုက်ပါတယ်။
ပထမဆုံး ကြက်သားကို ဆား၊ဆနွင်း၊အချိုမှုန့် ၊ငံပြာရည်တို့ နဲ့ နယ်ပြီး ပြုပ်လိုက်ပါတယ်။
ဒုတိယတစ်ခုကတော့ ပဲရည်ကြိုရပါတယ်။
ပဲမှုန့် အစိမ်းကို ရေအေးနဲ့ အရင်ဖျော်ရပါတယ်။
ရေနွေးထဲကို ပဲမှုန့် ထည့်မိရင် အခဲတွေဖြစ်ပြီး မပျော်တော့ပါဘူး။
ပဲမှုန့် တွေအားလုံးပျော်သွားမှ မီးနဲနဲနဲ့ ကြိုပါတယ်။
ကြိုနေတုန်းမှာ မွှေပေးနေရပါတယ်။
မမွှေပေးရင် ပဲမှုန့် တွေကအောက်မှာထိုင်ပြီး ကပ်ကုန်ပါတယ်။
ပဲစိမ်းနံ့ ပျောက်ပြီး အနံ့ လေးမွှေးလာတဲ့ အထိကြိုရပါတယ်။
ပြီးရင်တော့ ဂေါ်ဖီနဲ့ ကြက်သွန်နီကို ပါးပါးလှီးပြီးရေဆေးထားပါတယ်။
ငရုပ်သီးစိမ်းလေးကိုလည်းပါးပါးလှီးထားပါတယ်။
စားတော့မယ်ဆိုရင်တော့ ကြက်သားကိုသေးသေးလေးတွေ လှီးလိုက်ပါတယ်။
ပြီးရင်တော့ ဂေါ်ဖီ၊ကြက်သွန်၊ငရုပ်သီးစိမ်း၊ထည့်၊သံပုရာရည်ညှစ်၊အချိုမှုန့် ၊ငံပြာရည်၊ငရုပ်သီးအကျက်မှုန့် ထည့်၊ပဲရည်ဆမ်းပြီးနယ်စားလို့ ရပါပြီ။
ချဉ်ငံစပ်ကလေးစားလို့ ကောင်းပါတယ်။








ကြက်သားသုပ် ချဉ်ငံစပ်ကလေးသုံးဆောင်သွားပါနော်...

Read More...

Sunday 20 September 2009

ငါးဆားနယ်ချက်၊ပဲပြားနှင့်မုန်ညှင်းချဉ်သုပ်

ငါးဆားနယ်ချက်

ပထမနေ့ မှာ ငါးကို ရေမဆေးဘဲ ဆားများများလေးနဲ့  နယ်ထားလိုက်ပါတယ်။
နောက်နေ့ ကျမှ ငါးကို ရေစင်စင်ဆေးပြီး ဆနွင်းမှုန့် ၊အချိုမှုန့် တို့ နဲ့ နယ်ထားလိုက်ပါတယ်။
ကြက်သွန်ဖြူ၊နီနဲ့ ငရုပ်သီးကို ရောထောင်းထားပါတယ်။
ဆီအိုးတည်ထားပြီး ဆီပူလာရင် ထောင်းထားတာတွေ ထည့်လိုက်ပါတယ်။
ငရုပ်သီးက အစိမ်းနံ့ ပျောက်ပြီး အနံ့ လေးသင်းလာရင် ငါးထည့်၊ဂျင်းထောင်းထည့်၊ရေနည်းနည်းထည့်ပြီးထည်ထားပါတယ်။
ရေခမ်းသွားရင် ခရမ်းချဉ်သီးလှီးထည့်၊ငရုပ်သီးစိမ်းပါးပါးလှီးထည့်၊ရေထပ်ထည့်ပြီးတည်ပါတယ်။
ဆီကျန်ရေကျန်လေးဖြစ်ရင် စားလို့ ရပါပြီ။
ငါးဆားနယ်ဟင်းက ငရုပ်သီးစပ်စပ်လေးမှ စားလို့ ကောင်းလို့  ငရုပ်သီးများများလေးနဲ့  ချက်ထားပါတယ်။








ပဲပြားနှင့်မုန်ညှင်းချဉ်သုပ်

ဒီက မုန်ညှင်းချဉ် ready made ထုပ်ကလေးဝယ်လာဖြစ်တာနဲ့ ပဲပြားလေးနဲ့ ရောပြီးသုပ်စားလိုက်ပါတယ်။
ကြက်သွန်နီလေးပါးပါးလှီး၊ပဲပြားလေးသေးသေးလှီး၊အချိုမှုန့် ၊ပဲမှုန့် ၊ပုဇွန်ခြောက်မှုန့် ၊ဆီချက်ကလေးထည့်ပြီးနယ်စားလိုက်ပါတယ်။







Type rest of the post here

Read More...

Tuesday 15 September 2009

ဂဏန်းမဆလာချဉ်စပ်

ဂဏန်းမဆလာချဉ်စပ်

Nagaoka ကိုသွားလည်ရင်းနဲ့  Jusco မှာ ဂဏန်းခုတ်ထားပြီးသားလေးတွေ တွေ့တော့ဝမ်းသာအားရဝယ်လာခဲ့ ပါတယ်။
ကြက်သွန်ဖြူ၊နီနဲ့ ငရုပ်သီးကို ရောထောင်းထားလိုက်ပါတယ်။
ဆီအိုးတည်ထားပြီး ဆီပူလာရင် ထောင်းထားတာတွေ ထည့်လိုက်ပါတယ်။
ငရုပ်သီးက အစိမ်းနံ့ ပျောက်ပြီး အနံ့ လေးမွှေးလာရင် ခရမ်းချဉ်သီးလေးလှီးထည့်၊အချိုမှုန့် ၊ဆား၊ငံပြာရည်ထည့်၊ရေနည်းနည်းထည့်ပြီးတည်ထားလိုက်ပါတယ်။
ရေခမ်းပြီးခရမ်းချဉ်သီးလေးတွေ လိတ်သွားရင်တော့ ဂဏန်းထည့်၊မကျီးမှည့်လေးဖျော်ထည့်၊ငရုပ်သီးစိမ်းလေးပါးပါးလှီးထည့်၊
ရေလေးနည်းနည်းထပ်ထည့်ပြီးတည်ထားပါတယ်။
ဂဏန်းသားထဲ အရသာဝင်အောင် ကြာကြာလေးတည်ထားလိုက်ပါတယ်။
ဆီကျန်ရေကျန် အနေရပြီဆိုရင် အပေါ့အငံမြည်းကြည့် ၊မဆလာလေးခတ်ပြီး သုံးဆောင်နိုင်ပါတယ်ရှင်...


ဂဏန်းမဆလာချဉ်စပ်ဟင်းလေး သုံးဆောင်သွားပါနော်...

Read More...

Saturday 12 September 2009

ငါးဥချက်နဲ့ မုန်လာပင်ပေါက်ဟင်းရည်

ငါးဥချက်

ဂျပန်တွေ ဆူရှီးလုပ်စားတဲ့ ငါးဥကို ကျွန်မကတော့ ဗမာဟင်း ချက်စားလိုက်ပါတယ်။
ပထမဆုံး ငါးဥကို ဆား၊ဆနွင်း နယ်ပြီး ရေနည်းနည်းနဲ့ ပြုတ်ထားပါတယ်။
ဟင်း၂အိုးစာအတွက် ကြက်သွန်ဖြူ၊နီ၊ငရုပ်သီး ရောထောင်းထားလိုက်ပါတယ်။
ဆီအိုးတည်ထားပြီး ဆီပူလာရင် ထောင်းထားတဲ့ ငရုပ်သီးကို ထည့်မွှေပေးပါတယ်။
ငရုပ်သီးက စိမ်းနံ့ ပျောက်ပြီဆိုရင် မုန်လာပင်ပေါက်ဟင်းအတွက် ငရုပ်သီးဆီသတ် နည်းနည်းခပ်ထားပါတယ်။
ကျန်တဲ့ငရုပ်သီးထဲကို ခရမ်းချဉ်သီးလှီးထည့် ၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။
ရေခမ်းသွားပြီး ခရမ်းချဉ်သီးလေးတွေ လိတ်သွားရင် ပြုတ်ထားတဲ့ငါးဥထည့်၊ဂျင်းလေးနည်းနည်းထောင်းထည့်၊ရေနည်းနည်းထည့်တည်ထားပြီးဆီပျံကာနီးမှာ ငရုပ်သီးစိမ်းလေးခတ်လိုက်ပါတယ်။
ချက်ပြီးချိန်မှာ ငါးဥက စားတော်ပဲပြုတ်လေးနဲ့ တူနေလို့  ပဲပြုတ်စားချင်စိတ်ပေါက်သွားပါတယ်။





 မုန်လာပင်ပေါက်ဟင်းရည်

ငါးကိုရေဆေးပြီး ဆား၊ဆနွင်း၊အချိုမှုန့် ၊ငံပြာရည်နဲ့ နယ်ထားပါတယ်။
မုန်လာပင်ပေါက်လေးတွေကိုလည်းအမြစ်လေးတွေဖြတ်ပြီးရေဆေးထားပါတယ်။
ဟင်းချက်မဲ့အိုးထဲကို ငရုပ်သီးဆီသတ်၊ငါး၊ဂျင်းအနည်းငယ်ထောင်းထည့်၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။
ရေခမ်းသွားရင် ရေထပ်ထည့်တည်ပါတယ်၊အရည်သောက်လေး ချက်မှာမို့  ရေများများလေးထည့်ပါတယ်။
ရေဆူလာရင်တော့ မုန်လာပင်ပေါက်လေးထည့်၊နံနံပင်၊ငရုပ်သီးစိမ်းလေးခတ်ပြီးသုံးဆောင်နိုင်ပါတယ်။


Read More...

Wednesday 9 September 2009

ငါးလေးအိုးကပ် နဲ့  သီးစုံချဉ်ရည်ဟင်း

ငါးလေးအိုးကပ်

ဒီနေ့ တော့ super မှာငါးသေးသေးလေးတွေရတာနဲ့ ငါးလေးအိုးကပ်ချက်စားပါတယ်။
ပထမဆုံး ငါးလေးတွေကို ခေါင်းဖြတ်၊ဗိုက်ထဲက ကလီဇာတွေဆွဲထုတ်ပြီး ရေစင်အောင်ဆေးပါတယ်။
ပြီးရင်တော့ငါးလေးတွေကို အချိုမှုန့် ၊ဆား၊ဆနွင်း၊ငံပြာရည်တို့ နဲ့ နယ်ထားလိုက်ပါတယ်။
ငရုပ်သီးနဲ့  ကြက်သွန်ဖြူ၊နီတို့ ကို ရောထောင်းထားပါတယ်။
ဆီအိုးတည်ထားပြီး ဆီပူလာရင် ထောင်းထားတာတွေထည့်လိုက်ပါတယ်။
ငရုပ်သီးအနံ့ လေးမွှေးလာပြီဆိုရင် ငါးထည့်၊ဂျင်းလေးနဲနဲထောင်းထည့်၊ရေနဲနဲထည့်၊အိုးကိုအဖုံးအုပ်ပြီးတည်ထားပါတယ်။
ရေခမ်းသွားရင်တော့ ရေနဲနဲထည့်၊အိုးအဖုံးဖွင့်ပြီးတည်ထားပါတယ်။
ဆီပျံကာနီးမှာ ငရုပ်သီးစိမ်းလေးထည့်လိုက်ပါတယ်။
ဒီမှုတော့ နံနံပင်မရှိလို့ မထည့်လိုက်ရပါဘူး၊နံနံပင်လေးနဲ့ ဆိုရင်တော့ပိုပြီးစားကောင်းမှာပါ။
ဆီပျံလာချိန်မှာ ဟင်းအိုးကို ဆက်တည်ထားပါတယ်။
ငါးလေးတွေ ခြောက်ပြီး တောင့်တောင့်လေးဖြစ်သွားရင်တော့ ငါးလေးအိုးကပ်ဟင်းလေး စားလို့ ရပါပြီ......





သီးစုံချဉ်ရည်ဟင်း

ဒီနေ့ သီးစုံချဉ်ရည်ဟင်းကိုတော့ ငါးခြောက်နဲ့ ချက်ပါတယ်။
ဟင်းသီးဟင်းရွက်ကတော့ ဗူးသီး၊အာလူး၊ခရမ်းသီး၊ခရမ်းချဉ်သီးနဲ့ မုန်လာဥတို့ ပါပါတယ်။
အရင်ဆုံး အသီးအရွက်တွေကို လှီးပြီး ရေဆေးထားပါတယ်။
ချက်မဲ့အိုးထဲကို ငရုပ်သီးဆီသတ်၊ငါးခြောက်၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။
ရေခမ်းသွားရင် အသီးအရွက်တွေထည့်၊ရေနည်းနည်းထည့်ပြီး တည်ထားပါတယ်။
အသီးအရွက်တွေ နွမ်းသွားရင် မကျီးသီးမှည့်လေး ရေဖျော်ထည့်ပါတယ်။
ဟင်းရည်ဆူလာရင် နံနံပင်၊ငရုပ်သီးစိမ်းလေးခတ်ပြီးသုံးဆောင်နိုင်ပါတယ်ရှင်....





Read More...

Monday 7 September 2009

ရုံးပတီသီးနှပ် နဲ့  Seafood ချဉ်စပ်


ရုံးပတီသီးနှပ်

ရုံးပတီသီးကို ရေဆေးပြီး အပိုင်းလေးတွေ ပိုင်းထားပါတယ်။
ကြက်သွန်နီကို ပါးပါးလှီးထားပါတယ်။
ချက်မဲ့အိုးထဲကို ရုံးပတီသီး၊ကြက်သွန်နီ၊ပုဇွန်ခြောက်မှုန့် ၊ဆီ၊ဆားထည့်၊ ရေလေးနည်းနည်းထည့်၊အဖုံးအုပ်ပြီး တည် ပါတယ်။
ရေထည့်တာများသွားရင် ရုံးပတီသီးတွေ ချွဲပြီး စားမကောင်းလို့ ရေနည်းနည်းဘဲထည့်ပါတယ်။
ရေခမ်းသွားရင် စားဖို့ အသင့်ဖြစ်ပါပြီ.......




Seafoodချဉ်စပ်
Seafood ကို အသားထွင် ရေဆေးပြီး ဆား၊အချိုမှုန့် နယ်ထားပါတယ်။
ကြက်သွန်ဖြူ ၊နီနဲ့ ငရုပ်သီးများများလေးရောထောင်းထားပါတယ်။
အိုးထဲမှာ ဆီထည့်တည်ထားပြီး ဆီပူလာရင် ငရုပ်သီးထောင်းထားတာထည့်တည်လိုက်ပါတယ်။
ငရုပ်သီးက အစိမ်းနံ့ ပျောက်သွားပြီဆိုရင်တော့ seafood ထည့်၊ဂျင်းထောင်းထည့်၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။
ရေခမ်းသွားရင် မကျီးမှည့်လေးဖျော်ထည့်၊ငရုပ်သီးစိမ်းလေးလှီးထည့် တည်ထားပြီး ဆီပြန်လာရင် မဆလာလေးခတ်ပြီး သုံးဆောင်နိုင်ပါတယ်။



မဆလာနံ့ မွှေးမွှေးလေးနဲ့ seafood ချဉ်စပ်ဟင်းလေးသုံးဆောင်သွားပါနော်....



Read More...

Sunday 6 September 2009

ငါးဆီပြန် နဲ့ မုန်လာချဉ်ရည်

ငါးဆီပြန်

ငါးကို အနေတော်အပိုင်းလေးတွေပိုင်းပြီး ဆား၊ဆနွင်း၊အချိုမှုန့် ၊ငံပြာရည်တို့ နဲ့ နယ်ထားလိုက်ပါတယ်။
ကြက်သွန်ဖြူ၊နီ၊ငရုပ်သီးထောင်းပြီး ဆီသတ်ပါတယ်။
ငရုပ်သီးစိမ်းနံ့ ပျောက်ပြီး အနံ့ လေးမွှေးလာရင် ငါးထည့်၊ဂျင်းထောင်းထည့်၊ရေနည်းနည်းထည့်ပြီးတည်ပါတယ်။
ရေခမ်းသွားရင် ရေနည်းနည်းထပ်ထည့် တည်ထားပြီး ဆီပြန်ကာနီးမှာ နံနံပင်၊ငရုပ်သီးစိမ်း ထည့်ပြီးသုံးဆောင်နိုင်ပါတယ်.....



မုန်လာချဉ်ရည်
မုန်လာဥကိုအခွံခွာပြီး အပိုင်းလေးတွေ ပိုင်း၊ အရွက်ကိုလည်း အရင့်တွေဖယ်ပြီး အနုလေးတွေကိုပိုင်းပြီး ရေဆေးထားပါတယ်။
ချက်မဲ့အိုးထဲကိုမုန်လာဥနဲ့အရွက်တွေထည့်၊ခရမ်းချဉ်သီးလှီးထည့်၊ငါးဆီပြန်ထည့်၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။
အရွက်တွေနွမ်းသွားရင် မကျီးသီးလေးနည်းနည်းကို ရေဖျော်ပြီးထည့်ပါတယ်။
ရေဆူလာရင် အပေါ့၊အငံမြည်း၊နံနံပင်၊ငရုပ်သီးစိမ်းလေးခတ်ပြီး သုံးဆောင်နိုင်ပါတယ်.....


Read More...

Thursday 3 September 2009

အုန်းနို့ွှခေါက်ဆွဲမွှေးမွှေးလေး

အုန်းနို့ ခေါက်ဆွဲ

ကြက်သားကိုခပ်သေးသေးလေးတွေလှီးပြီး အချိုမှုန့် ၊ဆား၊ဆနွင်း နယ်ထားပါတယ်။ကြက်သွန်နီကိုပါးပါးလှီးပြီးဆီထဲမှာအရင်ထည့်ကြော်ပါတယ်။ဝါရောင်သမ်းလာရင်တော့ အရောင်တင်မှုန့် ထည့်၊ကြက်သားထည့်၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။ရေခမ်းသွားရင်ခဏချထားပါတယ်။အုန်းနို့ နံ့ မွှေးမွှေးလေးဖြစ်ဖို့  အုန်းနို့ ကိုကျိုထားပါတယ်။ပဲမှုန့် အစိမ်းကိုရေဖျော်ပြီးအုန်းနို့ အိုးထဲထည့်ပြီးဆက်ကျိုပါတယ်။ပဲမှုန့် ကျက်လောက်ပြီဆိုရင်တော့ ကြက်သားဟင်းထည့်၊ကြက်သွန်နီလေးစိတ်စိတ်ထည့်၊ပဲပြားကြော် ညှပ်ထည့်၊ကြက်ဥပြုတ် လှီးထည့်ပြီး တည်ထားလိုက်ပါတယ်။ဟင်းရည်က ကြာကြာတည်ရင်ပိုပြီးစားကောင်းပါတယ်။


 
 ခေါက်ဆွဲဖတ်
  
ဟင်းရည်
  
ကြက်ဥပြုတ်
  
ကြက်သွန်နီ
  
သံပုရာသီး
  
ဒါလေးကအဆင်သင့်စားဖို့ နော်


အုန်းနို့ ခေါက်ဆွဲမွှေးမွှေးလေး အကြိုက်စားသွားနော်.......

Read More...

Tuesday 1 September 2009

ဒီနေ့  ဝါးတီး.....

ဒီနေ့  ဝါးတီး.....
ဟဲဟဲ....ဒီနေ့  ဝါးတီးမိသွားလို့ အိမ်မှာဟင်းမချက်ပါ၊Professor ကထမင်းစားဖိတ်လို့ လေ.....
တောင်အာရှမှာမွေး...US မှာကြီးပြီး Japan မှာ နှစ် ၂၀ နီပါးရှိနေပြီဖြစ်တဲ့ Professor က
မြန်မာတွေကိုဂရုစိုက်ပါတယ်....(သူ့ အကြောင်းသီးသန့် ရေးပါဦးမယ်)....
ဒီနေ့ တော့ သူ့ လက်ရာလေးတွေပါ...အမျိုးသားကတော့ ဆရာ့လက်ရာကိုကြိုက်
လို့ အိမ်မှာထပ်ချက်ပေးပါဆိုဘဲ......

ဆရာ့လက်ရာလေးတွေပါ

ဝါးတီးစတော့မယ်
ငါးကို အချိုချက်ထားတယ်
မှို၊အာလူးမဆလာချက်
Professor ကြိုက်မှန်းသိလို့ မြန်မာပြည်က တပည့်ဟောင်းတွေလှမ်းပို့ ထားတဲ့ ဘာလချောင်ကြော်၊ပုဇွန်ခြောက်တွေ...ကိုယ်ပါကပ်စားလာခဲ့တယ်..ဟိဟိ..

ထမင်စားတာစောင့်ကြည့်နေသူများ

Read More...