Wednesday 28 October 2009
ပုဇွန်ဆီပြန် နဲ့ ပန်းဂေါ်ဖီကြော်
ပုဇွန်ဆီပြန်
ပုဇွန်တွေကို အရင်ဆုံး ရေနဲ့ စင်အောင်ဆေးပါတယ်။
ပြီးရင်တော့ ပုဇွန်ကို အခွံခွာ ကျောကိုဓါးပါးလေးနဲ့ ခွဲပြီး ချေးကြောင်းလေး ဆွဲထုတ်လိုက်ပါတယ်။
ကျောခွဲလိုက်တော့ အသားထဲကိုလည်း အရသာပိုဝင်သွားပါတယ်။
ပုဇွန်ကို ဆား၊ဆနွင်း နယ်ထားလိုက်ပြီး ကြက်သွန်နီကို ပါးပါးလှီးထားပါတယ်။
ဆီအိုးတည်ထားပြီး ဆီပူလာရင် ကြက်သွန်နီထည့်ကြော်ပါတယ်။
ကြက်သွန်လေးတွေ နွမ်းပြီး ဝါရောင်သမ်းလာရင်တော့ ပုဇွန်ထည့်၊ရေလေးနည်းနည်းထည့်ပြီးတည်ပါတယ်။
ဆီပျံရင်တော့ ပုဇွန်ဆီပျံမွှေးမွှေးလေး စားလို့ ရပါပြီနော်...
ဒါလေးကတော့ ဂေါ်ဖီနဲ့ ပန်းဂေါ်ဖီကို ပုဇွန်ခြောက်လေးနဲ့ ကြော်ထားပါတယ်။
Read More...
Friday 23 October 2009
မုံညင်းပေါင်း
မုံညင်းပေါင်း
ဒီနေ့ super မှာ မုံညင်းဖူးလေးတွေ့ လိုက်တော့ ဟင်းရွက်မြင်ရင်ဝယ်ချင်တဲ့အကျင့်ကြောင့် ယန်း၁၁၀နဲ့  တစ်ထုပ်ဝယ်လာခဲ့ပါတယ်။
မုံညင်းဖူးလေးတွေက ထိပ်ဖျားလေးတွေချည်းမို့  ဖြတ်ပစ်စရာမလိုတဲ့အတွက် ရေဘဲစင်အောင်ဆေးလိုက်ပါတယ်။
ကြက်သွန်ဖြူနဲ့ ပုဇွန်ငပိကို ရောထောင်းလိုက်ပါတယ်။
ကြက်သွန်နီကိုတော့ တောက်တောက်စင်းထားပါတယ်။
ဇလုံတစ်ခုထဲမှာ မုန်ညင်းဖူး၊ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ပုဇွန်ငပိ၊ကြက်သွန်နီ၊ပုဇွန်ခြောက်၊ဆီနည်းနည်း၊ဆားနည်းနည်းထည့်၊ဆန်မှုန့် ထည့်ပြီးနယ်ပါတယ်။
နယ်လို့ နှံ့ သွားရင်တော့ ပေါင်းလို့ ရပါပြီ။
ထမင်းအိုးရဲ့ အပေါ်အံကလေးနဲ့ ပေါင်းလည်းရပါတယ်။
ကျွန်မကတော့ အခုလိုလေးပေါင်းလိုက်ပါတယ်။
ဒါလေးကတော့ ပေါင်းတဲ့အိုးထဲကထုတ် ကြက်သွန်ကြော်လေးဖြူးပြီး စားဖို့ အဆင်သင့်ပြင်ထားပါပြီ။
Read More...
Monday 19 October 2009
ရိက္ခာတွေရောက်ပြီ
ရိက္ခာတွေရောက်ပြီ
၁၂.၁၀.၀၉(တနင်္လာနေ့ )မှာ ရန်ကုန်ကပို့ လိုက်တဲ့ parcel ဟာ ၁၅.၁၀.၀၉(ကြာသပတေးနေ့ )ညနေ ၃နာရီမှာရောက်လာပါတယ်။ရောက်တာနဲ့ ဝမ်းသာအားရ ချက်ခြင်းဘဲ ဖေါက်လိုက်ပါတယ်။အထဲမှာ လဖက်၊အကြော်စုံ၊ပုန်းရည်ကြီးမှုန့် ၊ပါပလာ၊ငါးမုန့် ၊မွှေးဘယာကြော်မှုန့် ၊ပုဇွန်ခြောက်၊ပုဇွန်ငပိ၊အာပြဲခြောက်၊ငါးရံ့ ခြောက်၊ဒညင်းသီး၊မုန့် ဟင်းခါးချက်ဖို့ ငါးဆီသတ်၊ဆန်လှော်မှုန့် ၊ပဲမှုန့် ၊့ ပုဇွန်ချဉ်၊ပုဇွန်ချဉ်ကြော်၊ပုဇွန်ကြော်၊ငါးဆုပ်ကြော်၊ငါးကြော်တွေပါလာပါတယ်။မာတာမိခင်ရဲ့ ကျေးဇူးတွေပါ သားသမီးတွေတင်မက မြေးတွေထိ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်တတ်တဲ့ အမေ ကျန်းမာချမ်းသာစွာနဲ့ အသက်ရာကျော်ရှည်စေဖို့ အမြဲဆုတောင်းနေပါတယ်...
Read More...
Wednesday 14 October 2009
အာပူလျှာပူ
အာပူလျှာပူ
ရာသီဥတုက အေးနေပြီဆိုတော့ အချမ်းပြေ အာပူလျှာပူလေး ချက်သောက်ပါတယ်။
ငါးကို ဆား၊ဆနွင်းနယ်ပြီး ရေများများနဲ့  ပြုတ်လိုက်ပါတယ်။
အသားနူးသွားရင် ငါးကိုဆယ်ပြီး အရိုးနွှင်ပါတယ်။
အသားတွေကို ငါးပြုတ်အိုးထဲပြန်ထည့် တည်ထားပါတယ်။
ကြက်သွန်ဖြူကို ထောင်းပြီးထည့် ၊ပုဇွန်ငပိကိုလည်း ရေဖျော်ထည့်၊ပဒဲကောထည့်ပြီးကြာကြာလေးတည်ထားလိုက်ပါတယ်။
ဟင်းရည်ကျလာပြီဆိုမှ အပေါ့အငံမြည်းပြီး ငရုပ်ကောင်းလေးခတ်လိုက်ပါတယ်။
ဒါဆိုရင် အာပူလျှာပူသောက်ဖို့ ဟင်းရည်ရပါပြီ...
မုန့် ဖတ်အတွက်တော့ ဒီမှာရတဲ့ မြူစွမ်တစ်မျိုးကို ရေနွေးဖျောလိုက်ပါတယ်။
မုန့် ဟင်းခါးဖတ်နဲ့ တော်တော်လေးတူပါတယ်။
အဆာပလာတွေအတွက်တော့... ကြက်သွန်ဖြူ ဆီချက်လေးချက်ပါတယ်။
ငရုပ်သီးစိမ်းကိုစက်နဲ့  ကြိတ်ပြီး ပြုတ်လိုက်ပါတယ်။
မကျီးသီးကို ရေနွေးလေးနဲ့ ဖျော်ထားပါတယ်။
ကြက်ဥကို ပြုတ်ပြီး လှီးထားပါတယ်။
နံနံပင် မရှိလို့ နံနံပင် အစား ကြက်သွန်မြိတ်ကိုလှီးထားပါတယ်။
အားလုံးပြီးပြီဆိုရင်တော့ အာပူလျှာပူသောက်ဖို့ အဆင်သင့်ဖြစ်ပါပြီ...
ကြိုက်သလို ထည့်ပြီးသောက်နော်....
မုန့် ဖတ်
ဟင်းရည်
ကြက်ဥပြုတ်
ငရုပ်သီးစိမ်း၊ဆီချက်၊မကျီးရည်၊ငံပြာရည်
ကြက်သွန်မြိတ်
အစပ်ပြေရေနွေးသောက်နော်
Read More...
Sunday 11 October 2009
သခွားသီးသုပ်
သခွားသီးသုပ်
မြန်မာပြည်မှာတော့ သခွားသီးအကြီးကြီးကို ထက်ခြမ်းခြမ်း အစေ့တွေဖယ် ဂျစ်နဲ့ ခြစ်ပြီး သုပ်ပါတယ်။
ဒီမှာတော့ သခွားသီးသေးသေးလေးတွေဘဲ ရှိပါတယ်၊သခွားသီးလေးတွေက စားလို့ တော့ တော်တော်ကောင်းပါတယ်။
အစေ့လေးတွေတည်ရုံလေးနဲ့ ကျွတ်ကျွတ်ချိုချိုလေးပါ။
သုပ်စားချင်လာတာတာနဲ့ သခွားသီးလေးတွေကို အခွံခွာပြီး အချောင်းလေးတွေ ရအောင်လှီးလိုက်ပါတယ်။
ကြက်သွန်နီကို လှီးပြီး ရေဆေး ထားပါတယ်။
ငရုပ်သီးစိမ်းလေးတွေလည်း ပါးပါးလှီးထားပါတယ်။
မြေပဲလှော်ကိုတော့ လေးစိတ်ကွဲလေးထောင်းထားပါတယ်။
စားတော့မယ်ဆိုရင် လှီးထားတဲ့ သခွားသီး၊ကြက်သွန်နီ၊ငရုပ်သီးစိမ်းထည့်၊ထောင်းထားတဲ့မြေပဲလှော်ထည့်၊ပုဇွန်ခြောက်၊ငံပြာရည်၊အချိုမှုန့် ထည့်၊သံပုရာရည်လေးညှစ်ပြီး နယ်စားလိုက်ပါတယ်။
ပင်စိမ်းရွက်လေးရှိရင်တော့ ထည့်သုပ်လိုက်ရင် ပိုပြီးပြည့်စုံသွားမှာပါ၊
Read More...
Thursday 8 October 2009
ငါးငရုပ်သီးစိမ်းချက်
ငါးငရုပ်သီးစိမ်းချက် 
ငါးကို ဆား၊ဆနွင်း၊ငံပြာရည်တို့ နဲ့ အရင်ဆုံးနယ်ထားပါတယ်။
ကြက်သွန်ဖြူကို မညက်တညက်လေး ထောင်းထားပါတယ်။
ကြက်သွန်နီနဲ့  ငရုပ်သီးစိမ်းကိုလည်း လှီးထားပါတယ်။
အိုးထဲကို ဆီပါလေကာထည့်ပြီးတည်ပါတယ်။
ဆီပူလာရင် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုထည့်လိုက်ပါတယ်။
ကြက်သွန်တွေ နွမ်းသွားရင် ငါးထည့်၊ရေနည်းနည်းထည့်ပြီးတည်ပါတယ်။
ရေခမ်းသွားရင်တော့ ငါးဟင်းကိုအရည်လေးနဲ့ ချက်မှာမို့ ရေများများလေးထည့်၊ငရုပ်သီးစိမ်းလေးထည့်ပြီးတည်ပါတယ်။
ရေတွေဆူလာပြီး ကိုယ်လိုသလောက်ရေကျန် ပြီ်ဆိုရင်စားလို့ ရပါပြီ။
ဒီဟင်းလေးကတော့  ပူပူလောလောနဲ့ စပ်စပ်လေးဆိုတော့ အေးတဲ့ရာသ်ီမှာချက်စားလို့ အဆင်ပြေပါတယ်ရှင်...
Type rest of the post here
Read More...
Friday 2 October 2009
ရေသရဲဟင်း(ရေဘဝဲဟင်း)
ရေသရဲဟင်း(ရေဘဝဲဟင်း)
ရေသရဲကို ဒီမှာတော့ အကောင်လိုက်တွေရောင်းတာလည်း ရှိပါတယ်။
အကောင်လိုက်ဝယ်မယ်ဆိုရင် မကုန်နိုင်တာက တစ်ကြောင်း၊ဈေးကြီးတာက တစ်ကြောင်း၊
ပျော့စိစိနဲ့ အူယားစရာဖြစ်နေတာက တစ်ကြောင်း.......
အကြောင်းအမျိုးမျိုးနဲ့  လက်တံတစ်ခုရဲ့ ထိပ်ဖျားပိုင်းလေးကို ဝယ်လာခဲ့တာပါ။
အဲဒါလေးကိုတောင် ယန်း၆၆၀ ပေးရပါတယ်၊မြန်မာငွေနဲ့ ဆိုရင် ၇၀၀၀လောက်ကျမှာပေါ့ ။
ဒီမှာပစ္စည်းအားလုံးက ဈေးကြီးတယ်လေ၊စဉ်းစားမိရင် စားချင်စရာတောင်မကောင်းတော့ပါဘူး။
ကျွန်မရဲ့ အမျိုးသားက ခြေလေးချောင်းသားမစားလေတော့ ကြက်သား၊ကြက်ဥနဲ့ seafoodတွေဘဲ ချက်စားရတယ်လေ။
ကြက်သားနဲ့ ကြက်ဥကဈေးသက်သာတော့ ခဏခဏချက်စားဖြစ်တယ်လေ။
ရေသရဲကတော့ သူ့ အကြိုက်ပေမဲ့ တစ်ခါတစ်ရံလေးမှ ချက်ကျွေးတာပေါ့ နော်...
ပထမဆုံး ရေဆေးပြီး လှီးလိုက်ပါတယ်၊ပြီးရင်တော့ ဆား၊ဆနွင်း၊အချိုမှုန့် တို့ နဲ့ နယ်ထားလိုက်ပါတယ်။
ဂျင်း၊စပါးလင်တို့ ကို ထောင်းထားပါတယ်။
ကြက်သွန်ဖြူ၊နီနဲ့ ငရုပ်သီးကို ရောထောင်းထားလိုက်ပါတယ်။
ဆီအိုးတည်ပြီး ငရုပ်သီးဆီသတ်ပါတယ်။
ငရုပ်သီးဆီသတ်ကျက်ရင်တော့ ရေသရဲထည့်၊ဂျင်း၊စပါးလင်ထည့်၊ရေနည်းနည်းထည့်ပြီး တည်ထားပါတယ်။
ရေခမ်းသွားရင် ရေနည်းနည်းထပ်ထည့်ပြီးတည်ပါတယ်။
 ဆီပျံကာနီးလေးမှာတော့ မဆလာလေးခတ်ပြီးသုံးဆောင်နိုင်ပါတယ်ရှင်.
သုံးဆောင်သွားကြပါဦးရှင်....
Read More...