ပဲကျွတ်ကျွတ်ကြော်
ဒီနှစ်ရက်အတွင်းမှာ နှင်းတွေကျလာတာကြောင့် အပူချိန်က ၀ံC ကိုရောက်သွားပါတယ်။လမ်းပေါ်မှာတော့ ရေနွေးရေပန်းတွေလွှတ်ထားပေမဲ့ နှင်းကျလွန်းလို့ မနိုင်တာကြောင့် နှင်းတွေကို ဂေါ်ထိုးတဲ့ကားနဲ့ ရှင်းပေးပါတယ်။နှင်းအထူက ရင်စို့ အထိရောက်ပါတယ်...
အအေးကြောက်တဲ့အတွက် အပြင်ထွက်ပြီး ဈေးမဝယ်တော့ဘဲ အိမ်မှာဝယ်ထားပြီးသား ပဲကိုကြော်စားပါတယ်။ရန်ကုန်မှာတော့ ပဲရေဖွလို့ ခေါ်တဲ့ စွန်တာနီပဲကိုကြော်စားတဲ့ပုံစံမျိုးလေးကြော်ပါတယ်...
ပဲကို ၂၄နာရီလောက် ရေစိမ်ထားပြီး အခွံချွတ်ပါတယ်။ကြက်သွန်ဖြူနဲ့ ငရုပ်သီးကို ရောထောင်းထားပါတယ်။ကြက်သွန်နီကို ပါးပါးလှီးထားပါတယ်...
ဆီအိုးတည်ပြီး ပဲတွေကိုအရင်ဆုံးထည့်ကြော်ပါတယ်။ကျွတ်လာရင် ဆယ်ထားလိုက်ပြီး ကြက်သွန်နီထည့်ကြော်ပါတယ်။အရောင်နဲနဲဝါလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုပ်သီးကိုထည့်ပါတယ်။ဆားနဲ့ အချိုမှုန့် ထည့်ပါတယ်။ငရုပ်သီးဆီသတ်လေးမွှေးလာရင် ပုဇွန်ခြောက်မှုန့် ထည့် မွှေ၊ ကြော်ထားတဲ့ပဲထည့်မွှေပြီးရင်တော့ ပဲကြော်ကျွတ်ကျွတ်မွှေးမွှေးလေးရပါပြီ...
Penang Bridge
-
မနက် ၈ နာရီ Genting သို့ကားထွက်မည်ဖြစ်သည်မနိုးမှာ စိုးရီမ်သည်. ဟော်တယ်ကို
နှိုးခိုင်းသည် ဖဘကို အကူအညီအတောင်းသည် အလန်းပေးသည် နောက်ဆုံးနိုးသွားသည်။
...
2 hours ago

