Sunday 24 January 2010
Cake
Blog ကိုလာလည်တဲ့သူငယ်ချင်းတွေအတွက်ဝယ်ထားတဲ့ Cake တွေ
အားပေးသွားကြပါဦး...........................
Read More...
Friday 15 January 2010
ဖက်ထုတ်ပေါင်း
ဖက်ထုတ်ပေါင်း
ဖက်ထုတ်ထုတ်ဖို့ အတွက်ဖက်ကိုတော့ super ကဝယ်ထားပါတယ်။ ကော်လေးနည်းနည်းလိုတာကြောင့် ကော်မှုန့် လေးနည်းနည်းကို ရေကျဲကျဲလေးနဲ့ကြိုထားပါတယ်။ဂျင်းနဲ့ကြက်သွန်ဖြူကိုကြိတ်ထားပါတယ်။ကြက်သားကြိတ်သားထဲကို ပဲငံပြာရည်အကြည်၊ ဆား၊အချိုမှုန့် ၊
တရုပ်မဆလာ့ ထည့်၊ကြိတ်ထားတဲ့ ဂျင်း၊ကြက်သွန်ဖြူ ထည့်ပြီး နယ်ထားပါတယ်။
ဂေါ်ဖီနဲ့ ကြက်သွန်နီကို သေးသေးလေးတွေလှီးပြီး ကြက်သားနဲ့ ရောနယ်လိုက်ရင်တော့
ဖက်ထုတ်ထုတ်ဖို့ အစာရသွားပါပြီ။
ဖက်ကလေးတွေခင်း အလယ်မှာ အစာလေးပုံပြီး ကော်နဲ့ ကပ်လိုက်ရင်တော့ ဖက်ထုတ်အစိမ်းလေးတွေရလာပါပြီ။
 ဖက်ထုတ်ကြော်စားချင်ရင်တော့ ဆီပူပူထဲ ထည့်ကြော်ရုံပါဘဲ။
ဒီနေ့ တော့ ဆီမစားချင်တာကြောင့် ပေါင်းလိုက်ပါတယ်...
အားပေးသွားကြပါဦး.............
Read More...
Wednesday 13 January 2010
ဝယ်ထားဖြစ်တဲ့ဖိနပ်တွေ
ဝယ်ထားဖြစ်တဲ့ဖိနပ်တွေ
Read More...
Sunday 10 January 2010
ပုဇွန်အစိမ်းသုပ်
ပုဇွန်အစိမ်းသုပ်
ဘယ်နေရာကိုကြည့်ကြည့် နှင်းတွေဖွေးနေတာက ရန်ကုန်မှာ မတွေ့ ရတဲ့မြင်ကွင်းပေမဲ့
ကြာတော့ငြီးငွေ့ လာတယ်။အေးစက်စက်နဲ့  နှင်းတွေ တစ်ချိန်လုံးကျနေပြီး -3C ဖြစ်နေ
တာကြောင့် အသုပ်စပ်စပ်လေးနဲ့ ဟင်းခါးလေးသောက်ဖို့ စိတ်ကူးရသွားမိပါတယ်။
ပုဇွန်ကို အခွံခွာ သံပုရာရည်ညှစ်ပြီး နေ့ ဝက်လောက် နှပ်ထားလိုက်ပါတယ်။
ကြက်သွန်နီပါးပါးလှီးပြီး ရေဆေးထားပါတယ်။ငရုပ်သီးစိမ်းကိုလည်း ပါးပါးလှီးထားပါတယ်။ပုဇွန်ကိုတော့ ရေတွေညှစ်ပြီး အနေတော်လေးတွေ လှီးထားပါတယ်။
စားတော့မယ်ဆိုရင်တော့ အချိုမှုန့် ၊ငံပြာရည်၊ငရုပ်သီးအကျက်မှုန့် သင့်တော်ရုံထည့်၊သံပုရာရည်လေးညှစ်ပြီးနယ်လိုက်ရုံပါဘဲ...
ဒါကတော့ ပုဇွန်သုပ်နဲ့ တွဲစားဖို့  ဟင်းခါးလေးပါ။ပဲပြား၊ကြာဇံ၊ဂေါ်ဖီတို့ နဲ့ ချက်ထားပါတယ်...
Read More...
Wednesday 6 January 2010
Big Sale
ဒီနှစ်သစ်ကိုတော့ New Year Big Sale နဲ့ ဘဲစလိုက်တယ်နော်။ညီမလေးတစ်ယောက်က Online မှာ ဈေး တွေ ချနေတယ်ယူမလားဆိုပြီးမှာပေးတာနဲ့ ဝယ်ဖြစ်သွားတာပါ။အောက်က Box တစ်ခုမှာအထည် ၅ ထည် ပါပြီးရွေးလို့ မရပါ။ကိုယ့်ဆီရောက်မှဘာတွေပါလည်းသိရတာပါ။အနွေးထည် ၁ ထည် နဲ့ ကျန်အထူအ ပါးစုံ ၄ ထည်ပေါ့နော်။ဘီဘယ်တွေ စီလွန်တွေ ရောပါပါတယ်။ပုံမှန်ချိန်မှာ Box ၁ ခုကို Yen 10000 ပါ။ခု Sale မှာတော့ Yen 1000 ပါ။တစ်ကယ့်ကိုစုပုံရှင်းပါ။:D
 1 Box = 1,000 Yen
၁                                                      ၂
၃                                                    ၎
၅                                                     ၆
၇                                                 ၈        
၉                                               ၁၀
၁၁                                            ၁၂
 ၁၃                                          ၁၄
 ၁၅                                                ၁၆
၁ ထည်ကို ယန်း၂၀၀ ဘဲ ကျတော့တာပေါ့နော်။မြန်မာ ၂၃၀၀ကျပ် ဝန်းကျင်လောက်ပေါ့.၃ .၅.. ၆. တို့ 
နဲ့ တင်တန်နေပါပြီနော်။မှာထားတာတွေရောက် လာတော့စုပြီး ဖေါက်ကြည့်ကြတယ်..ကိုယ်ဘာပါ
မလဲ သူဘာပါမလဲပေါ့နော်။တန်တယ်လို့ ဆုံးဖြတ်ကျပြီး မှာပေးတဲ့ညီမလေး ကိုထပ်မှာခိုင်းလိုက်
တယ်...ဒုတိယအ ခေါက်မှာပိုကောင်းတာလေးတွေပါတယ် ၁၃..၁၆ ..ဆိုအရမ်းကြိုက်တာဘဲ......
တန်ပါတယ်နော်...
ခုတစ်ခေါက်မှသူငယ်ချင်းတစ်ချို့ ကကြိုက်ကျလို့ ထပ်မှာခိုင်းတော့ ကုန်သွားပြီတဲ့.......
 Golden Week Sale ကျရင်တော့ ဈေးပိုချမလားမသိ...  :P
Read More...