ဟင်းထုပ်
ကြက်သွန်မြိတ်နဲ့ ကြက်သားရှိနေတာကြောင့် ဟင်းထုပ်လုပ်စားဖြစ်ပါတယ်။ဆန်မှုန့် ကိုရေလေးနဲ့ ဖျော်ထား၊ကြက်သားကိုသေးသေးလှီးပြီးဆား၊ငံပြာရည်နယ်ထား၊ကြက်သွန်မြိတ်ကိုလည်းပါးပါးလှီးထားပါတယ်။
ပြီးရင်တော့အရသာအတွက်ဆားလေးနဲနဲထည့်ပြီး အားလုံးကို ရောနယ်လိုက်ပါတယ်။ငှက်ပျောရွက်မရှိတာကြောင့် ပလပ်စတစ်နဲ့ ထုပ်လိုက်ပါတယ်။ ထုပ်ပြီးရင်တော့ ပေါင်းလို့ ရပါပြီ။စားမယ်ဆိုမှ ဆီချက်လေးဆမ်းလိုက်ပါတယ်။ဆီချက်ဆမ်းထားတဲ့ ပုံကိုမေ့လို့  ဓါတ်ပုံ့ မရိုက်ဖြစ်လိုက်ဘူး...
Friday, 27 November 2009
ဟင်းထုပ်
Labels:
cooking
Sunday, 22 November 2009
သူ့ အကြိုက်
သူ့ အကြိုက်
ဒီနေ့ တော့သူ့ အကြိုက်လေးတွေလုပ်ကျွေးဖြစ်တယ်...အိမ်ထောင်သက်နှစ်ပတ်လည်နေ့ မှာ
မအားတာမို့ လေ..ဘာစားချင်လဲဘယ်သွားမလဲသူ့ ကိုမေးတော့ (ဒီကအပြင်သွားစားမယ်မှတ်တာ)
သူကပွဲဈေးတွေမှာ ရောင်းတဲ့အကြော်ပူပူလေးမျိုး ကိုထမင်းပူပူလေးနဲ့ စားချင်တာတဲ့လေ..
လုပ်ပုံ..ဒီတော့လဲလုပ်တက်သလိုပေါ့နော်..
အရွက်ကြော်၊အာလူးကြော်၊ပိန်းဥအပြားကြော် နဲ့ ရှားရှားပါးပါးရတဲ့ဂေါရခါးသီးကြော်
ငါးကြော်
လဘက်သုပ်
အချိုပွဲ- အုန်းထန်းလျက်
ရေနွေးကြမ်း
Labels:
cooking
Thursday, 12 November 2009
ငါးဆီပြန်
ငါးဆီပြန်
ဂျပန်မှာ အမြဲလိုလို ပင်လယ်ငါးတွေဘဲ တွေ့ ရတတ်ပါတယ်။ပင်လယ်ငါးတွေရဲ့  အနံ့ ကမြစ်ငါးရဲ့ အနံ့ နဲ့ မတူပါဘူး။ကိုယ်တွေက ရေချိုငါး စားနေကြမို့  လားမသိ ပင်လယ်ငါးရဲ့ အနံ့ ကို မကြိုက်ပါဘူး။
ဒါပေမဲ့လည်း မရှိတော့ရှိတာစားရတော့တာပေါ့နော်။ဒီတစ်ခါတော့ မြစ်ငါးကလေးရလာတာနဲ့ ဆီပြန်ခြောက်ခြောက်လေးချက်စားပါတယ်။ငါးရဲ့ ပုံစံက ငါးကြင်းလုံးနဲ့ တူပါတယ်။
ငါးကို အကြေးထိုး၊ခေါင်းဖြတ်၊ဗိုက်ခွဲ၊ရေအထပ်ထပ်ဆေးပြီးမှ တစ်ဖက်ကို သုံးချက်စီ မွှန်းလိုက်ပါတယ်။ပြီးတော့ ဆား၊ဆနွင်း၊ငံပြာရည်၊အချိုမှုန့် နဲ့ နယ်ထားပါတယ်။
ကြက်သွန်ဖြူ၊နီ၊ငရုပ်သီးတို့ ကို ရောထောင်းထားပါတယ်။ဂျင်းလေးလည်းနည်းနည်းထောင်းထားပါတယ်။
ဆီအိုးတည်ထားပြီး ဆီပူလာရင် ငရုပ်သီးဆီသတ်ပါတယ်။ငရုပ်သီးကျက်သွားရင်တော့ ငါး၊ဂျင်း၊ရေအနည်းငယ်ထည့် အိုးအဖုံးပိတ်ပြီး တည်ထားပါတယ်။
ရေခမ်းသွားရင်တော့ ရေနည်းနည်းထပ်ထည့် အိုးအဖုံးဖွင့်ပြီး တည်ပါတယ်။ဆီပြန်ပြီး ခြောက်သွားရင် ငါးဆီပြန်မွှေးမွှေးလေးရပါပြီ...

Saturday, 7 November 2009
ဂျပန်မီးနင်းပွဲ
ဂျပန်မီးနင်းပွဲ
အောက်တိုဘာ ၂၀ ရက်နေ့ ကဒီဒေသရဲ့ အထင်ကရမီးနင်းပွဲကိုရောက်ခဲ့ပါတယ်။
ရှင်တိုဘာသာရေးယုံကြည်မှုပွဲတော်ပါ၊ပွဲဈေးတန်းတွေပါဝင်ပြီးရွာဘုရားပွဲကိုသတိရ
မိစေပါတယ်၊ကျေးလက်ဒေသပုံစံလေးကနိုင်ငံတိုင်းမှာတူညီသလိုပါဘဲ။ဂျပန်မှာဘာ
သာရေးအားနည်းနေပြီဆိုပေမဲ့ဒီပွဲကိုလာသူတွေကတော့ တကယ့်ကိုယုံယုံကြည်ကြည်
ပါ။မြန်မာပြည်ကကုလားမီးနင်းပွဲနဲ့ တော့သိပ်မတူသလိုပါဘဲ၊ရှေးခေတ်ဝတ်စုံတွေဝတ်ပြီး
မြန်မာမှာ ဝန်းခင်းသလိုပါ။အတွေ့ အကြုံသစ်တခုပေါ့နော်.....
Hakkai-San Shrine,Ohsaki region of Niigata Prefecture
ပွဲတော်လာရောက်ကြသူများ
ပွဲတော်လာရောက်ကြသူများ
ရိုးရာဝတ်စုံဝတ်ပွဲတော်လာမိန်းခလေးများ
အခမ်းအနားစပြီ
အခမ်းအနားစပြီ
ခရုသင်းမှုတ်နေသူ
မီးနင်းတော့မယ်
မီးတောက်မီးလျှံ
စနင်းပြီ
ယုံယုံကြည်ကြည်
ယုံယုံကြည်ကြည်
ပွဲဈေးတန်း
ပြောင်းဖူးဆိုင်လေး
Labels:
Travels
Sunday, 1 November 2009
ပုဇွန်ချဉ်သုပ်
ပုဇွန်ချဉ်သုပ်
ပုဇွန်ချဉ်သုပ်လေးနဲ့ ကြွားလိုက်မယ်နော်။မေမေ့ရဲ့ မျက်နှာနဲ့ မေမေ့အသိ တစ်ယောက်က ကိုယ်တိုင် အချဉ်တည်ပြီးပေးလိုက်တာပါ။
ဈေးကဝယ်တဲ့ပုဇွန်ချဉ်ဆိုရင် ပုဇွန်ကို ခေါင်းတွေအမြီးတွေမချိုးထားပါဘူး။ ပုဇွန်ကနည်းနည်းထမင်းတွေအများကြီးနဲ့  အပြင်အထားခံအောင်လို့ ဆားများများထည့်ထားတဲ့အတွက် ဆားလည်းငံပါတယ်။
အခုပုဇွန်ချဉ်ကတော့ ခေါင်းချိုးရုံမက အခွံပါခွာပြီးထားတာမို့ ဆားပေါ့ပေါ့လေးနဲ့ အသားချဉ်လေးအတိုင်းပါဘဲ။
နောက်တစ်ခုကတော့ လတ်လတ်ဆတ်ဆတ်ဖြစ်တဲ့အတွက် ကြာကြာအထားခံပါတယ်။
ပုဇွန်ချဉ်သုပ်ရင် ကြက်သွန်များများနဲ့ ကြိုက်လို့ ကြက်သွန်များများထည့်သုပ်ပါတယ်။
နံနံပင်လေးရှိရင်တော့ အရမ်းကောင်းမှာပါ၊ အခုတော့နံနံပင် မရှိတဲ့အတွက် ကြက်သွန်နီနဲ့ ငရုပ်သီးစိမ်းလေးနဲ့ ဘဲ ကျေနပ်လိုက်ရပါတယ်။
Labels:
cooking
Subscribe to:
Posts (Atom)