Wednesday 24 February 2010

နှင်းပွဲတော် Video

Tokamachi Snow Festival မှာရိုက်ခဲ့တာလေ..Editing by moe moe ပေါ့ တုန်ခြင်း..မှုန်ခြင်းသည်းခံပါ






Read More...

Monday 22 February 2010

SNOW FESTIVAL

၂၀.၂.၁၀(စနေနေ့ )က Tokamachiမြို့ မှာကျင်းပတဲ့ snow festivalကို ရောက်ခဲ့ပါတယ်။Tokamachiမြို့ကလေးကို တောင်တက်လမ်းကလေးတွေနဲ့ ကွေ့ ကာဝိုက်ကာသွားရပြီး နှင်းတောင်တွေပေါ်က ရှုခင်းအလှကို ခံစားခဲ့ရပါတယ်။




 မြို့ အဝင်ကို ရောက်တာနဲ့ နှင်းရုပ်ထုကြီးတွေနဲ့ ကြိုဆိုလိုက်ပါတယ်။ ကိုယ့်ရဲ့ အိမ်ရှေ့၊ဆိုင်ရှေ့တွေမှာလည်း နှစ်သက်ရာ အရုပ်လေးတွေ လုပ်ထားကြပါတယ်။
 
 Garfield
 Snowman
 Traditional Tea Ceremony

Tokamachi High School ကွင်းထဲမှာတော့ ကလေးတွေလျှောစီးဖို့  နှင်းတောင်တစ်ခု၊စားသောက်ဆိုင်တန်းတွေ၊Snowman ၊Garfieldအရုပ်၊ဂျပန်နပန်းသမားအရုပ်စတာတွေအပြင် ဂျပန်ရိုးရာဝတ်စုံတွေနဲ့ ရိုးရာ တူရိယာတီးပြီးဖျော်ဖြေနေတဲ့Tea Ceremonyနဲ့ လည်းဧည့်သည်အားလုံးကို ဧည့်ခံပါတယ်။
ဖျော်ဖြေရေးစင်မြင့်ကိုတော့တောင်ပေါ်လမ်းလေးအတိုင်းလမ်းလျှောက်ပြီးတက်သွားရပါတယ်။
တောင်တက်လမ်းတလျှောက်လုံးမှာတော့ ဘယ်ဖက်ခြမ်းကိုလေးထောင့်ကွက် လေးတွေထွင်းပြီးပန်းခြင်းလေးတွေနဲ့ ဖယောင်းတိုင်လေးတွေ ထွန်းထားတဲ့ နှင်းတံတိုင်းကြီးနဲ့ ကာ ရံထားပါတယ်။





 ဖျော်ဖြေရေးစင်မြင့်ကိုတော့ ကြိုးကြာငှက်ပုံစံလုပ်ထားပါတယ်။၆နာရီမှာအခမ်းအနား စပြီးသီချင်းတွေနဲ့ ဖျော်ဖြေပါတယ်။၇နာရီခွဲလို့ အခမ်းအနားအပြီးမှာတော့မီးပန်းတွေ ပစ်ဖေါက်ပြီး အခမ်းအနားကိုအဆုံးသတ်လိုက်ပါတယ်။ဒီဒေသရဲ့  ထင်ရှားတဲ့ပွဲလေးတစ်ခုပေါ့နော်....



Read More...

Friday 19 February 2010

ကြက်သားပုန်းရည်ကြီး


ကြက်သားပုန်းရည်ကြီး

ကြက်သားကို အနေတော်အရွယ်လေးတွေလှီးပြီး ဆား၊ဆနွင်း၊ငံပြာရည်၊အချိုမှုန့် တို့ နဲ့ နယ်ထား ပါတယ်။ကြက်သွန်နီကို ပါးပါးလှီးထားပါတယ်။ကြက်သွန်ဖြူကိုတော့ မညက်တညက်လေး ထောင်းထားပါတယ်။
ချက်မဲ့အိုးထဲကို ဆီနည်းနည်းထည့်တည်ထားပြီး ဆီပူလာရင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကိုထည့်ပါတယ်။ကြက်သွန်တွေ ဝါရောင်သမ်းလာရင်တော့ ကြက်သားထည့်၊ရေနည်းနည်းထည့်ပြီး တည်ထားပါတယ်။
ဆီပျံလာရင်တော့ ရေနည်းနည်းထပ်ထည့်ပြီး တည်ထားပါတယ်။ရေဆူလာရင် ပုန်းရည်ကြီးထည့်ပြီး မွှေပေးပါတယ်။ခဏကြာရင်တော့ ဟင်းရည် အပျစ်အကြဲ ကိုယ့်စိတ်ကြိုက်ရတဲ့အချိန်မှာ အပေါ့အငံမြည်းပြီး စားလို့ ရပါပြီ...

Read More...

Wednesday 17 February 2010

ငပိရည် နဲ့ တို့ စရာ

ငပိရည် ကတော့ Online ကဝယ်တဲ့ ယိုးဒယားဘူး ပါ..အင်းစိန်ဈေးကြီးထဲက
ငပိလိုတော့မကောင်းဘူးပေါ့ .ဒါပေမဲ့အာသာပြေလေးပေါ့နော်...တို့ စရာကတော့
ခရမ်းချဉ်သီး နဲ့ မုန်ညှင်းလိုအရွက်ပြုတ်လေးပါ..


အစာပိတ် ကော်ပြန်. နဲ့  ရေနွေးပါသောက်သွားနော်..

Read More...

Monday 1 February 2010

Okinawa Rice

Okinawa Rice
သူငယ်ချင်းတစ်ယောက် လာချက်ကျွေးလို့  မှတ်တမ်းတင်ထားလိုက်တာပါ။
ဒါတွေကတော့ ထည့်စားဖို့ အတွက် အဆာပလာတွေပေါ့...





ပထမဆုံး ဒယ်ထဲကို ဆီနည်းနည်းထည့်၊ကြက်သားကြိတ်သားထည့်၊ဆားနည်းနည်းထည့်ပြီး တည်ထားပါတယ်။ကြက်သားကထွက်လာတဲ့ရေ ခမ်းသွားတော့မှ ရေနည်းနည်းထည့်ပါတယ်။ရေခမ်းကာနီးအချိန်မှာ Taco Seasoning Mix ကိုထည့်၊ခဏမွှေပေးလိုက်ရင် ကြက်သားဟင်းရပါပြီ...

စားတော့မယ်ဆိုရင်တော့ ထမင်းပူပူထဲကို တစ်မျိုးပြီးတစ်မျိုးထည့်ပြီး စားရပါတယ်...

ထမင်းပေါ် Cheese ဖြူး
ကြက်သားဟင်း ထည့်။ဟင်းအပူကြောင့် Cheese တွေပျှော်ကျအောင်Cheese ကိုအရင်ထည့်ရတာပါ

ဆလပ်ရွက်ထည့်
ဒိန်ချဉ်ထည့်
Salsa ထည့်
အာလူးကြော်ထည့်ပြီးရင်စားလို့ ရပြီနော်
အားပေးသွားကြပါဦးနော်

Read More...