သူ့ အကြိုက်
ဒီနေ့ တော့သူ့ အကြိုက်လေးတွေလုပ်ကျွေးဖြစ်တယ်...အိမ်ထောင်သက်နှစ်ပတ်လည်နေ့ မှာ
မအားတာမို့ လေ..ဘာစားချင်လဲဘယ်သွားမလဲသူ့ ကိုမေးတော့ (ဒီကအပြင်သွားစားမယ်မှတ်တာ)
သူကပွဲဈေးတွေမှာ ရောင်းတဲ့အကြော်ပူပူလေးမျိုး ကိုထမင်းပူပူလေးနဲ့ စားချင်တာတဲ့လေ..
လုပ်ပုံ..ဒီတော့လဲလုပ်တက်သလိုပေါ့နော်..
အရွက်ကြော်၊အာလူးကြော်၊ပိန်းဥအပြားကြော် နဲ့ ရှားရှားပါးပါးရတဲ့ဂေါရခါးသီးကြော်
ငါးကြော်
လဘက်သုပ်
အချိုပွဲ- အုန်းထန်းလျက်
ရေနွေးကြမ်း
3 comments:
အဟီ ပထမဆုံးစားရတာပွတာပဲနော်မမ
အကုန်စားသွားပါတယ်ရှင် အုန်းထန်းလျှက်ကလေ
ရုံလေးတခါမှစားဖူးဘူးသိလား
စားကောင်းလားဟင်မမ
ကြက်သွန်ကြော်အောက်မေ့တာ ဟုတ်ဖူးပေါ့နော်
သူ့အကြိုက်ကြော်ပေးထားတဲ့ထဲက ငါးကြော်လေး လာမြည်းသွားတယ်နော်
မင်္ဂလာပါ မိုးမိုး ရေ..
သူ့အကြိုက် တွေပဲ မလုပ်နဲ့လေ မိုးမိုးရဲ့။ ကိုမျိုးတို့ အညာကြိုက် ငါးပိဟင်းချက်နည်းလေး ဘာလေးလဲ လုပ်ပါအုံးဗျို့...
ခင်မင်စွာဖြင့်
ကိုမျိုး
Post a Comment