Friday 27 November 2009

ဟင်းထုပ်

ဟင်းထုပ်

ကြက်သွန်မြိတ်နဲ့ ကြက်သားရှိနေတာကြောင့် ဟင်းထုပ်လုပ်စားဖြစ်ပါတယ်။ဆန်မှုန့် ကိုရေလေးနဲ့ ဖျော်ထား၊ကြက်သားကိုသေးသေးလှီးပြီးဆား၊ငံပြာရည်နယ်ထား၊ကြက်သွန်မြိတ်ကိုလည်းပါးပါးလှီးထားပါတယ်။
ပြီးရင်တော့အရသာအတွက်ဆားလေးနဲနဲထည့်ပြီး အားလုံးကို ရောနယ်လိုက်ပါတယ်။ငှက်ပျောရွက်မရှိတာကြောင့် ပလပ်စတစ်နဲ့ ထုပ်လိုက်ပါတယ်။ ထုပ်ပြီးရင်တော့ ပေါင်းလို့ ရပါပြီ။စားမယ်ဆိုမှ ဆီချက်လေးဆမ်းလိုက်ပါတယ်။ဆီချက်ဆမ်းထားတဲ့ ပုံကိုမေ့လို့  ဓါတ်ပုံ့ မရိုက်ဖြစ်လိုက်ဘူး...



11 comments:

ဆောင်း said...

ရိုးရိုးဆန်မှုန့် နဲ့ လုပ်တာလားဟင် သူငယ်ချင်းတယောက် က အကြော်ကြော်တဲ့ ဆန်နှစ်မှုန့် နဲ့ လုပ်တယ်ပြောလို့ 

စူးနွယ်လေး said...

ခုမှ ပလပ်စတစ်နဲ့ ထုပ်ဖို့အကြံရတယ်..ကျေးဇူးပဲ

Evy said...

ဟင်းထုပ်လုပ်နည်းလေးလာမှတ်သွားပါတယ်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ မိုးမိုးရေ..

ဟုတ်ပါရဲ့..အထက်က ဆောင်း မေးသလိုပဲ မေးရတော့မယ်.. ရိုးရိုးဆန်မှုန့်လား..အကြော်ကြော်တဲ့ ဆန်မှုန့်လားဟင်... ပြောပြအုံးနော် မိုးမိုး...


ကျေးဇူးတင်စွာဖြင့်
ကိုမျိုး

Sandakuu said...

လုပ်စားကြည့်အုံးမယ်..
အရမ်းကြိုက်တယ်..
ထုပ်စရာဖက်မရှိလို့.. အခုတော့အကြံရပီမိုး..
ကျေးဇူး

Anonymous said...

ဟီ ဟီ ပွတာပဲသိလာ...မမ
မနေ့ ကပဲအိမ်မှာ ငပေါင်းထုပ်လေးလုပ်စားဖြစ်တယ်
မလောက်ဖူးသိလား မမဆီကပြန်လာစားတာသိလား
ပလပ်စတစ်နဲ့လည်းရတယ်ပေါ့လေ
လုပ်ကြည့်အုံးမှ ဒီမှာကလေ ငှက်ပြေားရွက်ရတယ်
ဈေးတော့နည်းနည်းကြီးတယ် ရွက်အကြီးတရွက်စာကို
$ ၅ လောက်ပေးရတယ် ပလပ်စတစ်နဲပဆိုတော့ မိုက်တာပေါ့ ပိုက်ပိုက် ကုန်တော့ဖူးပေါ့
ကျေးဇးနော်...မမ

moemoestar said...

ဆောင်း၊စူးနွယ်လေး၊Evy၊ကိုမျိုး၊ကူးကူး၊ရုံလေး
လာလည်တာကျေးဇူးပါနော်...
အကြော်ကြော်တဲ့ဆန်မှုန့် နဲ့ လုပ်ပါတယ်
ရိုးရိုးဆန်မှုန့် နဲ့ လုပ်လည်းရပါတယ်
အကြော်ကြော်တဲ့ဆန်မှုန့် နဲ့ က စေးစေး(စီးစီး)လေး
ဖြစ်တာပေါ့နော်...
ငှက်ပျောရွက်နဲ့ ဆိုရင်ငှက်ပျောဖက်နံ့ မွှေးမွှေးလေးနဲ့ပိုပြီးစားကောင်းပါတယ်...

nu-san said...

မမိုးပြောသလို ဟင်းထုပ် လုပ်စားကြည့်ဦးမယ်... ဒီမှာတော့ ထိုင်းဆိုင်မှာ တခါတလေ ငှက်ပျောဖက်ရတတ်တယ်... ပလပ်စတစ်နဲ့ အရင်စမ်းထုပ်ကြည့်ဦးမယ်.. :D

Shinlay said...

လုပ်ကြည့်ပါတယ်။ အဆင်ပြေပါတယ်။
ကြိုက်လည်းကြိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။

subuueain said...

ဟင်းထုတ်ကြိုက်တယ် :-)

နေ့အိပ်မက် said...

ပုံကြည်ပြီး တအားစားချင်သွားလို့ အိမ်ကအစ်မနဲ့ လုပ်နေပြီမမရေ.. ဘယ်လိုထွက်လာမလဲတော့မသိဘူး :P