Sunday 20 December 2009

ပဲကျွတ်ကျွတ်ကြော်

ပဲကျွတ်ကျွတ်ကြော်

ဒီနှစ်ရက်အတွင်းမှာ နှင်းတွေကျလာတာကြောင့် အပူချိန်က ၀ံC ကိုရောက်သွားပါတယ်။လမ်းပေါ်မှာတော့ ရေနွေးရေပန်းတွေလွှတ်ထားပေမဲ့ နှင်းကျလွန်းလို့ မနိုင်တာကြောင့် နှင်းတွေကို ဂေါ်ထိုးတဲ့ကားနဲ့ ရှင်းပေးပါတယ်။နှင်းအထူက ရင်စို့ အထိရောက်ပါတယ်...
အအေးကြောက်တဲ့အတွက် အပြင်ထွက်ပြီး ဈေးမဝယ်တော့ဘဲ အိမ်မှာဝယ်ထားပြီးသား ပဲကိုကြော်စားပါတယ်။ရန်ကုန်မှာတော့ ပဲရေဖွလို့ ခေါ်တဲ့ စွန်တာနီပဲကိုကြော်စားတဲ့ပုံစံမျိုးလေးကြော်ပါတယ်...
ပဲကို ၂၄နာရီလောက် ရေစိမ်ထားပြီး အခွံချွတ်ပါတယ်။ကြက်သွန်ဖြူနဲ့ ငရုပ်သီးကို ရောထောင်းထားပါတယ်။ကြက်သွန်နီကို ပါးပါးလှီးထားပါတယ်...
ဆီအိုးတည်ပြီး ပဲတွေကိုအရင်ဆုံးထည့်ကြော်ပါတယ်။ကျွတ်လာရင် ဆယ်ထားလိုက်ပြီး ကြက်သွန်နီထည့်ကြော်ပါတယ်။အရောင်နဲနဲဝါလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုပ်သီးကိုထည့်ပါတယ်။ဆားနဲ့ အချိုမှုန့် ထည့်ပါတယ်။ငရုပ်သီးဆီသတ်လေးမွှေးလာရင် ပုဇွန်ခြောက်မှုန့် ထည့် မွှေ၊ ကြော်ထားတဲ့ပဲထည့်မွှေပြီးရင်တော့ ပဲကြော်ကျွတ်ကျွတ်မွှေးမွှေးလေးရပါပြီ...





 ဒီပဲက စွန်တာနီပဲထက်ပိုမွပြီး မြေပဲအရသာနဲ့ ဆင်ပါတယ်...





5 comments:

subuueain said...

ဟင်းကောင်းတယ်မမိုးရေ။ ပဲရေပွ လိုမျိုးကြော်တာ ကြိုက်တယ်။ :) နှင်းတွေအဲလောက်ကျနေတာ မမြင်ဖူးဘူး။

Anonymous said...

မိုက်တယ် မမစားကောင်းမဲ့ပုံဘဲနော်
လာသရေယိုတာလေ :P
ဒီမှာလည်းနှင်းတွေအရမ်းကျတာဘဲ
ဟိုတနေ့ကဆို -9ံ F ဖြစ်တယ်
၂တောင်လောကိုကျတာ

Shinlay said...

အမေ့အိမ်ကဟင်းတွေကိုလွမ်းလာပြီ။
ဒီမှာလည်း ဖွေးနေပြီ။ ဂျင်းပြုပ်ရည်သောက်နေတယ်။
အအေးဓါဏ်ခံနိုင်အောင်လို့ 

Anonymous said...

:(ဟင်..ဒီမှာလည်း နှင်းကျတဲ့နေရာက ဘ၀တူပါလား။
ပဲရေပွကြော်လေးနဲ့ ရေနွေးကြမ်းလေးဆို ရာသီအေးအေးမှာ အတော်ပဲနော်။
mm

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ မိုးမိုးရေ..

အခုလို ကြော်ထားတဲ့ ပဲမျိုးကိုတော့ ငယ်ငယ်တုန်းက ရွာမှာ မနက်တိုင်း စားနေကျပေါ့။ အခုတော့ ဒီပို့စ်လေးကို ဖတ်ပြီး အိမ်ကို လွမ်းလာတယ်။ အမေ ကြော်ပေးတဲ့ ပဲကြော်လေးတွေလဲ မစားရတာ ကြာပေါ့။
အရမ်းအေးနေပြီ ဖြစ်လို့ ကျန်းမာရေးကို ဂရုစိုက်ပါလို့ မှာကြားရင်း...

ခင်မင်စွာဖြင့်
ကိုမျိုး