ဝယ်ထားဖြစ်တဲ့ဖိနပ်တွေ
ဒီမှာ နွေရာသီစီးတဲ့ ဖိနပ်တွေကို ဆောင်းရာသီရောက်သွားတဲ့အတွက် ဈေးချတာကြောင့် ဝယ်ထားဖြစ်ပါတယ်။ဖိနပ်အားလုံးရဲ့ မူရင်းဈေးက ယန်း၂,၀၀၀ နဲ့ ယန်း၃,၀၀၀အထက်တွေချည်းပါဘဲ။အခု ဈေးချလိုက်တော့ ယန်း၂၀၀ နဲ့ ရတာကြောင့် ဖိနပ်တွေ ၉ရံတောင် ဝယ်ဖြစ်သွားပါတယ်။မြန်မာပြည်မှာလည်း ဖိနပ်တစ်ရံရဲ့ ဈေးက မနည်းဘူးဆိုတာကြောင့် အတော်ပါဘဲ။
" မင်း အားမငယ်နဲ့ မင်းနဲ့အတူငါရှိတယ် "
-
အနောက်က ဆင်ထိန်းက တကယ်တော့ ဆင်ကြီးကို တွန်းတင်နိုင်တဲ့ခွန်အားလည်းမရှိသလို
တွန်းတင်ပေးနေတာလည်းမဟုတ်ဘူး
နောက်မှာ သူ့လက်တင်ပြီး " မင်းအနောက်မှာ ငါရှိတယ်
အ...
2 years ago
6 comments:
အဲသမီးက ဖိနပ် ခရေဇီနော် ပေးမလား ဟင် ဟိဟိ
အောက်ဆုံးရဲ့အပေါ်က ဖိနပ်လေး ကြိုက်တယ်။ :)
စိမ်းပြာလေးနဲ့ ပန်းရောင်လေး စပ်ထားတဲ့ ဖိနပ်လေးကြိုက်တယ်။ ပူးတေလဲ ဖိနပ်ဝါသနာပါတယ်လေ။ :)
မင်္ဂလာပါ မိုးမိုး ရေ..
များလှချည်လား။ ဈေးကလဲ တော်တော် ချ လိုက်တာဘဲနော်။
ဖိနပ်စင်တော့ ကြိုးကျတော့မှာဘဲ။ :) :)..
ခင်မင်စွာဖြင့်
ကိုမျိုး
ဖိလစ်ပိုင်က သမ္မတ ကတော်ဟောင်းကို သတိရသွားတယ်
ဖိနပ်တွေလှသလို လူကလေးလှမယ်ထင်တယ်
မြင်ချင်လိုက်တာ
အောက်ဆုံးကဖိနပ်လေးလှတယ်။ စုဗူးအိမ်နဲ့အကြိုက်တူနေတယ်။ တစ်ယောက်တစ်ဖက်ခွဲယူရအောင်.း)
Post a Comment