Friday 19 February 2010

ကြက်သားပုန်းရည်ကြီး


ကြက်သားပုန်းရည်ကြီး

ကြက်သားကို အနေတော်အရွယ်လေးတွေလှီးပြီး ဆား၊ဆနွင်း၊ငံပြာရည်၊အချိုမှုန့် တို့ နဲ့ နယ်ထား ပါတယ်။ကြက်သွန်နီကို ပါးပါးလှီးထားပါတယ်။ကြက်သွန်ဖြူကိုတော့ မညက်တညက်လေး ထောင်းထားပါတယ်။
ချက်မဲ့အိုးထဲကို ဆီနည်းနည်းထည့်တည်ထားပြီး ဆီပူလာရင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကိုထည့်ပါတယ်။ကြက်သွန်တွေ ဝါရောင်သမ်းလာရင်တော့ ကြက်သားထည့်၊ရေနည်းနည်းထည့်ပြီး တည်ထားပါတယ်။
ဆီပျံလာရင်တော့ ရေနည်းနည်းထပ်ထည့်ပြီး တည်ထားပါတယ်။ရေဆူလာရင် ပုန်းရည်ကြီးထည့်ပြီး မွှေပေးပါတယ်။ခဏကြာရင်တော့ ဟင်းရည် အပျစ်အကြဲ ကိုယ့်စိတ်ကြိုက်ရတဲ့အချိန်မှာ အပေါ့အငံမြည်းပြီး စားလို့ ရပါပြီ...

3 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ မိုးမိုး..

ကြက်သား ပုန်းရည်ကြီးကိုတော့ မစားဘူးဘူး။ ၀က်သားနဲ့ ချက်ကြတာ များတယ် ထင်တယ်နော်။
ဝက်သားနဲ့ ချက်သလို ခပ်ပြစ်ပြစ်လေး ကြက်သားနဲ့ ချက်ထားရင် ပိုကောင်းမယ် ထင်တယ်။ စမ်းကြည့်အုံးမှ....

ခင်မင်စွာဖြင့်
ကိုမျိုး

စန္ဒကူး said...

မိုးရေ.. ကြက်သားပုန်းရည်ကြီးနဲ့ချက်တာတော့ မစားဖူးဘူး..ဒါပေမယ့် မမ၀ါ ဘလော့မှာတော့ ဘုန်းဘုန်းတွေကိုဆွမ်းလောင်းတာဝက်ပုန်းရည်ကြီး ချက်ဆိုဘဲ... ဒယ်အိုးကြီးနဲ့ကိုချက်နေတာ..း)
ကြက်သားနဲ့စမ်းကြည့်အုံးမယ်..

SHWE ZIN U said...

ပုန်းရည် ထဲကို လက်ပန်ခြောက် ခရမ်းသီးခြောက် စို နဲ့ ရောချက်ရင်လည်း စားလို့ကောင်းတာဘဲ