ခုတလောမချက်အားဘဲ အလည်အပတ်များနေပါတယ်။မတ်လ ၃ ရက်နေ့ ကဒီဒေသရဲ့ 
ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်တဲ့ Naked Men Festival ကိုရောက်ခဲ့ပါတယ်။သက်တမ်းနှစ်
၁၂၀၀ ရှိတဲ့ "Bishamon-do" temple မှာကျင်းပတာပါ။ဒီပွဲတော်ဟာ ဂျပန်ရဲ့ ထူးခြားတဲ့ 
ပွဲတော် ၃ ခုထည်းကတစ်ခုပါ။Naked Men ဆိုပေမဲ့ Half Naked ပါ :D ။ဆာကေမှီဝဲ 
ထား ဟန်ရှိတဲ့  Naked Men တွေဟာ ဧရာမဖယောင်းတိုင်ကြီးတွေကိုထမ်းပြီးလမ်းမကြီး 
မှာစောင့်နေကြပါတယ်။အချိန်ကျတော့မှ Bishamon Shrine ထဲဝင်ပြီး အုပ်စုလိုက်နတ်
ရုပ်ကြီးရှေ့ က ရေကန်ထဲဆင်းကိုယ်လက်သန့် စင်ဆုတောင်းပြီး ရင်တစ်ယောက်နဲ့ တစ်
ယောက် “sanyo sanyo” လို့ အော်ပြီး တိုးခွေ့ တွန်းထိုးနေကြတာပါ။ဒီပွဲတော်ဟာ
ကောက်ပဲသီးနှုံအထွက်ကောင်းအောင်၊အိမ်တွေလုံခြုံအေးချမ်းအောင်နဲ့ လမ်းခရီးသွား
တာဘေးကင်းအောင်ဆုတောင်းကြတာလို့ သိရပါတယ်။
  Temple အဝင်
"Bishamon-do" Temple Gate  
ဆာကေးနဲ့ စောင့်သူ
ဖယောင်းရည်လည်းမပူနိုင်တော့ပါ 
ဆုတောင်း
"Sanyo Sanyo"
 ဧရာမဖယောင်းတိုင်များ
 ထပ်ရောက်လာတဲ့အဖွဲ့ များ
ပွဲဈေးတန်းကတော့စိတ်ဝင်စားစရာပါ၊ဘယ်လောက်ဘဲတိုးတက်တက်ပွဲဈေးတန်း
သတိရမိပါတယ်...
  လာပါ..ဝယ်ပါ...
 လျက်ဆားလား ထီသည်လား
 ပွဲဈေးအစလူမစည်သေးခင်
 ကန်စွန်းဥ ဖုတ်
ပစ်လို့ ထိရင်ယူ
 ပန်းပင်တွေလည်းရတယ်နော်
 ငှက်ပျောသီးချောကလက်( Banana Choco)
 ဘာမုန့် (ဘာမှန်းမသိလို့  :P)
ခလေးတွေအကြိုက် Power Ranger
ဘယ်နိုင်ငံကမိဘမဆိုပွဲဈေးသွားရင်ကုန်ပြီမှတ်
Read
More... 
Summary
only...