Saturday 6 March 2010

Naked Men Festival

ခုတလောမချက်အားဘဲ အလည်အပတ်များနေပါတယ်။မတ်လ ၃ ရက်နေ့ ကဒီဒေသရဲ့ 
ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်တဲ့ Naked Men Festival ကိုရောက်ခဲ့ပါတယ်။သက်တမ်းနှစ်
၁၂၀၀ ရှိတဲ့ "Bishamon-do" temple မှာကျင်းပတာပါ။ဒီပွဲတော်ဟာ ဂျပန်ရဲ့ ထူးခြားတဲ့
ပွဲတော် ၃ ခုထည်းကတစ်ခုပါ။Naked Men ဆိုပေမဲ့ Half Naked ပါ :D ။ဆာကေမှီဝဲ
ထား ဟန်ရှိတဲ့ Naked Men တွေဟာ ဧရာမဖယောင်းတိုင်ကြီးတွေကိုထမ်းပြီးလမ်းမကြီး
မှာစောင့်နေကြပါတယ်။အချိန်ကျတော့မှBishamon Shrine ထဲဝင်ပြီး အုပ်စုလိုက်နတ်
ရုပ်ကြီးရှေ့ က ရေကန်ထဲဆင်းကိုယ်လက်သန့် စင်ဆုတောင်းပြီး ရင်တစ်ယောက်နဲ့ တစ်
ယောက် “sanyo sanyo” လို့ အော်ပြီး တိုးခွေ့ တွန်းထိုးနေကြတာပါ။ဒီပွဲတော်ဟာ
ကောက်ပဲသီးနှုံအထွက်ကောင်းအောင်၊အိမ်တွေလုံခြုံအေးချမ်းအောင်နဲ့ လမ်းခရီးသွား
တာဘေးကင်းအောင်ဆုတောင်းကြတာလို့ သိရပါတယ်။
Temple အဝင်
"Bishamon-do" Temple Gate
ဆာကေးနဲ့ စောင့်သူ
ဖယောင်းရည်လည်းမပူနိုင်တော့ပါ
ဆုတောင်း
"Sanyo Sanyo"
ဧရာမဖယောင်းတိုင်များ
ထပ်ရောက်လာတဲ့အဖွဲ့ များ
ပွဲဈေးတန်းကတော့စိတ်ဝင်စားစရာပါ၊ဘယ်လောက်ဘဲတိုးတက်တက်ပွဲဈေးတန်း
တွေကတော့ပုံစံတူတွေပါဘဲနော်ခလေးဘဝကအင်းစိန်လွတ်လပ်ရေးပွဲဈေးတန်းကိုပြန်
သတိရမိပါတယ်...
လာပါ..ဝယ်ပါ...
လျက်ဆားလား ထီသည်လား
ပွဲဈေးအစလူမစည်သေးခင်
ကန်စွန်းဥ ဖုတ်
ပစ်လို့ ထိရင်ယူ
ပန်းပင်တွေလည်းရတယ်နော်
ငှက်ပျောသီးချောကလက်( Banana Choco)
ဘာမုန့် (ဘာမှန်းမသိလို့  :P)
ခလေးတွေအကြိုက် Power Ranger
ဘယ်နိုင်ငံကမိဘမဆိုပွဲဈေးသွားရင်ကုန်ပြီမှတ်



ရွှင်လန်းချမ်းမြေ့ ပါစေ..........

3 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ မိုးမိုးရေ..

မရောက်ဖူးသေးတဲ့ နေရာဒေသတွေရဲ့ ရိုးရာဓလေ့ လေးတွေကို ဖော်ပြ တင်ပြ ပေးတာ သိရ ဖတ်ရလို့ ကျေးဇူးပါကွယ်...

ခင်မင်စွာဖြင့်
ကိုမျိုး

လုလု said...

မိုးမိုးရေ့ အဲ့ဒီပွဲတော်က တကယ့်ကို ပျော်စရာကောင်းတယ်နော်။ ဟိဟိ
ဒါပေမယ့် ပြောင်ပြောင်လေးတွေပေါ့

သက်တန့်ချို said...

အခု လိုရိုးရာဓလေ့ ယုံကြည်မှုတွေကို မျှဝေပေးတဲ့အတွက် ကျေးဇူးပါ သူငယ်ချင်း ။