Sunday 30 August 2009

ပန်ထွေဖျော် နဲ့  ခရမ်းသီးမဆလာ

ပန်ထွေဖျော်



ပန်ထွေဖျော်အတွက်......
ခရမ်းချဉ်သီးတစ်လုံးကိုမီးဖုတ်လိုက်ပါတယ်။
ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို ဆား၊အချိုမှုန့် ထည့်ပြီးထောင်းပါတယ်။
မညက်တညက်အနေလောက်မှာ ခရမ်းချဉ်သီးကိုထည့်ထောင်းပြီး စားလို့ ရပါပြီ။
နံနံပင်ရှိရင်တော့ထည့်လိုက်ရင် ပြည့်စုံသွားပါတယ်။
ဒီမှာတော့မရှိလို့  အာသာပြေလေးစားရတာပေါ့ နော်......





ခရမ်းသီးမဆလာ




ခရမ်းသီးမဆလာကတော့......
ခရမ်းသီးကိုအချပ်လေးတွေလှီးပြီး ဆား၊အချိုမှုန့် နဲ့ နယ်ထားပါတယ်။
ဒယ်အိုးပြားလေးထဲမှာ ဆီကိုပါရုံလေးထည့်ပြီး ခရမ်းသီးလေးတွေကို တစ်ချပ်ချင်းစီထည့်ထားပါတယ်။
ငါးမိနစ်လောက်နေရင် တစ်ဖက်ကိုလှန်ပေးရပါတယ်။
နှစ်ဖက်စလုံးခြောက်ခြောက်လေးဖြစ်သွားရင်တော့ မဆလာလေးဖြူးပြီး သုံးဆောင်နိုင်ပါတယ်။
ခရမ်းသီးကင်ပုံစံမျိုးလေးပါဘဲ........

Read More...

ဒီနေ့ ဧည့်သည်လာတယ်......

ဒီနေ့ ဧည့်သည်လာတယ်......
ဒီနေ့ ဧည့်သည်လာတယ်လေ..သူတို့ က ကြက်သွန်နီမစားနိုင်...အစပ်မစားနိုင်ဆိုတော့ချက်
ရတာအာရုံနည်းနည်းနောက်သွားတယ်...ဘာမှမပါတော့ပိုလွယ်သွားတာပေါ့ ..ဟဲဟဲ..

Squid ကြော်
ချိုချဉ်ကြော်

ကြက်အသည်းမဆလာ

ပဲနီလေးဟင်းရည်

မုန်လာဖြူသုပ်
အားပေးသွားကြပါဦး......................

Read More...

Thursday 27 August 2009

ရင်ထဲကပန်းတစ်ပွင့်

ရင်ထဲကပန်းတစ်ပွင့်
ငါးတန်းစာမေးပွဲဖြေအပြီး နွေရာသီမှာပေါ့ .....ကျွန်မတို့ မြို့ နယ်ကဖွင့်တဲ့ ပန်းချီသင်တန်းကို သွားတက်ဖြစ်ပါတယ်။ဒီသင်တန်းကိုလည်း ကျွန်မကတက်ချင်လို့  သွားတက်တာမဟုတ်ရပါဘူး။ဖေဖေ့ကိုဘဲ အမြဲအားကိုးနေတတ်တဲ့ ကျွန်မကို တစ်ယောက်ထဲ သွားရဲ၊လာရဲအောင် ဖေဖေက တက်ခိုင်းလိုက်တာပါ။သင်တန်းက အခန်းသုံးခန်း ခွဲထားပါတယ်။ကျွန်မတို့ လို ခုမှစတက်တဲ့အတန်းရယ်၊နဲနဲဆွဲတတ်စပြု နေတဲ့သူတွေ အတန်းရယ်၊တော်တော်လေးဆွဲတတ်နေသူတွေရဲ့ အတန်းရယ်ပေါ့။သူက ကျွန်မတို့ အတန်းကပေါ့၊သင်တန်းစပြီးတစ်ပတ်လောက်မှာ သူ့ ကိုသတိထားမိလာပါတယ်။သူကအရမ်း အမေးအမြန်းထူပါတယ်၊ပြီးတော့လည်း သူနဲ့ ရွယ်တူတွေနဲ့ မပေါင်းဘဲ ပန်းချီဆွဲတတ်နေသူတွေနဲ့ ဘဲပေါင်းတာတွေ့ ရပါတယ်။့  ကျွန်မကတော့ရှိနေမှန်းတောင် မသိရအောင် ငြိမ်နေတတ်တဲ့သူဆိုတော့ ကိုယ်နဲ့ ဆန့် ကျင်ဖက်ဖြစ်နေလို့  သတိထားမိသွားတာထင်ပါရဲ့ ။သင်တန်းဆင်းတော့

သူကဆုရပါတယ်၊ခပ်ညံ့ညံ့ကျွန်မကတော့ ထုံးစံအတိုင်း နောက်ဆုံးကပေါ့။အဲဒီသင်တန်းမှာသူနဲ့ ကျွန်မ မရင်းနှီးခဲ့ကြပါဘူး။ကျွန်မဆယ်တန်းနှစ်မှာ ကျွန်မတို့ အိမ်ရဲ့ မျက်စောင်းထိုးမှာရှိတဲ့ ဖေဖေ့ညီ အိမ်မှာ သူ့ မေမေက ဆေးခန်းလာဖွင့်ပါတယ်။အဲဒါကြောင့် သူ့ မိဘတွေနဲ့ ကျွန်မ မိဘတွေ ရင်းနှီးသွားကြပါတယ်။အဲဒီအချိန်ထိ သူ့ မေမေမှန်း ကျွန်မ မသိခဲ့ပါဘူး။ကျွန်မတက္ကသိုလ် ပထမနှစ်တက်နေတဲ့အချိန်မှာ ဆေးခန်းကို သူလိုက်လာတော့မှ သူ့ မေမေမှန်းသိလိုက်တာပါ။အဲဒီအချိန်က သူဆယ်တန်းဖြေပြီးချိန်ဆိုတော့ ဆေးခန်းကိုခဏခဏလာတာတွေ့ ပါတယ်။သူနဲ့ ကျွန်မ အသက်ကရွယ်တူပေမဲ့ ကျွန်မက ကျောင်းနေတာစောတာကြောင့် သူကကျွန်မထက် တစ်တန်းငယ်ပါတယ်။သူပထမနှစ် စတက်တဲ့အချိန်မှာကျွန်မဆီက မြန်မာကဗျာစာအုပ် တစ်ခါငှါးဖူးပါတယ်။အဲဒီနောက်ပိုင်းသူနဲ့ ကျွန်မ ထပ်မတွေ့ ဖြစ်ကြပါဘူး။ ကျွန်မဖေဖေကတော့ သူ့ ကိုအရမ်းသဘောကျပါတယ်၊စာတွေအရမ်းဖတ်ပြီး ဗဟုသုတတော်တော်ရှိတယ်ဆိုဘဲ။၁၉၉၇မှာဖေဖေဆုံးတော့ သူ့ မေမေနဲ့ သူလာပါတယ်။အဲဒီအချိန်ထိသူနဲ့ ကျွန်မ မရင်းနှီးကြပါဘူး၊အဲဒီနောက်ပိုင်း သူကျွန်မတို့ အိမ်ကို တစ်ခါတစ်ခါလာတတ်ပါတယ်။ကျွန်မကလည်း စကားသိပ်မပြောတတ်တဲ့သူဆိုတော့ သူလာရင် မေမေနဲ့ မောင်လေး၊ညီမလေးတွေနဲ့ သာစကားပြော တတ်ပါတယ်။၂၀၀၀ခုနှစ်မှာကျွန်မ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(လှိုင်နယ်မြေ)မှာD.C.Sc တက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ ရှစ်မိုင်မှာကားစောင့်ရင်း သူနဲ့ တွေ့ ပါတယ်၊သူလည်းရန်ကုန်စီးပွါးရေးတက္ကသိုလ်(လှိုင်နယ်မြေ)မှာD.M.Aတက်နေတယ်ဆိုတာသိလိုက်ရပြီး ကျောင်းကို အတူတူသွားဖြစ်ပါတယ်။အဲဒီအချိန်မှာသူက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့၊ရာထူးကလည်းအသင့်အတင့်ရှိနေပြီး၊ထောင်ထောင်မောင်းမောင်းယောက်ျားတစ်ယောက်အနေနဲ့ နဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်ထဲမှာပါပါတယ်။(ကြုံတုန်းလေးကြော်ငြာဝင်လိုက်တာပါ)သူကနဲနဲဆရာကြီးလုပ်ချင်စိတ်ရှိပြီး၊အစခပ်ထောင်ထောင်နဲ့ ပါ။ဒီလိုနဲ့ ....ဒီလိုနဲ့ .....သူနဲ့ ကျွန်မ....................................................................
...............................................................................................................
................................................................................................................
...............................................................................................................
.............................................................................................................
အစခပ်ထောင်ထောင်နဲ့ ဆရာကြီးလုပ်ချင်တာတွေကို အမြင်ကတ်လို့ ရအောင်ယူလိုက်မိတာ....ခုတော့....
သူငယ်တန်းကျောင်းသားတစ်ယောက်၊မူကြိုကျောင်းသားတစ်ယောက်နှင့်ကျွန်မ မရှိလျှင်ဘာမှအဆင်မပြေပါဆိုသောယောက်ျားတစ်ယောက်သာ အဖတ်တင်နေ ပါကြောင်း......................

စာကြွင်း။ ။သူဆယ်တန်းဖြေပြီးစ သူ့ မေမေနဲ့ ဆေးခန်းကိုလိုက်လာကတည်းက ကျွန်မကို ကြိုက်ခဲ့တာဆိုဘဲ၊ခပ်တုံးတုံးကျွန်မကဘယ်သိမှာလဲနော်။သိသွားတော့ နဲနဲတောင်နောက်ကျသလိုဘဲ ဟဲဟဲ....

ကူးလေးရေ ...ကျေနပ်တော့နော်.....

Read More...

သားသားတို့ အတွက် ထပ်ဝယ်ထားတဲ့ အရုပ်တွေ.


သားသားတို့ အတွက် ထပ်ဝယ်ထားတဲ့ အရုပ်တွေ...ထုံးစံအတိုင်းမေ့မေ့အကြိုက်ပါဘဲ..


 
  
  
  
 

Read More...

Wednesday 26 August 2009

Seafood ဆီပြန်

Seafood ဆီပြန်


Koideမြို့ ကိုသွားလည်ရင်း Grand Depot ကနေ seafood တစ်မျိုးရလို့  ဝယ်လာပြီးချက်ထားပါတယ်။ကျွန်မရဲ့ အမျိုးသားက ဝက်သား၊အမဲသား၊ခြေလေးချောင်းသား မစားတော့ ကြက်သား၊ကြက်ဥနဲ့ seafood တွေဘဲချက်စားဖြစ်ပါတယ်။ဒီနေ့ seafood ကခရုတစ်မျိုးလို့ ထင်ပါတယ်။စားလို့ တော့ကောင်းသား......


Read More...

Monday 24 August 2009

ကြက်သားဆီပြန် နဲ့ ကန်စွန်းရွက်ချဉ်ရည်


ကြက်သားဆီပြန်


ကြက်သားကိုအနေတော်အတုံးလေးတွေတုံးပြီး ဆား၊ဆနွင်းနယ်ထားပါတယ်။ကြက်သွန်ဖြူ၊နီ၊ငရုပ်သီးထောင်းပြီး ဆီသတ်ပါတယ်။ပြီးရင်တော့ ကြက်သားထည့် ၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။ရေခမ်းသွားရင်တော့ ရေနည်းနည်းထပ်ထည့်ပြီးတည်ပါတယ်။ဆီမပြန်ခင် ရေနည်းနည်းကျန်နေသေးတဲ့အချိန်မှာ ကြက်သွန်နီလေးစိတ်စိတ်ထည့်၊ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီးထည့်လိုက်ပါတယ်။ဆီပြန်လာရင်တော့ မဆလာလေးခတ်ပြီးသုံးဆောင်နိုင်ပါတယ်....


ကန်စွန်းရွက်ချဉ်ရည်


superက ကန်စွန်းရွက်နဲ့ ပုဇွန်ကြော်လေးရလာလို့ ကန်စွန်းရွက်ချဉ်ရည်ဟင်းချက်လိုက်ပါတယ်။အရင်ဆုံး ကန်စွန်းရွက်ကို လှီးပြီးရေဆေးထားပါတယ်။ဆီနည်းနည်းနဲ့ ကြက်သွန်ဖြူ၊နီထည့်ကြော်ပါတယ်။ကြက်သွန်နွမ်းသွားရင် ပုဇွန်ကြော်၊ကန်စွန်းရွက်၊ဆား၊အချိုမှုန့် ၊ရေနည်းနည်းထည့် ပြီးလုံးထားလိုက်ပါတယ်။ဟင်းရွက်တွေနွမ်းသွားရင်တော့ မကျည်းမှည့်လေးရေဖျော်ပြီးထည့်လိုက်ပါတယ်။ဟင်းရည်ဆူလာရင်တော့ ငရုပ်သီးစိမ်း၊နံနံပင်လေးခတ်ပြီးသုံးဆောင်နိုင်ပါတယ်ရှင်......

Read More...

Sunday 23 August 2009

ငါးဖယ်သုပ်

ငါးဖယ်သုပ်




onlineက ငါးဖယ်ရတာနဲ့  ငါးဆုပ်ကြော်ဖြစ်ပါတယ်။ငါးအသားထဲကို ဂျင်းထောင်းပြီးအရည်ညှစ်ထည့်၊အချိုမှုန့် ၊ဆား၊ဆနွင်း၊ငံပြာရည် ထည့်ပြီး နယ်ပါတယ်၊ကြာကြာလေး နယ်ပေးလိုက်ရင် အသားတွေက စေးစေးလေးဖြစ်သွားပါတယ်။ကျွန်မကတော့ ငါးဆုပ်ဆိုရင် အဲဒီလိုလေးဘဲနယ်ပါတယ်၊မထောင်းပါဘူး။နယ်ပြီးရင်တော့ ငါးဆုပ်ကလေးတွေကို အဆင်သင့် လုံးထားပါတယ်။ဆီပူလာရင် ငါးဆုပ်လုံးကလေးတွေကို နဲနဲပြားလိုက်ပြီး မီးအေးအေးနဲ့ ကြော်ပါတယ်။မီးပြင်းရင် အထဲကမကျက်ဘဲ ဖြစ်တတ်ပါတယ်။ငဆုပ်လေးတွေ နီရောင်သမ်းလာရင် ကျက်သွားပါပြီနော်။ခရမ်းချဉ်သီးအနှစ်လေးနဲ့ ချက်စားရင်လည်းကောင်းပါတယ်။ကျွန်မကတော့ သုပ်စားလိုက်ပါတယ်။
အသုပ်အတွက်တော့ ငါးဆုပ်ကလေးတွေကို အနေတော်လှီး၊ကြက်သွန်နီ၊ဂေါ်ဖီ၊ငရုပ်သီးစိမ်းပါးပါးလှီး၊အချိုမှုန့် ၊ငံပြာရည်ထည့်၊သံပုရာရည်လေးညှစ်ပြီးနယ်လိုက်ရင် စားလို့ ရပြီပေါ့နော်....



Read More...

Saturday 22 August 2009

ရွှေဂေါင်းပြောင်

ရွှေဂေါင်းပြောင်


ကျောင်းတက်တုန်းက ထမင်းချိုင့်မှာ ဘဲဥချဉ်ရည်ဟင်း ဆိုရင် ရွှေဂေါင်းပြောင်လို့ ပြောကြတာကို သတိရလို့ ရွှေဂေါင်းပြောင်လို့ ခေါင်းစဉ်တပ် လိုက်ပါတယ်။ဒီမှာတော့ ဘဲဥမရှိလို့  ကြက်ဥကိုဘဲချက်ပါတယ်။ကြက်ဥနဲ့ အာလူးကို ပြုတ်ပြီးအခွံခွာ ထားပါတယ်။ကြက်သွန်ဖြူ၊နီ၊ငရုပ်သီးထောင်းပြီး ဆီသတ်ပါတယ်။ဆီသတ်ပြီးရင် ခရမ်းချဉ်သီးပါးပါးလှီးထည့်၊ဆား၊အချိုမှုန့် ထည့်၊ရေနည်းနည်းထည့်တည်ပါတယ်။ဆီပြန်လာရင် ပြုတ်ထားတဲ့ကြက်ဥနဲ့ အာလူးထည့်၊ရေထည့်တည်ထားပြီး ၊ရေဆူလာပြီးခဏကြာရင် မဆလာလေးခတ်ပြီးသုံးဆောင်နိုင်ပါတယ်၊ချဉ်ချဉ်လေးကြိုက်ရင်တော့ မကျီးမှည့်လေးဖျော်ထည့်လိုက်ပေါ့နော်.......


ငရုပ်သီးဆားထောင်း




ငရုပ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ဆားနဲ့ အရင်ထောင်းလိုက်ပါတယ်။ပြီးမှ ပုဇွန်ခြောက်မှုန့် ၊အချိုမှုန့် ထည့်၊ဆီဆမ်းပြီးသုံးဆောင်နိုင်ပါတယ်.......

Read More...

Friday 21 August 2009

ပုဇွန်ဆီပြန် နဲ့ Carrot Salad

ပုဇွန်ဆီပြန် 


ပုဇွန်ကိုရေဆေး ခေါင်းချိုးပြီး ဆား၊ဆနွင်း နယ်ထားပါတယ်။ငရုပ်သီးလေးနဲ့ ချက်မှာမို့  ကြက်သွန်ဖြူ၊နီနဲ့ ငရုပ်သီးကို ရောထောင်းထားပါတယ်။ဆီပူလာရင် ထောင်းထားတာတွေထည့် မွှေပေးပြီး ငရုပ်သီးစိမ်းနံ့ ပျောက်သွားပြီဆိုရင် ပုဇွန်ထည့်၊ရေနည်းနည်းထည့် တည်ထားပြီး ဆီပြန်လာရင် စားလို့ ရပါပြီ.....


Carrot Salad


carrot ကိုအချောင်းလေးတွေရအောင် လှီးပါတယ်။ငရုပ်သီးစိမ်းနဲ့ ကြက်သွန်ဖြူထောင်းထားတာထည့်၊ငံပြာရည် အချိုမှုန့် ထည့်၊သံပုရာရည် ညှစ်ပြီး နယ်စားလို့ ရပါပြီရှင်.....

Read More...

Thursday 20 August 2009

ပိန်းရိုးဟင်းခါးနှင့်ငါးမွှေ

ပိန်းရိုးဟင်းခါးပူပူလေး


ဒီနေ့ တော့organic shop ကပိန်းရိုးတစ်စည်းယန်း၁၀၀နဲ့ ရလို့ ဝယ်ပြီးပိန်းရိုးဟင်းခါးချက်ပါတယ်။



ပိန်းရိုးကိုအကြောတွေအရင်ခွာလိုက်ပြီး အနေတော်အပိုင်းလေးတွေပိုင်းလိုက်ပါတယ်။ပြီးတော့မှရေဆေးပါတယ်။ရေဆေးလိုက်ရင် ခရမ်းရောင်တွေထွက်လာပါတယ်။ရေဆေးပြီးရင်တော့ ပိန်းရိုးတွေကို ရေများများနဲ့ ပြုတ်လိုက်ပြီး ရေဆူလာရင် ရေတွေသွန်ပစ်လိုက်ပါတယ်။ပြီးရင်တော့ ပိန်းရိုးထဲကို အချိုမှုန့် ၊ဆား၊ငံပြာရည်ထည့်၊ကြက်သွန်ဖြူလေးစိတ်ကွဲ ထောင်းထည့်၊ရေကိုကိုယ့်အကြိုက်ထည့်တည်ထားပြီးရေဆူလာရင်ငရုပ်ကောင်းလေးခပ်ပြီးသုံးဆောင်နိုင်ပါပြီရှင်......


ငါးမွှေခြောက်ခြောက်လေး



ငါးကိုရေဆေး ဆား၊ဆနွင်းနယ် ဂျင်း၊စပါးလင်ထည့်ပြုပ်လိုက်ပြီး အသားနွှင်ထားလိုက်ပါတယ်။ကြက်သွန်ဖြူ၊နီ၊ငရုပ်သီးထောင်းထားတာကို ဆီသတ်ပါတယ်၊ငရုပ်သီးစိမ်းနံ့ ပျောက်ပြီဆိုရင် နွှင်ထားတဲ့ငါးထည့်ပြီး မွှေပေးနေပါတယ်။ခြောက်ခြောက်ကလေးဖြစ်သွားရင် စားလို့ ရပါပြီရှင်......

ပိန်းရိုးဟင်းခါးပူပူလေးနဲ့ ငါးမွှေခြောက်ခြောက်လေးသုံးဆောင်သွားပါနော်........

Read More...

Wednesday 19 August 2009

ကြက်သားကြံမဆိုင်ဟင်းချိုနှင့်ကြက်ဥကြော်

ကြက်သားကြံမဆိုင်ဟင်းချို


နေပူတာနဲ့ အချဉ်ဟင်းလေး သောက်ချင်လိုကြက်သားကြံမဆိုင်ဟင်းချိုလေးချက်ဖြစ်ပါတယ်။
ကြက်သားကိုသေးသေးတုံးဆား၊အချိုမှုန့် နယ်ပြီးရေနည်းနည်းနဲ့ ရေခမ်းအောင်အရင်ပြုပ် လိုက်ပါတယ်၊ပြီးတော့မှဟင်းချိုအတွက်ရေအနေတော်ထည့်ပြီးတည်ထားပါတယ်၊ကြံမဆိုင်ကိုရေဆေးပြီး
လက်တစ်ဆစ်လောကလေးတွေလှီးထားပါတယ်၊ဟင်းချိုအိုးဆူရင်ကြံမဆိုင်ခတ်၊အပေါ့အငံမြည်းပြီးသောက်လို့ ရပါပြီ။

ကြက်ဥကြော်


ကြက်ဥကိုဆား၊အချိုမှုန့် ထည့်ပြီးအရင်မွှေ ထားပါတယ်၊ ကြက်သွန်နီပါးပါးလှီးထားတာရယ်၊carrot ခြစ်ထားတာရယ်၊ပုဇွန်ခြောက်ရယ်ထပ်ထည့်ပြီးမွှေပါတယ်၊ဆီပူလာရင်မွှေထားတာတွေအားလုံးသွန်ထည့်လိုက်ပြီး၊
ခဏနေရင်တဖက်လှန်ပေးလိုက်ရင်ရပါပြီ။

Read More...

Tuesday 18 August 2009

ကန်စွန်းရွက်သုပ်

ကန်စွန်းရွက်သုပ်

ရေနွေးဆူအောင်တည်၊ရေနွေးထဲကိုဆားနည်နည်းခပ်ထည့် ထားပြီးမှကန်စွန်းရွက် ကိုရေနွေးဖျောပါတယ်၊
ပြီးမှကန်စွန်းရွက်ကိုရေညှစ်ပြီး လက်တဆစ်လောက်လေးတွေလှီးပါတယ်၊ပြီးရင်တော့ သံပုရာရည်ညှစ်ထည့်
အချိုမှုန့် ၊ပဲမှုန့် ၊ငံပြာရည်၊ဆီချက်လေးဆမ်းပြီးတော့နယ်၊ ပြီးရင်တော့ နှမ်းလေးဖြူးပြီးရင်စားလို့ ရပြီနော်....

စားသွားကြပါဦးနော်.......................

Read More...

Sunday 9 August 2009

ငါးပေါင်း

ငါးပေါင်း
ငါးကတော့ ပင်လယ်ငါးတစ်မျိုးပါ ၊ငါးသလောက်ယောက်ဖ ပုံမျိုးပါဘဲ....ငါးကိုရေစင်စင်ဆေးပြီးအတုံးကြီးကြီး
တုံး၊ဆား၊ဆနွင်းနယ်ထားပါတယ်..ကြက်သွန်ဖြူ၊နီ ငရုပ်သီးထောင်းပြီးဆီသပ်ပါတယ်...ပေါင်အိုးထဲကိုစပါးလင်
အရွက်လေးတွေ ခင်း၊ငါးထည့် ဂျင်းကိုညက်ညက်ထောင်းထည့်၊ရှာလကာရည်ထည့်ပြီးတော့၊ငရုပ်သီးဆီသပ်နဲ့ 
ရေထည့်ပြီးရင်ပေါင်းလို့ ရပါပြီ။နာရီဝက်လောက်ပေါင်းပြီရင်နူးသွားပြီး..စားလို့ ရပြီနော်...
 

Read More...

Thursday 6 August 2009

ကြက်ချိုချဉ်ကြော်

ကြက်ချိုချဉ်ကြော်


ကြက်သားကိုအတုံးလေးတွေတုံးပြီး ဆားနယ်ထားပါတယ်၊
ကော်မှုန့် နည်းနည်း တန်ပူရာမှုန့် နည်းနည်းရောပြီး ရေဖျော်ပြီး ကြက်သားကို အရည်ထဲနှစ်ပြီး ကြော်ပါတယ်။ဝါရောင်သမ်းလာရင် ဆယ်ထားပါတယ်။
အသီးအရွက်အားလုံးကို လှီးထားပါတယ်။
ကော်မှုန့် ၊သကြား၊ vinegar၊ tomatoketchup တို့ ကိုရောပြီး ရေ ဖျော်ထားပါတယ်။
ဆီ ထဲကိုအသီးအရွက်တွေအရင်ဆုံးထည့်ကြော်ပါတယ်။အသီအရွက်နူးခါနီးမှာ ကြက်သားကြော်ထည့်
ဖျော်ထားတဲ့အရည်ထည့်တည်ပြီး..အရည်လေးပျစ်သွားရင်စားလို့ ရပါပြီ။သုံးဆောင်သွားကြပါဦးနော်....

Read More...

Wednesday 5 August 2009

Seafood ဟင်း နဲ့ ပဲပြားသုပ်

Seafood ဟင်း



Processed လုပ်ပြီးသား Ready Made Seafood ပါ၊ခရု တစ်မျိုး လို့ထင်ပါတယ်၊ပုံစံကကြက်အူနဲ့ တူပါတယ်၊ ကြက်သွန်ဖြူ၊နီ ဂျင်း ငရုပ်သီး ထောင်းပြီး ဆီသပ်ပါတယ်၊ဆီသပ်ပြီးရင် seafood နဲ့ ရေနည်းနည်း ထည့်ပြီး တည်ထားပါတယ်၊ရေခမ်းသွားရင် ရေနည်းနည်း ထပ်ထည့်ပြီး တည်ပါတယ်၊ ဆီပြန်ခါနီးမှာ မဆလာလေးခပ်ပြီး စားလို့ ရပါပြီ။အရသာ ကလည်းကြက်အူ နဲ့ တူပါတယ်........



ပဲပြားသုပ်


ပဲပြားကိုကြော်ပြီး အနေတော်လေးတွေ ညှပ်ထားပါတယ်၊ဂေါ်ဖီနဲ့ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါတယ်၊ စားတော့မယ်ဆိုမှ အချိုမှုန့် ၊ပဲမှုန့် ၊ငရုပ်သီးမှုန့် ၊ပုဇွန်ခြောက်မှုန့်  ထည့်၊ငံပြာရည်ထည့်၊ဆီချက်ထည့်နယ်ပြီး စားလို့ ရပါပြီ။



Read More...

Tuesday 4 August 2009

မျှစ်သုပ် နဲ့  ကြက်သားဟင်းရည်သောက်.....

မျှစ်သုပ် 



မျှစ်ကိုအရင်ဆုံး ပြုပ်ထားလိုက်တယ်နော်၊ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကိုလည်း ရောထောင်းထားပါတယ်၊
မျှစ်ပြုပ်ကို ရေညှစ်ပစ်ပြီး ထောင်းထားတဲ့ကြက်သွန်ဖြူ နဲ့ ငရုပ်သီးစိမ်းကို ထည့်ပါတယ်၊ ငံပြာရည်ထည့် 
အချိုမှုန့် ထည့် သံပုရာရည်လေးညှစ် ပြီးရင် နယ်စားလို့ ရပြီနော်........





ကြက်သားဟင်းရည်သောက်.....



ကြက်သားကို အနေတော်လေးတုံးပြီး ဆား ဆနွင်း နယ်ထားပါတယ်၊ ကြက်သွန်ဖြူ နီနဲ့ ငရုပ်သီးကို ရောထောင်းပြီး ဆီနည်းနည်းနဲ့ ဆီသတ်ပါတယ်၊ ငရုပ်သီးအစိမ်းနံ့ ပျောက်သွားရင် ကြက်သားထည့်
ရေနည်းနည်းထည့်ပြီး တည်ထားပါတယ်၊ ဆီပြန်လာရင် ရေထပ်ထည့်ပါတယ်၊အရည်သောက်ချက်
မှာမို့ ရေများများထည့်ပါတယ်၊ရေဆူလာပြီး ကြက်သားနူးပြီဆိုရင် စပါးလင်ရွက်ကလေးခပ်ပြီး
စားလို့ ရပါပြီ။စပါးလင်နံ့ မွှေးမွှေးလေးနဲ့  ကြက်သားဟင်းရည်သောက်လေး သုံးဆောင်သွားပါနော်......

Read More...

Monday 3 August 2009

ခရမ်းသီးကြက်ဥကြော်

ခရမ်းသီးကြက်ဥကြော်















ခရမ်းသီးကိုအခွံခွာပြီး အတုံးသေးသေးလေးတွေ လှီးထားပါတယ်၊ ကြက်သွန်နီကို ပါးပါးလှီးထားပါတယ်၊ ဆီသင့်တော်ရုံနဲ့  ကြက်သွန်နီကို ကြော်ပါတယ်၊ ကြက်သွန်နီနွမ်းသွားရင် ခရမ်းသီးထည့် ၊ ခရမ်းသီးနူးလောက်ရုံ ရေထည့်၊ ဆား အချိုမှုန့် ထည့်၊ အိုးအဖုံးပိတ်ပြီး တည်ထားပါတယ်၊ ရေခမ်းသွားရင် ကြက်ဥဖေါက်ထည့် မွှေပေးပြီး ကြက်ဥလေးတွေ လိတ်သွားရင် စားလို့ ရပါပြီ။

Read More...

Sunday 2 August 2009

ကြက်သားသုပ်နဲ့ ကညွတ်ကြော်


ကြက်သားသုပ်













ကြက်သားကိုပြုပ်ပြီး အသားနွင်ထားပါတယ်၊ ကြက်သွန်နီကိုပါးပါးလှီးပြီးရေဆေးထားပါတယ်၊
ကြက်သားထဲကို ကြက်သွန်နီထည့်၊ ငံပြာရည် အချိုမှုန့်  ငရုပ်သီးမှုန့် ထည့်၊ငရုပ်သီးစိမ်းပါးပါးလှီးထည့်၊
သံပုရာရည်ညှစ်ပြီးရင်နယ်စားလို့ ရပါပြီနော်….
ရှောက်ရွက်၊နံနံပင်ရှိရင်တော့ထည့်စားရင်ပိုကောင်းပါတယ်၊ကျွန်မဆီမှာတော့မရှိလို့ 
သံပုရာခွံလေးပါးပါးလှီးထည့်လိုက်ပါတယ်……………

ကညွတ်ကြော်













ဒါလေးကတော့ကညွတ်ကြော်ပါ၊ဒီနေ့ ကညွတ်ကအဖြူမို့ လို့ စိမ်းစိမ်းလေးဖြစ်မနေဘူးနော်…………

Read More...

Saturday 1 August 2009

ပုန်းရည်ကြီးသုပ်လေး သုပ်ကျွေးမယ်

ပုန်းရည်ကြီးသုပ်
ဒီနေ့ တော့ ဟင်းမချက်တော့ဘူး၊အလွယ်ဘဲ ပုန်းရည်ကြီးသုပ်လေး သုပ်ကျွေးတော့မယ် နော်၊
သုပ်ပုံသုပ်နည်းကတော့ ဟီး ဟီး ၊လွယ်လွယ်လေးပါ၊ပုန်းရည်ကြီးထုပ်ဖေါက်ထည့်၊ငရုပ်သီးစိမ်း

ပါးပါးလှီးထည့်၊ကြက်သွန်နီ ပါးပါးလှီးထည့်၊ပုဇွန်ခြောက်မှုန့် ထည့်၊နယ်ပြီးရင် စားလို့ ရပြီနော် .............















အသင့်စားလို့ ရအောင် နယ်ပေးထားတယ်နော်











Read More...

Nagoya ကိုရောက်ခဲ့ တယ် (၃)

Nagoya Castle

ရဲတိုက်တွေကိုကျွန်မစိတ်ဝင်စားပါတယ်။ရှေးခေတ်အခြေခံJapanmovieတွေကြည့်ရင်ရဲတိုက်တွေအမြဲပါဝင်တက်ပါတယ်။ရဲတိုက်ကျသွားရင်နယ်တစ်ခုလုံးကျသွားတာပါ
ဘဲ။ရဲတိုက်အခြေခံမြို့ ပြခေတ်ပေါ့နော်၊ကျွန်မကတော့ သမိုင်းကြောင်းထက် သူတို့ ရဲ့ ခန့် ထည်မူကိုသဘောကျ တာပါ၊

ရဲတိုက်နဲ့ ပတ်ဝန်းကျင် ပုံစံငယ်၊ ရဲတိုက်အခြေခံ မြို့ ပြစနစ် ကိုထင်ဟပ်နေပါတယ်




Castle ရဲ့ အလှ


Castle ရဲ့ အလှ


Castle ရဲ့ အလှ

ရဲတိုက်က၁၅ရာစုမှာဆောက်ခဲ့တယ်ဆိုပေမယ့်စစ်ဒဏ်အလီလီခံခဲ့ရပါတယ်။ခုမြင်ရတာကဒုတိယကမ္ဘာစစ်အ
ပြီး၊ပြန်မွမ်းမံထားတာပါ။ခုတော့Airconရော၊ဓါတ်လှေကားပါဆင်ထားပါတယ်။


ရဲတိုက်ဆောက်လုပ်ရေးပြကွက်

အပေါ်ဓါတ်ပုံမှာ ပါတဲ့ကျောက်တုံးကို ဆွဲထားတဲ့ကြိုးကို ကိုယ်တိုင်ဝင်ဆွဲပြီး မိမိရဲသန်စွမ်းမှု ကိုစမ်းသပ်လို့ ရ ပါတယ်၊ Screenမှာ ကိုယ်ဆွဲနိုင်မှု Powerကိုပြနေပါတယ်။ ဒီပြကွက်ကိုကြည့် မိတော့ ခမ်နားလှပတဲ့ ရဲတိုက် တစ်ခုဖြစ်ဘို့ အနစ်နာခံ ခဲ့ရတယ့် လူတွေကိုသနားမိတယ်။သူတို့ တွေ လုပ်ခ ရ ရဲ့  လားမသိ၊ စိတ်ထဲမှာ ရဲတိုက်ကြီးက သိပ်မလှတော့ဘူး။

Nagoya က ပြန်ခဲ့ပြီ့ 


နာရီစင်


Nagoya ဘူတာရှေ့ က အရုပ်

Nagoya ကပြန်တဲ့ နေ့ မှာတော့ Nagoya ဘူတာအတွင်း က လူတွေဆုံရပ် လုပ်လေ့  ရှိတဲနာရီစင်မှာဆုံကြ ပြီး၊ပြန်ခဲ့ ကြပါတယ်။

Read More...