Sunday 4 December 2011

စစ်ကိုင်းတောင်

ပြီးခဲ့တဲ့ ၂ လ လောက်တုံး က စစ်ကိုင်းတောင်ကိုရောက်ခဲ့တယ်...
ကားပေါ်မှာဖွင့်ထားတဲ. ဦးသုမောင် ရဲ့ စစ်ကိုင်းတောင်သီချင်းကို ပိုကြိုက်လာ
မိတယ်..အိမ်ကသူ ကတော့ ကိုအံ့ကြီးကို ပိုကြိုက်တယ်တဲ့..ဒါနဲ့  Youtube ထဲမှာ
ဖွလိုက်တာ  မမြရင် ရော ဒေါ်မာမာအေးရော ထပ်တွေ.တယ်လေ...
ကျွန်မကခုတော့ မမြရင်အသံလေးကိုပိုကြိုက်မိတယ်...ဒါပေမယ့်
အားလုံးဟာသူ.ပုံစံနဲ့သူတော့အကောင်းဆုံးတွေပါ...
သီချင်းတွေကို MP3ပြောင်း ပြီးတော့အိမ်ကသူရိုက်ခဲ့တဲ.စစ်ကိုင်းရူခင်းဓါတ်ပုံတွေ
နဲ့ Movie Format ပြောင်းပြီးတင်ပေးလိုက်တယ်နော်...ဘယ်သူဆိုတာပိုကြိုက်ကြလဲဟင်....

မမြရင်



ကိုအံ့ကြီး

 

ဒေါ်မာမာအေး

ဦးသုမောင်

Read More...

Wednesday 2 November 2011

Beautiful Myanmar








Read More...

Friday 20 May 2011

သံယောဇဉ်ဟင်း

သူနဲ့ သားလေးနှစ်ယောက်က ငါးဘဲဖြူဟင်းကို ကြိုက်ကြတယ်လေ...ဒီနေ့ အင်ကြင်းဈေးကိုရောက်တော့ ငါးဘဲဖြူ အကောင်ကြီးကြီးလေး ရတာနဲ့ ဝယ်လာပြီး ချက်လိုက်တယ်...ငါးလေးတွေကို အကြီးထိုး ခေါင်းဖြတ် ဗိုက်ဖေါက် ရေစင်စင်ဆေးပြီး ဆား၊ဆနွင်းနယ်ထားလိုက်ပါတယ်...ဒီအတိုင်းတွေးရင်တော့ဘာထူးလို့  လဲပေါ့၊သံယောဇဉ်ကအဲဒီမှာစတာပါ၊ငါးဘဲလေးတွေကအရိုွးများတယ်လေ ဒီတော့တစ်ကောင်ချင်း ကျောခွဲ အရိုးတွေဖယ်ရတယ်လေ၊ ဒီလိုလုပ်ရတာကငါးဘဲဖြူအားလုံးဆိုတော့တွက်သာကြည့်ပေါ့နော်....
အချိန်အရမ်းယူရတယ်.....သူကတော့ သူစားစေချင်လို့ အပင်ပန်းခံတာဆိုပြီး
ဒီဟင်းကို သံယောဇဉ်ဟင်းလို့ ပြောတာပါ....ကြက်သွန်ဖြူ၊နီ နဲ့ ငရုပ်သီးလေးထောင်း၊ဂျင်းလေးနဲနဲထောင်းပြီး ငရုပ်သီးကို အရင်ဆုံး ဆီသတ်ပါတယ်...ငရုပ်သီးအစိမ်းနံ့ ပျောက်ပြီးမွှေးလာရင် အရိုးထုတ်ထားတဲ့ငါးထည့် ဂျင်းထည့် ရေလေးနဲနဲထည့် အိုးကိုအဖုံးပိတ်ပြီး တည်ထားပါတယ်...ရေခမ်းသွားရင် ရေနဲနဲထပ်ထည့် အိုးဖုံးဖွင့်ပြီးတည်ထားပါတယ်...ဆီပျံလာရင်တော့ ငရုပ်သီးစိမ်းနဲ့ ပင်စိမ်းလေးအုပ်လိုက်ပါတယ်...ခြောက်ခြောက်လေးမှ စားကောင်းလို့ အိုးကပ်အောင်တည်ပါတယ်...
ခြောက်သွားရင်ငါးလေးအိုးကပ်ပေါ့နော်..စားသွားပါဦး



IMG_9320

Read More...

Thursday 19 May 2011

Live shrimp with Wine

I had a dinner with my friends in last month.At the Chinese restaurant,
they choose the meal, live shrimp in the Wine.For me,I didn't want to try it.
Thus, I just took the photos.I really want to know these shrimp are drunk or not in
the wine. :P

Shrimp

Live shrimp

Read More...