ဒါလေးကတော့ ဂေါ်ဖီနဲ့ ပန်းဂေါ်ဖီကို ပုဇွန်ခြောက်လေးနဲ့ ကြော်ထားပါတယ်။

ရိက္ခာတွေရောက်ပြီ
၁၂.၁၀.၀၉(တနင်္လာနေ့ )မှာ ရန်ကုန်ကပို့ လိုက်တဲ့ parcel ဟာ ၁၅.၁၀.၀၉(ကြာသပတေးနေ့ )ညနေ ၃နာရီမှာရောက်လာပါတယ်။ရောက်တာနဲ့ ဝမ်းသာအားရ ချက်ခြင်းဘဲ ဖေါက်လိုက်ပါတယ်။အထဲမှာ လဖက်၊အကြော်စုံ၊ပုန်းရည်ကြီးမှုန့် ၊ပါပလာ၊ငါးမုန့် ၊မွှေးဘယာကြော်မှုန့် ၊ပုဇွန်ခြောက်၊ပုဇွန်ငပိ၊အာပြဲခြောက်၊ငါးရံ့ ခြောက်၊ဒညင်းသီး၊မုန့် ဟင်းခါးချက်ဖို့ ငါးဆီသတ်၊ဆန်လှော်မှုန့် ၊ပဲမှုန့် ၊့ ပုဇွန်ချဉ်၊ပုဇွန်ချဉ်ကြော်၊ပုဇွန်ကြော်၊ငါးဆုပ်ကြော်၊ငါးကြော်တွေပါလာပါတယ်။မာတာမိခင်ရဲ့ ကျေးဇူးတွေပါ သားသမီးတွေတင်မက မြေးတွေထိ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်တတ်တဲ့ အမေ ကျန်းမာချမ်းသာစွာနဲ့ အသက်ရာကျော်ရှည်စေဖို့ အမြဲဆုတောင်းနေပါတယ်...
အာပူလျှာပူ
ရာသီဥတုက အေးနေပြီဆိုတော့ အချမ်းပြေ အာပူလျှာပူလေး ချက်သောက်ပါတယ်။
ငါးကို ဆား၊ဆနွင်းနယ်ပြီး ရေများများနဲ့  ပြုတ်လိုက်ပါတယ်။
အသားနူးသွားရင် ငါးကိုဆယ်ပြီး အရိုးနွှင်ပါတယ်။
အသားတွေကို ငါးပြုတ်အိုးထဲပြန်ထည့် တည်ထားပါတယ်။
ကြက်သွန်ဖြူကို ထောင်းပြီးထည့် ၊ပုဇွန်ငပိကိုလည်း ရေဖျော်ထည့်၊ပဒဲကောထည့်ပြီးကြာကြာလေးတည်ထားလိုက်ပါတယ်။
ဟင်းရည်ကျလာပြီဆိုမှ အပေါ့အငံမြည်းပြီး ငရုပ်ကောင်းလေးခတ်လိုက်ပါတယ်။
ဒါဆိုရင် အာပူလျှာပူသောက်ဖို့ ဟင်းရည်ရပါပြီ...
မုန့် ဖတ်အတွက်တော့ ဒီမှာရတဲ့ မြူစွမ်တစ်မျိုးကို ရေနွေးဖျောလိုက်ပါတယ်။
မုန့် ဟင်းခါးဖတ်နဲ့ တော်တော်လေးတူပါတယ်။
အဆာပလာတွေအတွက်တော့... ကြက်သွန်ဖြူ ဆီချက်လေးချက်ပါတယ်။
ငရုပ်သီးစိမ်းကိုစက်နဲ့  ကြိတ်ပြီး ပြုတ်လိုက်ပါတယ်။
မကျီးသီးကို ရေနွေးလေးနဲ့ ဖျော်ထားပါတယ်။
ကြက်ဥကို ပြုတ်ပြီး လှီးထားပါတယ်။
နံနံပင် မရှိလို့ နံနံပင် အစား ကြက်သွန်မြိတ်ကိုလှီးထားပါတယ်။
အားလုံးပြီးပြီဆိုရင်တော့ အာပူလျှာပူသောက်ဖို့ အဆင်သင့်ဖြစ်ပါပြီ...
ကြိုက်သလို ထည့်ပြီးသောက်နော်....
သခွားသီးသုပ်
မြန်မာပြည်မှာတော့ သခွားသီးအကြီးကြီးကို ထက်ခြမ်းခြမ်း အစေ့တွေဖယ် ဂျစ်နဲ့ ခြစ်ပြီး သုပ်ပါတယ်။
ဒီမှာတော့ သခွားသီးသေးသေးလေးတွေဘဲ ရှိပါတယ်၊သခွားသီးလေးတွေက စားလို့ တော့ တော်တော်ကောင်းပါတယ်။
အစေ့လေးတွေတည်ရုံလေးနဲ့ ကျွတ်ကျွတ်ချိုချိုလေးပါ။
သုပ်စားချင်လာတာတာနဲ့ သခွားသီးလေးတွေကို အခွံခွာပြီး အချောင်းလေးတွေ ရအောင်လှီးလိုက်ပါတယ်။
ကြက်သွန်နီကို လှီးပြီး ရေဆေး ထားပါတယ်။
ငရုပ်သီးစိမ်းလေးတွေလည်း ပါးပါးလှီးထားပါတယ်။
မြေပဲလှော်ကိုတော့ လေးစိတ်ကွဲလေးထောင်းထားပါတယ်။
စားတော့မယ်ဆိုရင် လှီးထားတဲ့ သခွားသီး၊ကြက်သွန်နီ၊ငရုပ်သီးစိမ်းထည့်၊ထောင်းထားတဲ့မြေပဲလှော်ထည့်၊ပုဇွန်ခြောက်၊ငံပြာရည်၊အချိုမှုန့် ထည့်၊သံပုရာရည်လေးညှစ်ပြီး နယ်စားလိုက်ပါတယ်။
ပင်စိမ်းရွက်လေးရှိရင်တော့ ထည့်သုပ်လိုက်ရင် ပိုပြီးပြည့်စုံသွားမှာပါ၊
ရေသရဲဟင်း(ရေဘဝဲဟင်း)
ရေသရဲကို ဒီမှာတော့ အကောင်လိုက်တွေရောင်းတာလည်း ရှိပါတယ်။
အကောင်လိုက်ဝယ်မယ်ဆိုရင် မကုန်နိုင်တာက တစ်ကြောင်း၊ဈေးကြီးတာက တစ်ကြောင်း၊
ပျော့စိစိနဲ့ အူယားစရာဖြစ်နေတာက တစ်ကြောင်း.......
အကြောင်းအမျိုးမျိုးနဲ့  လက်တံတစ်ခုရဲ့ ထိပ်ဖျားပိုင်းလေးကို ဝယ်လာခဲ့တာပါ။
အဲဒါလေးကိုတောင် ယန်း၆၆၀ ပေးရပါတယ်၊မြန်မာငွေနဲ့ ဆိုရင် ၇၀၀၀လောက်ကျမှာပေါ့ ။