အာပူလျှာပူ
ရာသီဥတုက အေးနေပြီဆိုတော့ အချမ်းပြေ အာပူလျှာပူလေး ချက်သောက်ပါတယ်။
ငါးကို ဆား၊ဆနွင်းနယ်ပြီး ရေများများနဲ့  ပြုတ်လိုက်ပါတယ်။
အသားနူးသွားရင် ငါးကိုဆယ်ပြီး အရိုးနွှင်ပါတယ်။
အသားတွေကို ငါးပြုတ်အိုးထဲပြန်ထည့် တည်ထားပါတယ်။
ကြက်သွန်ဖြူကို ထောင်းပြီးထည့် ၊ပုဇွန်ငပိကိုလည်း ရေဖျော်ထည့်၊ပဒဲကောထည့်ပြီးကြာကြာလေးတည်ထားလိုက်ပါတယ်။
ဟင်းရည်ကျလာပြီဆိုမှ အပေါ့အငံမြည်းပြီး ငရုပ်ကောင်းလေးခတ်လိုက်ပါတယ်။
ဒါဆိုရင် အာပူလျှာပူသောက်ဖို့ ဟင်းရည်ရပါပြီ...
မုန့် ဖတ်အတွက်တော့ ဒီမှာရတဲ့ မြူစွမ်တစ်မျိုးကို ရေနွေးဖျောလိုက်ပါတယ်။
မုန့် ဟင်းခါးဖတ်နဲ့ တော်တော်လေးတူပါတယ်။
အဆာပလာတွေအတွက်တော့... ကြက်သွန်ဖြူ ဆီချက်လေးချက်ပါတယ်။
ငရုပ်သီးစိမ်းကိုစက်နဲ့  ကြိတ်ပြီး ပြုတ်လိုက်ပါတယ်။
မကျီးသီးကို ရေနွေးလေးနဲ့ ဖျော်ထားပါတယ်။
ကြက်ဥကို ပြုတ်ပြီး လှီးထားပါတယ်။
နံနံပင် မရှိလို့ နံနံပင် အစား ကြက်သွန်မြိတ်ကိုလှီးထားပါတယ်။
အားလုံးပြီးပြီဆိုရင်တော့ အာပူလျှာပူသောက်ဖို့ အဆင်သင့်ဖြစ်ပါပြီ...
ကြိုက်သလို ထည့်ပြီးသောက်နော်....
" မင်း အားမငယ်နဲ့ မင်းနဲ့အတူငါရှိတယ် "
-
အနောက်က ဆင်ထိန်းက တကယ်တော့ ဆင်ကြီးကို တွန်းတင်နိုင်တဲ့ခွန်အားလည်းမရှိသလို
တွန်းတင်ပေးနေတာလည်းမဟုတ်ဘူး
နောက်မှာ သူ့လက်တင်ပြီး " မင်းအနောက်မှာ ငါရှိတယ်
အ...
2 years ago
6 comments:
ဒါကိုလုပ်တတ်ချင်နေတာကြာပြီမိုးရေ... ကျေးဇူးပါ။
အာပူလျှာပူ... အ၀သောက်သွားပြီ... :)
မင်္ဂလာပါ မိုးမိုး ရေ..
အာလဲပူ လျာလဲပူ မယ့် အာပူလျာပူ တော့ အကြိုက်ဆုံး ပဲ။ မစားရတာ ကြာပြီ။ ပဒဲကောထည့်ပြီး ကြာကြာလေး တည်ထားလိုက်ပါတယ်...တဲ့... အဲဒီ ပဒဲကော တော့ မသိဘူး မိုးမိုး ရေ..လုပ်အုံး..အဲဒါ ဘာလဲ ဆိုတာ.. တကယ်မသိတာနော်...
အိမ်မှာ လုပ်ပြီး တွယ်မလို့ (တွယ်..အညာအခေါ် စား မလို့ )...
ခင်မင်စွာဖြင့်
ကိုမျိုး
စားချင်တယ်နော်
သရေယိုပြီးပြန်သွားပြီသိလား
ကောင်းတယ်နော်...
Post a Comment