Sunday 1 November 2009

ပုဇွန်ချဉ်သုပ်

ပုဇွန်ချဉ်သုပ်

ပုဇွန်ချဉ်သုပ်လေးနဲ့ ကြွားလိုက်မယ်နော်။မေမေ့ရဲ့ မျက်နှာနဲ့ မေမေ့အသိ တစ်ယောက်က ကိုယ်တိုင် အချဉ်တည်ပြီးပေးလိုက်တာပါ။
ဈေးကဝယ်တဲ့ပုဇွန်ချဉ်ဆိုရင် ပုဇွန်ကို ခေါင်းတွေအမြီးတွေမချိုးထားပါဘူး။ ပုဇွန်ကနည်းနည်းထမင်းတွေအများကြီးနဲ့  အပြင်အထားခံအောင်လို့ ဆားများများထည့်ထားတဲ့အတွက် ဆားလည်းငံပါတယ်။
အခုပုဇွန်ချဉ်ကတော့ ခေါင်းချိုးရုံမက အခွံပါခွာပြီးထားတာမို့ ဆားပေါ့ပေါ့လေးနဲ့ အသားချဉ်လေးအတိုင်းပါဘဲ။
နောက်တစ်ခုကတော့ လတ်လတ်ဆတ်ဆတ်ဖြစ်တဲ့အတွက် ကြာကြာအထားခံပါတယ်။
ပုဇွန်ချဉ်သုပ်ရင် ကြက်သွန်များများနဲ့ ကြိုက်လို့ ကြက်သွန်များများထည့်သုပ်ပါတယ်။
နံနံပင်လေးရှိရင်တော့ အရမ်းကောင်းမှာပါ၊ အခုတော့နံနံပင် မရှိတဲ့အတွက် ကြက်သွန်နီနဲ့ ငရုပ်သီးစိမ်းလေးနဲ့ ဘဲ ကျေနပ်လိုက်ရပါတယ်။




9 comments:

စန္ဒကူး said...

မိုးရေ.. ပုဇွန်ချဉ်လေ..အရမ်းစားချင်တာဘဲသိလား... အခုတစ်လော အိမ်ကအစာတွေအရမ်းသတိရတယ်။ ဈေးက ပုဇွန်ချဉ်တွေက ဖက်တွေချည်းပဲ..ကောင်းလဲမကောင်းဘူးသိလား.. ကိုယ်တိုင်အချဉ်တည်ထားတာဆိုတော့ အရမ်းကောင်းမှာ..မိုးရေ..လမ်းကြုံရင် မိုးမေမေကို မေးပေးပါအုန်းနော်.. ကူးတစ်ခေါက်ကြိုးစားသေးတယ်.. ထမင်းပျော့ပျော့ ဆားနဲ့နယ်ထားတာ မချဉ်ဘူးမိုးရေ..ပုပ်သွားလို့ စိတ်မကောင်းလိုက်တာ..ဒီမှာက ပုဇွန်ကလဲဈေးအရမ်းကြီးတာ..း)

စူးနွယ်လေး said...

စားခ်င္ပါတယ္ဆိုမွ...

ဖြူတုတ်လေး said...

Oooooooooo.....It's my favorite!

ThuHninSee said...

:)
ကံကောင်းလိုက်တာ။

ဝက်ဝံလေး said...

မပြောဘူး ဘာမှမပြောချင်ဘူး ဟွန့် ဟွန့် ဗိုက်ဆာတယ် အီးးးးးးးးးးးဝါးးးးးးးးးးးးးးးးး

စားချင်စရာကြီး ရှယ်ပဲ ရှယ်ပဲ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ မိုးမိုးရေ..

ပုဇွန်ချဉ် တစ်ထုပ်လောက် စင်ကာပူ သို့ ပါဆယ် ပို့ပေးပါလား ခင်ဗျား... :P
ဘာလို့လဲ မသိဘူး.. ပုဇွန်ချဉ်သုပ် ပန်းကန် ကို ကြည့်ပြီး သွား ကြိမ်းတယ်.. (စားချင်တာလိုက်တာ လို့ ပြောရမှာ ရှက်လို့... ဟီ..ဟိ..


ခင်မင်စွာဖြင့်
ကိုမျိုး

Yu Ya said...

ပုဇွန်ချဉ်သုတ်လေး လာမြည်းသွားတယ် မမိုးရေ..

yu ya

leomark said...

သွားရည်လာကျသွားတယ်ဗျို့

nu-san said...

ပုဇွန်ချဉ်သုပ် မစားရတာ ကြာပြီ မမိုးရေ.. စားချင်နေတာ.. :)
ကျနော်က ပုဇွန်ချဉ်တို့ ငါးချဉ်တို့ သုပ်ရင် အဲဒီထဲမှာ ထည့်သုပ်ထားတဲ့ ကြက်သွန်နဲ့ ငရုတ်သီးစိမ်းကို ပိုကြိုက်တယ်.. စားချင်တယ်.. :D