Thursday 12 November 2009

ငါးဆီပြန်

ငါးဆီပြန်

ဂျပန်မှာ အမြဲလိုလို ပင်လယ်ငါးတွေဘဲ တွေ့ ရတတ်ပါတယ်။ပင်လယ်ငါးတွေရဲ့  အနံ့ ကမြစ်ငါးရဲ့ အနံ့ နဲ့ မတူပါဘူး။ကိုယ်တွေက ရေချိုငါး စားနေကြမို့  လားမသိ ပင်လယ်ငါးရဲ့ အနံ့ ကို မကြိုက်ပါဘူး။
 ဒါပေမဲ့လည်း မရှိတော့ရှိတာစားရတော့တာပေါ့နော်။ဒီတစ်ခါတော့ မြစ်ငါးကလေးရလာတာနဲ့ ဆီပြန်ခြောက်ခြောက်လေးချက်စားပါတယ်။ငါးရဲ့ ပုံစံက ငါးကြင်းလုံးနဲ့ တူပါတယ်။
ငါးကို အကြေးထိုး၊ခေါင်းဖြတ်၊ဗိုက်ခွဲ၊ရေအထပ်ထပ်ဆေးပြီးမှ တစ်ဖက်ကို သုံးချက်စီ မွှန်းလိုက်ပါတယ်။ပြီးတော့ ဆား၊ဆနွင်း၊ငံပြာရည်၊အချိုမှုန့် နဲ့ နယ်ထားပါတယ်။
ကြက်သွန်ဖြူ၊နီ၊ငရုပ်သီးတို့ ကို ရောထောင်းထားပါတယ်။ဂျင်းလေးလည်းနည်းနည်းထောင်းထားပါတယ်။
ဆီအိုးတည်ထားပြီး ဆီပူလာရင် ငရုပ်သီးဆီသတ်ပါတယ်။ငရုပ်သီးကျက်သွားရင်တော့ ငါး၊ဂျင်း၊ရေအနည်းငယ်ထည့် အိုးအဖုံးပိတ်ပြီး တည်ထားပါတယ်။
ရေခမ်းသွားရင်တော့ ရေနည်းနည်းထပ်ထည့် အိုးအဖုံးဖွင့်ပြီး တည်ပါတယ်။ဆီပြန်ပြီး ခြောက်သွားရင် ငါးဆီပြန်မွှေးမွှေးလေးရပါပြီ...



6 comments:

T T Sweet said...

ငါးချက်တာ ဂျင်းထည့်သလား။ အိမ်မှာချက်တဲ့ ချက်နည်းက ရိုးနေလို့ ညီမလေး ပြောတဲ့ အတိုင်း ချက်ကြည့်ဦးမယ်။ ငါးအိုးကပ်နဲ့တူတယ်နော်။

စူးနွယ်လေး said...

စားကောင်းမှာဆိုတာ ကြည့်တာနဲ့သိတယ်
အိုးကပ်ကြိုက်တယ်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ မိုးမိုးရေ..

ငါးဆီပြန်ဟင်းလေး စားသွားပါတယ်။ ငယ်ငယ်တုန်းက အညာမှာဆိုတော့ ငါးကို လတ်လတ်ဆတ်ဆတ် မြင်ဘူး..စားဘူးခဲ့တာ မဟုတ်ဘူး။ အောက်ပြည်ကလာတဲ့ ငါးပိကိုပဲ စားဘူးတာဆိုတော့.. ဘယ်ငါးမျိုးပဲ တွေ့တွေ့ ငါးပိကောင်လေး..ငါးပိကောင်လေး လို့ ပြောကြတာ..
အကြိုက်ဆုံးထဲမှာ ငါးကြော်..ငါးချက်..ငါးပိချက်..အကုန်ပါတယ်... :)

စန္ဒကူး said...

ချက်ပဟ.. မိုးကတော့..
ကူးလဲဗိုက်ဆာလာဘီ..
ထိုနည်းလည်းကောင်း ဒီကငါးတွေညှီလို့ တစ်ခါမှ မချက်စားဖူးဘူး..
တစ်ခါတစ်လေတော့ ငါးတန်းထဲရောက်ရင် အိုးကပ်လေးချက်စားရသိပ်ကောင်းမှာဘဲ တောင့်တမိတာ..လေ..

nu-san said...

မမိုးရေ.. ကျနော်လည်းလေ ရေချိုငါး အရမ်းစားချင်တာ.. ဒီက ပင်လယ်ငါးတွေဆိုတော့ မြန်မာဟင်းလို ငရုတ်သီး ဆီသတ်ချက်တော့လည်းစားမကောင်းလှဘူး..ကျနော် မချက်တတ်တာလည်း ပါမယ်..

မမိုးပြောတဲ့ ငါးမျိုးတော့ တွေ့ဖူးတယ်.. မချက်စားဖြစ်ဘူး.. နောက်တခါမှ ချက်စားကြည့်ဦးမယ်.. :)

leomark said...

လာရောက်အားပေး.. အဲမှားလို့ ...စားသွားပါကြောင်းး)ငါးနံ့ မွှေးမွှေးလေး ရတယ်း)