Sunday 10 January 2010

ပုဇွန်အစိမ်းသုပ်

ပုဇွန်အစိမ်းသုပ်



ဘယ်နေရာကိုကြည့်ကြည့် နှင်းတွေဖွေးနေတာက ရန်ကုန်မှာ မတွေ့ ရတဲ့မြင်ကွင်းပေမဲ့
ကြာတော့ငြီးငွေ့ လာတယ်။အေးစက်စက်နဲ့  နှင်းတွေ တစ်ချိန်လုံးကျနေပြီး -3C ဖြစ်နေ
တာကြောင့် အသုပ်စပ်စပ်လေးနဲ့ ဟင်းခါးလေးသောက်ဖို့ စိတ်ကူးရသွားမိပါတယ်။
ပုဇွန်ကို အခွံခွာ သံပုရာရည်ညှစ်ပြီး နေ့ ဝက်လောက် နှပ်ထားလိုက်ပါတယ်။



ကြက်သွန်နီပါးပါးလှီးပြီး ရေဆေးထားပါတယ်။ငရုပ်သီးစိမ်းကိုလည်း ပါးပါးလှီးထားပါတယ်။ပုဇွန်ကိုတော့ ရေတွေညှစ်ပြီး အနေတော်လေးတွေ လှီးထားပါတယ်။



စားတော့မယ်ဆိုရင်တော့ အချိုမှုန့် ၊ငံပြာရည်၊ငရုပ်သီးအကျက်မှုန့် သင့်တော်ရုံထည့်၊သံပုရာရည်လေးညှစ်ပြီးနယ်လိုက်ရုံပါဘဲ...



ဒါကတော့ ပုဇွန်သုပ်နဲ့ တွဲစားဖို့  ဟင်းခါးလေးပါ။ပဲပြား၊ကြာဇံ၊ဂေါ်ဖီတို့ နဲ့ ချက်ထားပါတယ်...


7 comments:

Anonymous said...

အမလေးဗျာ ဗိုက်တောင် ဆာလာပြိ

Anonymous said...

အမလေးဗျာ ဗိုက်တောင် ဆာလာပြိ

subuueain said...

ပုစွန်ကို အစိမ်းသုတ်သုတ် အကျက်သုတ်သုတ်အရမ်းကြိုက်တယ်။ ခံတွင်းပျက်နေရင်တောင် ပြန်ကောင်းလာသလိုဘဲ။ သွားရည်တောင်ကျလာပြီ ဟီး :)

ThuHninSee said...

:)
ဟုတ်ပါရဲ့။ အေးရတဲ့အထဲ နေရောင်မမြင်ရတာ စိတ်တောင်ညစ်တယ်။
ပုစွန်အစိမ်းသုပ်..မြင်မှ.. သုပ်စားချင်လာပြီ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ မိုးမိုးရေ..

မမြင်ဘူး.. မနေဘူးလို့ နှင်းတွေကျနေပြီး နှင်းတွေထူထူထပ်ထပ်ထဲမှာ လမ်းတော့လျောက်ချင်ပါသေးရဲ့။

ပုဇွန်အစိမ်းသုပ် ကတော့ ၀ယ်စားတာ ကောင်းလွန်းလို့ အိမ်ရောက်တော့ သူငယ်ချင်းတွေနဲ့အတူ သုပ်စားကြတာ.. မနက်လဲရောက်ရော တစ်အိမ်လုံး ၀မ်းလျောကြတာတော့ဘဲ။ ဖြစ်မှာပေါ့.. နည်းလမ်းတကျ သုပ်တတ်ကြတာမှ မဟုတ်တာ..

အခုတော့ သုပ်နည်းသိပြီ။ မနက်ဖန်တော့ မကျေပွဲနွှဲပြီး သုပ်စားအုံးမယ်....

ခင်မင်စွာဖြင့်
ကိုမျိုး

Vista said...

လာလေ့ ဒီညနေသုတ်စားမယ်ကွ

Shinlay said...

လာမြည်းသွားပါတယ်။ ပုဇွန်သုပ်ဆို အလွန်ကြိုက်ပါတယ်။