Friday 15 January 2010

ဖက်ထုတ်ပေါင်း

ဖက်ထုတ်ပေါင်း

ဖက်ထုတ်ထုတ်ဖို့ အတွက်ဖက်ကိုတော့ super ကဝယ်ထားပါတယ်။ ကော်လေးနည်းနည်းလိုတာကြောင့် ကော်မှုန့် လေးနည်းနည်းကို ရေကျဲကျဲလေးနဲ့ကြိုထားပါတယ်။ဂျင်းနဲ့ကြက်သွန်ဖြူကိုကြိတ်ထားပါတယ်။ကြက်သားကြိတ်သားထဲကို ပဲငံပြာရည်အကြည်၊ ဆား၊အချိုမှုန့် ၊
တရုပ်မဆလာ့ ထည့်၊ကြိတ်ထားတဲ့ ဂျင်း၊ကြက်သွန်ဖြူ ထည့်ပြီး နယ်ထားပါတယ်။
ဂေါ်ဖီနဲ့ ကြက်သွန်နီကို သေးသေးလေးတွေလှီးပြီး ကြက်သားနဲ့ ရောနယ်လိုက်ရင်တော့
ဖက်ထုတ်ထုတ်ဖို့ အစာရသွားပါပြီ။



ဖက်ကလေးတွေခင်း အလယ်မှာ အစာလေးပုံပြီး ကော်နဲ့ ကပ်လိုက်ရင်တော့ ဖက်ထုတ်အစိမ်းလေးတွေရလာပါပြီ။



 ဖက်ထုတ်ကြော်စားချင်ရင်တော့ ဆီပူပူထဲ ထည့်ကြော်ရုံပါဘဲ။



ဒီနေ့ တော့ ဆီမစားချင်တာကြောင့် ပေါင်းလိုက်ပါတယ်...
အားပေးသွားကြပါဦး.............

6 comments:

စန္ဒကူး said...

မိုးရေ..အားပေးသွားတယ်..
မလုပ်တတ်ဘူးအဲဒါ..စားတော့စားချင်တယ်..
ထုပ်ရင်အဆင်မပြေဘူး..း)

subuueain said...

ဖက်ထုတ်စွပ်ပြုတ်လေးသောက်ချင်တယ် :)

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ မိုးမိုး..

ဖက်ထုတ်ပေါင်း နဲ့ ဖက်ထုတ်ကြော် ကတော့ မကြာခဏဆိုသလို စားဖြစ်တယ်။ အချဉ်ရည်လေးနဲ့ တို့ပြီး တစ်ခုလုံး တခါတည်း ထည့်ပြီး စားပစ်လိုက်တာ။ ပါးစပ်ထဲရောက်မှ ဖြည်းဖြည်းချင်း ပြန်ဝါးတာ :) :)...

ခင်မင်စွာဖြင့်
ကိုမျိုး

ဝက်ဝံလေး said...

ဖက်ထုပ်ပြုတ် စားချင်တာ မမိုးရေ
စားတော့စားချင်တယ် ဒါပေမယ့် မလုပ်တတ်ဘူး ဟီးးးးးးးးးးးး

Shinlay said...

လာအားပေးသွားပါတယ်။ ဖက်ထုတ်စွပ်ပြုတ် လုပ်စားအုံး
မှ။

shwezinu said...

ဖက်ထုပ်ပေါင်းလေးစားပြီးပြန်သွားပြီ