Sunday 21 March 2010

ပုဇွန်ချဉ်စပ်

ပုဇွန်ချဉ်စပ်

 ပုဇွန်ကို အခွံခွါ ကျောခွဲ အစာဟောင်း လမ်းကြောင်းလေးထုတ်ပြီး ဆား၊ဆနွင်းနယ်ထားပါတယ်။

ကြက်သွန်ဖြူ၊ကြက်သွန်နီနဲ့ ငရုပ်သီးကို ထောင်းထားပါတယ်။ငရုပ်သီးစိမ်းနဲ့ ခရမ်းချဉ်သီးကိုလည်း သေးသေးလေးတွေ လှီးထားပါတယ်။ဆီနည်းနည်းနဲ့ ငရုပ်သီးကို ဆီသတ်ပါတယ်။ငရုပ်သီးအစိမ်းနံ့ ပျောက်ပြီး မွှေးလာရင်တော့ လှီးထားတဲ့ ငရုပ်သီးစိမ်းနဲ့ ခရမ်းချဉ်သီးကိုထည့် ၊ရေထည့်၊ အချိုမှုန့် ၊ဆား၊ငံပြာရည်ထည့်ပြီး တည်ထားပါတယ်။ခရမ်းချဉ်သီးလည်းနူးသွားပြီး ဆီလည်းပျံသွားရင်တော့ ပုဇွန်ထည့် ရေကို ကိုယ်ကြိုက်တဲ့ အနေထည့် ပြီးတည်ထားပါတယ်။ပုဇွန်က ကျက်လွယ်တာမို့ ရေဆူလာပြီး ခဏကြာရင် အပေါ့အငံမြည်းကြည့်ပြီး ချဉ်ချဉ်စပ်စပ်ပုဇွန်ဟင်းလေးကို သုံးဆောင်နိုင်ပါတယ်.....

5 comments:

subuueain said...

ကောင်းတယ် မမိုးရေ အနှစ်များများလေးနဲ့ ထမင်းနယ်စားချင်တယ်

ဝက်ဝံလေး said...

အယ် ပုဇွန်ဟင်းပဲ ချက်စားဖူးတာ ချဉ်စပ်က စားဖူးဘူးလေ စားချင်လိုက်ထှာာာ ရှလွတ်

shwezinu said...

ညီမ ရေ

စားသွားတယ်နော် ပုဇွန်ချဉ်စပ် ဟင်း

ခင်တဲ့
ရွှေစင်ဦး

စန္ဒကူး said...

ကြိုက်တယ်မိုးရေ.. ပုဇွန်ဆို ဘယ်လိုချက်ချက်.. အစပ်လေးက ပိုကြိုက်..

လုလု said...

မိုးမိုးရေ
အရင်ရက်ကတည်း ပုစွန်ချဉ်စပ်ဟင်းတွေ့ပြီး စားချင်နေတာ၊ အလုပ်များနေတာနဲ့ အခုမှပဲ လာစားလိုက်ရတယ် ညီမလေးရေ။ ပုစွန်ဆို ဘယ်လိုချက်ချက် အရမ်းကြိုက်တာ။ ချဉ်စပ်ဆို ပိုကြိုက်သေးတယ်။ အရမ်းကောင်းတာ။
ချစ်ခင်စွာဖြင့်
လုလု