သူငယ်ချင်းတစ်ယောက် လာချက်ကျွေးလို့  မှတ်တမ်းတင်ထားလိုက်တာပါ။
ဒါတွေကတော့ ထည့်စားဖို့ အတွက် အဆာပလာတွေပေါ့...
ပထမဆုံး ဒယ်ထဲကို ဆီနည်းနည်းထည့်၊ကြက်သားကြိတ်သားထည့်၊ဆားနည်းနည်းထည့်ပြီး တည်ထားပါတယ်။ကြက်သားကထွက်လာတဲ့ရေ ခမ်းသွားတော့မှ ရေနည်းနည်းထည့်ပါတယ်။ရေခမ်းကာနီးအချိန်မှာ Taco Seasoning Mix ကိုထည့်၊ခဏမွှေပေးလိုက်ရင် ကြက်သားဟင်းရပါပြီ...
စားတော့မယ်ဆိုရင်တော့ ထမင်းပူပူထဲကို တစ်မျိုးပြီးတစ်မျိုးထည့်ပြီး စားရပါတယ်...ကြက်သားဟင်း ထည့်။ဟင်းအပူကြောင့် Cheese တွေပျှော်ကျအောင်Cheese ကိုအရင်ထည့်ရတာပါ
ဒိန်ချဉ်ထည့်
Salsa ထည့်
အာလူးကြော်ထည့်ပြီးရင်စားလို့ ရပြီနော်
အားပေးသွားကြပါဦးနော်
7 comments:
အားပေးသွားပါတယ်။
စားချင်စရာလေး...အစာပလာတွေအများကြီးနော်..
စားတော့မစားဖူးပါ။
စားချင်စရာလေးနော်။
စားချင်စရာ။
Good, I want to eat..it looks delicious
ညီမရေ
စားသွားတယ် တဝကြီး
cheese ကိုတော့ ကြိုက်တယ်
ခင်တဲ့
ရွှေစင်ဦး
ရှလွတ်
Post a Comment