Cream Stew
ဘော်ဒါတစ်ယောက်လာချက်ပြသွားတာပါ...
ကြက်သား၅၀၀ ဂရမ်ကို အနေတော်လေးတွေတုံးပြီး ဆားနယ်ထားပါတယ်။ကြက်သွန်နီ ၃လုံးကို အခွံခွာပြီး ပါးပါးလှီးထားပါတယ်။အာလူး ၅လုံး၊ carrot ၂ ခုကိုလည်း အခွံခွာပြီး အတုံးကြီးကြီးလေးတွေ တုံးထားပါတယ်။၊ ဘရိုကိုလီ ၁ပွင့် ကိုလည်းချွေထားပါတယ်။
ချက်မဲ့အိုးထဲကို ဆီ ၂ဇွန်းထည့် ၊ကြက်သားထည့်ပြီး တည်ထားပါတယ်။ကြက်သားထဲက ထွက်လာတဲ့ရေ ခမ်းသွားရင်တော့ ရေ၁၂၀၀ ml ထည့်တည်ပါတယ်။ရေဆူလာပြီး ကြက်သားနူးရင် နွားနို့ ၂၀၀ml ၊ကြက်သွန်နီ၊အာလူး၊carrot၊ဘရိုကိုလီ တွေထည့်လိုက်ပါတယ်။အားလုံးနူးကာနီးရင်တော့ cream အခဲထည့်ရပါတယ်။cream အခဲ အရည်ပျော်သွားရင်တော့ ချိုချိုဆိမ့်ဆိမ့်အနံ့ မွှေးမွှေးလေး
နဲ့ cream stew လေးစားလို့ ရပါပြီ....
Dressing the vegetables
Cream ဘူး
အထဲက cream ထုပ်
နွားနို့ 
စားလို့ ရပြီနော်
8 comments:
အင်း လာစားသွားပြီနော် ဘာတွေမှန်းတော့ မသိဘူး ညီမ ချက်ကျွေးလို့စားရတယ်
ခင်တဲ့
ရွှေစင်
အထူးအဆန်းပဲတော့ တစ်ခါမှတော့ မစားဖူးဘူး။
စားဖူးချင်သားတော့။ စားသွားပြီနော်။
မင်္ဂလာပါ မိုမိုး..
ဟုတ်ပ.. စားဘူးဘို့ နေနေသာသာ ကြားတောင် မကြားဘူးဘူး :) :)...
စင်ကာပူကို ပါဆယ် ပို့ပေးလိုက်ပါလားဗျာ.... :) :)
ခင်မင်စွာဖြင့်
ကိုမျိုး
စိတ်ဝင်စားစရာပဲ။ စားကြည့်ချင်တယ်။
အယ် အမ စားကောင်းလားဟင် မစားဖူးဘူးတော့ တယောက်တည်းလုပ်စားရမှာလဲ ပျင်းစရာကြီးနော် အဟီးးးးးးးးးးးး
စားကောင်းမယ့်ပုံပဲနော် ရှလွတ် ဂလု ပလပ်
မကြိုက်ဘူး။ဘူးသီးဟင်းခါးပဲကြိုက်တယ်။
မကြိုက်ဘူး။ဟီးဟီး
စားလို့ကောင်းသလား
Post a Comment