Thursday 8 October 2009

ငါးငရုပ်သီးစိမ်းချက်


ငါးငရုပ်သီးစိမ်းချက် 

ငါးကို ဆား၊ဆနွင်း၊ငံပြာရည်တို့ နဲ့ အရင်ဆုံးနယ်ထားပါတယ်။
ကြက်သွန်ဖြူကို မညက်တညက်လေး ထောင်းထားပါတယ်။
ကြက်သွန်နီနဲ့  ငရုပ်သီးစိမ်းကိုလည်း လှီးထားပါတယ်။
အိုးထဲကို ဆီပါလေကာထည့်ပြီးတည်ပါတယ်။
ဆီပူလာရင် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုထည့်လိုက်ပါတယ်။
ကြက်သွန်တွေ နွမ်းသွားရင် ငါးထည့်၊ရေနည်းနည်းထည့်ပြီးတည်ပါတယ်။
ရေခမ်းသွားရင်တော့ ငါးဟင်းကိုအရည်လေးနဲ့ ချက်မှာမို့ ရေများများလေးထည့်၊ငရုပ်သီးစိမ်းလေးထည့်ပြီးတည်ပါတယ်။
ရေတွေဆူလာပြီး ကိုယ်လိုသလောက်ရေကျန် ပြီ်ဆိုရင်စားလို့ ရပါပြီ။
ဒီဟင်းလေးကတော့  ပူပူလောလောနဲ့ စပ်စပ်လေးဆိုတော့ အေးတဲ့ရာသ်ီမှာချက်စားလို့ အဆင်ပြေပါတယ်ရှင်...






Type rest of the post here

9 comments:

စန္ဒကူး said...

မိုးရေ..ဘာငါးတုန်း..
ကြည့်ရတာ ငါသလဲထိုးလို..
အသားကျစ်မယ့်ပုံပဲ...
ဒီမှာတော့ ငါးရှားတယ်... မချက်တတ်တာလဲ ပါတယ်..း)

ဝက်ဝံလေး said...

ဟယ် စားကောင်းမယ့်ပုံပဲ ဟ ရှလွတ် ဒါပေမယ့် ငါးဆိုရင် ကိုင်ရတာ လက်ဝင်လို့ မစားဖြစ်တာကြာပေါ့ တီတီတို့အိမ်ပြန်ရောက်မှ ချက်ခိုင်းရတယ် ဟီးးးးးးးးးးး

စူးနွယ်လေး said...

ဒီလိုချက်ပုံမျိုး ကြိုက်တယ်
ဆီမများပဲ အရေသောက်လေးမို့

kiki said...

ဆီကျန် ရေကျန် ငါးဟင်းလေး နဲ့ ငရုတ်သီးစပ်လေးက စားကောင်းမဲ့ ပုံပဲနော် .. ဘာငါးမျိုးလဲဟင် .. ပိန်ရှေ ရှေ နဲ့ ..အရိုးကော များလား ..
( ဟိ ထူးထူးဆန်းဆန်း ငါးနာမယ်တွေ ပြောရင်လဲ သိမှာ မဟုတ်ဖူး .. ..အရိုးထွင်ရလွယ်ရင်တော့ ကောင်းမှာ ..
ငါးရိုးစူးဖူးလို့  အရိုးများတဲ့ငါးဆို ကြောက်စ်.. )

စိမ်း... said...

ရေချိုငါးမှ စားကောင်းတာ ဒီကငါးတွေကချိုလည်းမချိုဘူး.. ဈေးလည်းကြီးတယ် ချက်လည်းမချက်တတ်ဘူးဆိုတော့ ငါးဘက်ကိုမလှည့်ဖြစ်ဘူး နည်းတော့မှတ်ထားမယ် အစ်မရေ စားလို့တော်တော်ကောင်းမယ့်ပုံပဲ... :)

Anonymous said...

မရေ................
ဖျားနေတာနော်..အဟင့်
အဲ့လိုလေးစားချင်လိုက်တာသိလား
လာပို့ ပေးနော်..........မမ

Angel Shaper said...

အားပါးးးးးးး မမိုးးးးးးးးး စားချင်လိုက်တာ ဗိုက်ဆာနေတာနဲ့ အတော်ပဲ။ ပလွတ်.. ရှလွတ်..

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ မိုးမိုး ရေ..

ငါးငရုပ်သီးစိမ်းချက် ကတော့ အကြိုက်ဆုံးဟင်း တစ်ခုပါ။ ခဏခဏလဲ စားဘူးပါတယ်.. အမေ ချက်ကျွေးတာလေ။ အခုတော့ အမေ နဲ့လဲ အဝေး တနေရာဆီမှာ ဆိုတော့ မစားရတာ ကြာပြီ။


ခင်မင်စွာဖြင့်
ကိုမျိုး

ဖြူတုတ်လေး said...

တခါမှ မစားဖူးဘူး မိုးရဲ့။ စမ်းကြည့်ရမယ်။