ရိက္ခာတွေရောက်ပြီ
၁၂.၁၀.၀၉(တနင်္လာနေ့ )မှာ ရန်ကုန်ကပို့ လိုက်တဲ့ parcel ဟာ ၁၅.၁၀.၀၉(ကြာသပတေးနေ့ )ညနေ ၃နာရီမှာရောက်လာပါတယ်။ရောက်တာနဲ့ ဝမ်းသာအားရ ချက်ခြင်းဘဲ ဖေါက်လိုက်ပါတယ်။အထဲမှာ လဖက်၊အကြော်စုံ၊ပုန်းရည်ကြီးမှုန့် ၊ပါပလာ၊ငါးမုန့် ၊မွှေးဘယာကြော်မှုန့် ၊ပုဇွန်ခြောက်၊ပုဇွန်ငပိ၊အာပြဲခြောက်၊ငါးရံ့ ခြောက်၊ဒညင်းသီး၊မုန့် ဟင်းခါးချက်ဖို့ ငါးဆီသတ်၊ဆန်လှော်မှုန့် ၊ပဲမှုန့် ၊့ ပုဇွန်ချဉ်၊ပုဇွန်ချဉ်ကြော်၊ပုဇွန်ကြော်၊ငါးဆုပ်ကြော်၊ငါးကြော်တွေပါလာပါတယ်။မာတာမိခင်ရဲ့ ကျေးဇူးတွေပါ သားသမီးတွေတင်မက မြေးတွေထိ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်တတ်တဲ့ အမေ ကျန်းမာချမ်းသာစွာနဲ့ အသက်ရာကျော်ရှည်စေဖို့ အမြဲဆုတောင်းနေပါတယ်...
Introducing a Podcast channel by one of my colleagues
-
My junior colleague Dr. Zaw created a podcast channel with the name "Dr.
Zaw - Life and Health".
You may use this RSS link on any platform:
Check it out:
h...
1 year ago
15 comments:
စားချင်လိုက်တာနော်
ပုစွန်ချဉ်အစားချင်ဆုံးပဲ
ပုဇွန်ချဉ် စားချင်လိုက်တာနော်
မိုးရေ... ကာတွန်းတွေထဲကလို့ monitor ကိုခုန်ဝင်ပြီး လာစားလို့ရရင် သိပ်ကောင်းမှာပဲ။
Word Verification ကို ဖြုတ်ထားလို့ရလားဟင်။
ဟာ စားစရာရောက်လာပြီဆိုတာ ဧည့်သည်လာလုပ်မယ်။
ပုဇွန်ချဉ်စားချင်တယ်။ ပုန်းရည်ကြီးလဲစားချင်တယ်။
တံခါးမပိတ်ထားနဲ့ နော်။ လာမှာဘဲ
ငါးဆုတ်ကြော်!!!!!
စားချင်ဒယ် !!!!
မမိုးတော့ မြန်မာစားစရာတွေ အများကြီးနဲ့ ပျော်နေမှာပဲ.. အဟီး..ဒီအချိန် ဧည့်သည်လာလုပ်ရင်ကောင်းမယ်နော်.. :D
ဒညင်းသီးတောင် ပါလာတယ်ဆိုတော့ စားချင်လိုက်တာ.. ငါးကြော်တွေ ငါးဖယ်ကြော်တွေ မျက်စေ့ထဲက ထွက်ကို မထွက်ဘူး.. :)
မင်္ဂလာပါ မိုးမိုး ရေ..
ကျနော့်ဆီကိုလဲ ငါးရံ့ခြောက်လေး ပို့ပေးလိုက်အုံး ဗျ.. ဟိ..ဟီး..
ခင်မင်စွာဖြင့်
ကိုမျိုး
ရှယ်ဘဲ ဂလုဂလု မေမေ ကျန်းမာချမ်းသာပါစေ။
ဟယ် ငါးကြော်တော့ စားချင်လိုက်တာ ရှလွတ်
မမိုးရေ...
ဒီဘက်က လူတွေလည်း သွားရေကျနေပါပြီ။
သွားရည်ကျအောင်လုပ်နေတယ်... :)
အမေဆိုတာ.. အဲသလိုလားး
ကံကောင်းလိုက်တာ..အမရာ..။
တခုပေးရင်တခုရတယ်ဆိုရင်..
ကျနော်လိုချင်တာ စေတနာမေတ္တာတွေပါ..
ကျနော်.. ဘယ်တော့မှရတော့မှာ မဟုတ်တဲ့ အမေဆိုတာတွေရဲ့ မေတ္တာတွေကို ခံစားရတဲ့ သူတွေကို အရမ်းအားကျမိပါတယ်..။
ကျနော့်မှာသာ အမေရှိခဲ့ရင်....ဆိုတဲ့ အတွေးတောင် ဝင်မိတယ်။
သြော်.. နောက်ဆုံးတော့လဲ ပိုက်ဆံပေးရင်ဝယ်လို့ရတာပဲလို့ သဘောပိုက်လိုက်ပါတယ်..
စားချင်လိုက်တာ.. အမရာ..။ ဟီး
ငါးဖယ်နဲ့ ငါးကျီးကိုစားချင်တာ..။
ပို့တဲ့နည်းလေး ပြောပြပါလား။ ဘယ်စာပို့နဲ့ပို့ရတာလည်း။
ကျေးဇူးတင်ပါတယ်။
မြင်ရတာ စားချင်တာနော်။
မအယ်
ကျေးဇူး ညီမ။ ems ဆိုတာ ဘာလည်းဟင်။ စာပို့ လုပ်ငန်းလား။
မအယ်
အစားအသောက် အနံ့ရလို့ လိုက်လာပါတယ်။ သွားရည်သိမ်းပြီး ပြန်သွားပြီ။
အမေက သိပ်ချစ်ရှာတာပဲနော်။ ကံကောင်းလိုက်တာ။
Post a Comment