မုံညင်းပေါင်း
ဒီနေ့ super မှာ မုံညင်းဖူးလေးတွေ့ လိုက်တော့ ဟင်းရွက်မြင်ရင်ဝယ်ချင်တဲ့အကျင့်ကြောင့် ယန်း၁၁၀နဲ့  တစ်ထုပ်ဝယ်လာခဲ့ပါတယ်။
အိမ်ရောက်တော့မှ ဘာလုပ်စားရင်ကောင်းမလဲလို့ စဉ်းစားရင်းနဲ့ ပေါင်းစားဖို့ စိတ်ကူးရသွားပါတယ်။
မုံညင်းဖူးလေးတွေက ထိပ်ဖျားလေးတွေချည်းမို့  ဖြတ်ပစ်စရာမလိုတဲ့အတွက် ရေဘဲစင်အောင်ဆေးလိုက်ပါတယ်။
ကြက်သွန်ဖြူနဲ့ ပုဇွန်ငပိကို ရောထောင်းလိုက်ပါတယ်။
ကြက်သွန်နီကိုတော့ တောက်တောက်စင်းထားပါတယ်။
ဇလုံတစ်ခုထဲမှာ မုန်ညင်းဖူး၊ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ပုဇွန်ငပိ၊ကြက်သွန်နီ၊ပုဇွန်ခြောက်၊ဆီနည်းနည်း၊ဆားနည်းနည်းထည့်၊ဆန်မှုန့် ထည့်ပြီးနယ်ပါတယ်။
နယ်လို့ နှံ့ သွားရင်တော့ ပေါင်းလို့ ရပါပြီ။
ထမင်းအိုးရဲ့ အပေါ်အံကလေးနဲ့ ပေါင်းလည်းရပါတယ်။
ကျွန်မကတော့ အခုလိုလေးပေါင်းလိုက်ပါတယ်။
ဒါလေးကတော့ ပေါင်းတဲ့အိုးထဲကထုတ် ကြက်သွန်ကြော်လေးဖြူးပြီး စားဖို့ အဆင်သင့်ပြင်ထားပါပြီ။
Introducing a Podcast channel by one of my colleagues
-
My junior colleague Dr. Zaw created a podcast channel with the name "Dr.
Zaw - Life and Health".
You may use this RSS link on any platform:
Check it out:
h...
1 year ago
8 comments:
မင်္ဂလာပါ မိုးမိုး ရေ..
တစ်ခုပြီး တစ်ခု စားချင်စရာလေးတွေကြီးပဲ။ အခုလဲ မုံညင်းပေါင်းတဲ့။
အိမ်က အမျိုးသမီးကတော့ မိုးမိုးကို ကျေးဇူးတင်နေတယ် ဗျာ... ကျနော်က ဒီလာကြည့်လိုက် စမ်းပြီး ချက်လိုက်နဲ့.. သူ သက်သာတော့ ကျေးဇူးတင်တာ ဖြစ်မှာပေါ့.. ဟိ..
ခင်မင်စွာဖြင့်
ကိုမျိုး
ရှလွတ် စားကောင်းမယ့်ပုံပဲနော်
မရေ...
မုံညှင်းပေါင်းလေး စားချင်စရာနော်
မစားရတာ ကြာလှပေါ့
ဖြူတုတ်တခါမှ လုပ်မစားဖူးဘူး။ မနက်ဖြန်မှာစမ်းမယ်။ ကျေးဇူးပါ။
မိုးမိုးက ထူးထူးဆန်းဆန်းဟင်းလေးတွေ ချက်တတ်တယ်နော်။ မုံညင်းပေါင်းတဲ့။ တစ်ခါမှ မစားဖူးဘူး။ ကောင်းမဲ့ပုံလေး။
မုံညှင်းပေါင်းလေး လာမြည်းတယ် မမိုးရေ..
yu ya
မုန်ညင်းပေါင်း ဦးလေးရှိတုန်းကတော့စားရတယ် ခုတော့ မစားရတာ ကြာလှပြီ လာငမ်းသွားတယ် အစ်မရေ
အရမ်းကြိုက်တယ်။
မေမေကတော့ ငါးထည့်ပေါင်း တယ်။
အဆီမစားဖြစ်ဘူးပေါ့။ ဒီဟင်း မိုက်တယ်။
မအယ်
Post a Comment