Wednesday 28 October 2009

ပုဇွန်ဆီပြန် နဲ့ ပန်းဂေါ်ဖီကြော်

ပုဇွန်ဆီပြန်

ပုဇွန်တွေကို အရင်ဆုံး ရေနဲ့ စင်အောင်ဆေးပါတယ်။
ပြီးရင်တော့ ပုဇွန်ကို အခွံခွာ ကျောကိုဓါးပါးလေးနဲ့ ခွဲပြီး ချေးကြောင်းလေး ဆွဲထုတ်လိုက်ပါတယ်။
ကျောခွဲလိုက်တော့ အသားထဲကိုလည်း အရသာပိုဝင်သွားပါတယ်။
ပုဇွန်ကို ဆား၊ဆနွင်း နယ်ထားလိုက်ပြီး ကြက်သွန်နီကို ပါးပါးလှီးထားပါတယ်။
ဆီအိုးတည်ထားပြီး ဆီပူလာရင် ကြက်သွန်နီထည့်ကြော်ပါတယ်။
ကြက်သွန်လေးတွေ နွမ်းပြီး ဝါရောင်သမ်းလာရင်တော့ ပုဇွန်ထည့်၊ရေလေးနည်းနည်းထည့်ပြီးတည်ပါတယ်။
ဆီပျံရင်တော့ ပုဇွန်ဆီပျံမွှေးမွှေးလေး စားလို့ ရပါပြီနော်...



ဒါလေးကတော့ ဂေါ်ဖီနဲ့ ပန်းဂေါ်ဖီကို ပုဇွန်ခြောက်လေးနဲ့ ကြော်ထားပါတယ်။



8 comments:

kiki said...

ချက်တတ်သူတွေ ကျ ၊ လွယ်လိုက်တာ နော် ..
လှလှ ပပ လေး စားချင်စရာလေး ထွက်လာတယ် ။
ဗိုက်တောင်ဆာလာပြီ .. ဂြီ .. ဂြီ
သွားရည်ကျ ပြီး ပြန်ရအုံးမှာပါလား ....ရှလွတ် ...

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ မိုးမိုး ရေ..

ပုဇွန်ဆီပြန် ဟင်းလေးနဲ့ ပန်းဂေါ်ဖီကြော်လေး ရယ် ရေနွေးချမ်းလေး တစ်ခွက်လောက်နဲ့ လွေး လိုက်ရလို့ကတော့ အခုတက်နေတဲ့ ၀ိတ်တွေ ထိန်းထားလို့ကို ရမှာမဟုတ်တော့ဘူး.. အညာသား ဆိုတော့ ဘာဟင်းလေးနဲ့ စားစား ရေနွေးချမ်းလေးနဲ့ အတူ သောက်ပြီး စားလိုက်ရမှ...


ခင်မင်စွာဖြင့်
ကိုမျိုး

Yu Ya said...

ရှလွတ်..ရှလွတ်.. ပုစွန်ဟင်း လာမြည်းသွားတယ် မမိုးရေ..

yu ya

ဝက်ဝံလေး said...

သိလား ပြောပြမယ် ခေါင်းစဉ်ကြည့်လိုက်ကတည်းက ဟားးး ငါ့အကြိုက်ပုဇွန်ပဲ ငါတော့ မစားရပဲနဲ့ သွားရည်ယိုနေမယ် ဆိုပြီးမလာဘူး သိလား အကောင်းပြောတာ နောက် မနေနိုင်ဘူး ရယ် လာငမ်းထှာ ဟွင်းးး ဂယ်စားချင်တယ်နော် အဲလို ပုဇွန်ဆီပြန် မစားရတာကြာပေါ့ ရှလွတ် ဂလု ပလပ် လူကို နော် အစားနဲ့ နှိပ်စက်နေတယ် မလာဘူး နောက်မလာဘူး (ပြောတာပဲ ပြီးရင် သွားရည်ကျဖို့ ရောက်ရောက်လာတယ်သိလား မကောင်းဘူးနော် )

ဘိုင် တာ့တာ ဒုန်းးးးးးးးဒုန်းးးးးးးးးးး ပြန်ပြီ (ဝက်ဝံလိမ့်သံလေးထည့်ပေးထားတယ် မြည်သံစွဲအလင်္ကာပေါ့ကွယ် ငှဲငှဲ)

leomark said...

ပုဇွနှ်ဆီပြန်က စားကောင်းမဲ့ပုံပဲနော်။။း) ဆီပြန်မစားရတာကြာပြီဗျ။

ဖြူတုတ်လေး said...

ဖြူတုတ်ချက်တာနဲ့များ ကွာလိုက်တာနော်။ ဒီလိုချက်တတ်အောင် သင်ပေးပါဗျို့။

chocothazin said...

ပုစွန်ဆီပြန်နဲ့ သရက်သီးမှည့်လေးနဲ့ စားချင်လိုက်တာနော် မမိုးမိုး။

စိမ်း... said...

ဟီး စိမ်းကတော့ ပုစွန်ကို ကျောခွဲဘူး ပျင်းလို့ ဒီတိုင်းစားပလိုက်တာပဲ ... ဟီး