သခွားသီးသုပ်
မြန်မာပြည်မှာတော့ သခွားသီးအကြီးကြီးကို ထက်ခြမ်းခြမ်း အစေ့တွေဖယ် ဂျစ်နဲ့ ခြစ်ပြီး သုပ်ပါတယ်။
ဒီမှာတော့ သခွားသီးသေးသေးလေးတွေဘဲ ရှိပါတယ်၊သခွားသီးလေးတွေက စားလို့ တော့ တော်တော်ကောင်းပါတယ်။
အစေ့လေးတွေတည်ရုံလေးနဲ့ ကျွတ်ကျွတ်ချိုချိုလေးပါ။
သုပ်စားချင်လာတာတာနဲ့ သခွားသီးလေးတွေကို အခွံခွာပြီး အချောင်းလေးတွေ ရအောင်လှီးလိုက်ပါတယ်။
ကြက်သွန်နီကို လှီးပြီး ရေဆေး ထားပါတယ်။
ငရုပ်သီးစိမ်းလေးတွေလည်း ပါးပါးလှီးထားပါတယ်။
မြေပဲလှော်ကိုတော့ လေးစိတ်ကွဲလေးထောင်းထားပါတယ်။
စားတော့မယ်ဆိုရင် လှီးထားတဲ့ သခွားသီး၊ကြက်သွန်နီ၊ငရုပ်သီးစိမ်းထည့်၊ထောင်းထားတဲ့မြေပဲလှော်ထည့်၊ပုဇွန်ခြောက်၊ငံပြာရည်၊အချိုမှုန့် ထည့်၊သံပုရာရည်လေးညှစ်ပြီး နယ်စားလိုက်ပါတယ်။
ပင်စိမ်းရွက်လေးရှိရင်တော့ ထည့်သုပ်လိုက်ရင် ပိုပြီးပြည့်စုံသွားမှာပါ၊
Introducing a Podcast channel by one of my colleagues
-
My junior colleague Dr. Zaw created a podcast channel with the name "Dr.
Zaw - Life and Health".
You may use this RSS link on any platform:
Check it out:
h...
1 year ago
12 comments:
စားချင်စရာလေးပဲ
သြော် လွယ်လွယ်လေးပဲ နော့ လုပ်စားဦးမှ
ကျေးဇူး မမ ရေ
ဟဲ ဟဲ စားချင်စရာလေးနော် ရှလွတ်
မရေ.
ဒီလိုလေးသုပ်စားကြည့်အုံးမှသိလား
မြူးထက် ၁၀ ဆသာတယ်သိလား
လာသင်အုံးမယ်သိလား
အသုပ်လေးကစားစရာကွယ်။
အားလုံးကုန်အောင်သွယ်။
ပြန်ကာပြန်ကာလာမယ်ကွယ်။
စားချင်လိုက်တာ မမိုးရယ်။။။။။
သခွါးသီး သုပ်လေးကစားချင်စရာလေး ကိုယ်လည်းသုပ်စားအုန်းမယ် နည်းပေးတဲ့အတွက်ကျေးဇူးပါနော်
မင်္ဂလာပါ မိုးမိုး ရေ..
သခွားသီး ကိုတော့ သုပ်ပြီး မစားဘူးဘူး။ ဒီမှာတော့ သခွားသီးကို ခဏခဏ စားဖြစ်တယ်.. မြန်မာ ဆိုင်တွေ မှာ သခွားသီးကို လှီးပြီး ပေးထားလို့လေ..
သုပ်ပြီး စားကြည့်အုံးမယ်..
ခင်မင်စွာဖြင့်
ကိုမျိုး
စားချင်ထှာ
စိမ်းစိမ်းလေးပါလား...
အသုပ်စိမ်းလေးတွေဆိုအကုန်ကြိုက်..
မိုးလှီးထားတာအချောင်းရှည်လေးတွေလှတယ်..
း)
သခွားသီးသုပ်ကြိုက်တယ် ဒီလိုသုတ်တာမစားဖူးသေးဘူး သုတ်စားကြည့်ဦးမယ် ကျေးဇူးတင်ပါတယ် :)
သခွားသီးသုပ် ကြိုက်တယ်။ ဘယ်လိုသုပ်သုပ် သခွားသီးသုပ်ဆိုကြိုက်တယ်။
ကြည့်ရတာ လှလည်းလှတယ်။ စားချင်စရာကောင်းတယ်။
ပြည်ဖက်က မိတ်ဆွေတွေကတော့ ငါးခူမီးကင် ဒါမှ မဟုတ် ငါးဟင်းထဲက တတုံးနှစ်တုံး အသားနွှင်ထည့်သုပ် ကြတယ်။သိတ်ကောင်းပဲ။
မိုးတော့အေးနေပြီ။ နေပွင့်တဲ့ရက် သုပ်စားအုန်းမယ်။
မအယ်
Post a Comment