Friday 2 October 2009

ရေသရဲဟင်း(ရေဘဝဲဟင်း)

ရေသရဲဟင်း(ရေဘဝဲဟင်း)

ရေသရဲကို ဒီမှာတော့ အကောင်လိုက်တွေရောင်းတာလည်း ရှိပါတယ်။

အကောင်လိုက်ဝယ်မယ်ဆိုရင် မကုန်နိုင်တာက တစ်ကြောင်း၊ဈေးကြီးတာက တစ်ကြောင်း၊

ပျော့စိစိနဲ့ အူယားစရာဖြစ်နေတာက တစ်ကြောင်း.......

အကြောင်းအမျိုးမျိုးနဲ့  လက်တံတစ်ခုရဲ့ ထိပ်ဖျားပိုင်းလေးကို ဝယ်လာခဲ့တာပါ။

အဲဒါလေးကိုတောင် ယန်း၆၆၀ ပေးရပါတယ်၊မြန်မာငွေနဲ့ ဆိုရင် ၇၀၀၀လောက်ကျမှာပေါ့ ။





ဒီမှာပစ္စည်းအားလုံးက ဈေးကြီးတယ်လေ၊စဉ်းစားမိရင် စားချင်စရာတောင်မကောင်းတော့ပါဘူး။

ကျွန်မရဲ့ အမျိုးသားက ခြေလေးချောင်းသားမစားလေတော့ ကြက်သား၊ကြက်ဥနဲ့ seafoodတွေဘဲ ချက်စားရတယ်လေ။

ကြက်သားနဲ့ ကြက်ဥကဈေးသက်သာတော့ ခဏခဏချက်စားဖြစ်တယ်လေ။

ရေသရဲကတော့ သူ့ အကြိုက်ပေမဲ့ တစ်ခါတစ်ရံလေးမှ ချက်ကျွေးတာပေါ့ နော်...

ပထမဆုံး ရေဆေးပြီး လှီးလိုက်ပါတယ်၊ပြီးရင်တော့ ဆား၊ဆနွင်း၊အချိုမှုန့် တို့ နဲ့ နယ်ထားလိုက်ပါတယ်။

ဂျင်း၊စပါးလင်တို့ ကို ထောင်းထားပါတယ်။

ကြက်သွန်ဖြူ၊နီနဲ့ ငရုပ်သီးကို ရောထောင်းထားလိုက်ပါတယ်။

ဆီအိုးတည်ပြီး ငရုပ်သီးဆီသတ်ပါတယ်။

ငရုပ်သီးဆီသတ်ကျက်ရင်တော့ ရေသရဲထည့်၊ဂျင်း၊စပါးလင်ထည့်၊ရေနည်းနည်းထည့်ပြီး တည်ထားပါတယ်။

ရေခမ်းသွားရင် ရေနည်းနည်းထပ်ထည့်ပြီးတည်ပါတယ်။

 ဆီပျံကာနီးလေးမှာတော့ မဆလာလေးခတ်ပြီးသုံးဆောင်နိုင်ပါတယ်ရှင်.



သုံးဆောင်သွားကြပါဦးရှင်....

12 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ မိုးမိုး ရေ..

ဟုတ်တယ်ဗျ.. ရေဘ၀ဲက ဒီမှာလဲ ဈေးကြီးတယ်.. ပြီးတော့ ဘယ်လိုလုပ် စားရမယ်ဆိုတာလဲ မသိတော့ တခါမှ မစားဘူး ဘူးလေ။
အခုတော့ နည်းသိသွားပြီ ဆိုတော့ ၀ယ်ပြီး လက်တည့်စမ်းပြီး ချက်ကြည့်အုံးမှ။

ကျေးဇူးပါ မိုးမိုးရေ..
ခင်မင်စွာဖြင့်
ကိုမျိုး

စန္ဒကူး said...

မိုးရေ... ရေဘ၀ဲတော့ မစားရဲဘူး...
ပုံကြည့်တာနဲ့ကြောက်နေတာ...
အရသာ ပြောပြလေ..သိချင်လို့။

စိမ်း... said...

အယ်... ဒီလိုဆိုတော့လည်း လွယ်သားဟ...
စားကြည့်ဖူးဘူး... ကောင်းလားဟင်... ?

ဝက်ဝံလေး said...

ဟယ်ကြောက်တယ် စားတော့ဘူးနော် ဟိဟိ

ဖြူတုတ်လေး said...

မိုးရေ...ရေဘဝဲတော့မစားရဲလို့ ... နောက်တင်မဲ့ဟင်းကို စောင့်နေတယ်။

Anonymous said...

မရေ......
ရုံလေးတော့ကြိုက်တယ်
ဒါပေမဲ့ လက်တွေမစားရဲဖူးသိလား
အသေးစားလေးတွေပဲစားတာ

Vista said...

လက်တွေအကြိုက်ဆုံးပဲ ဟိ

kiki said...

မဆလာနံ့ သင်းတဲ့ ရေဘဝဲ ဟင်းတော့ တခါမှ မစားဖူးသေးပါ ။ ကြည့် ရတာ စားကောင်းမဲ့  ပုံပဲနော် ။
ရိုးရာ ဟင်းအနေနဲ့ ဂျပန်စတိုင်လ် ကျတော့ရော ဘယ်လိုချက်ကြတာလဲ ။ ခု ချက်သလို အတူတူပဲလား ဟင်..
ဟီးးး ။ ဒီက စီလုပ်တွေ ချက်ကျတာတော့ အဖြူထည်ကြီးဘဲလေ ..ဂျင်းဖတ်တွေလှီးထဲ့ပြီးကြက်သွန်မိတ်အချောင်းလိုက်။။။း(
ချက်တော့ မချက်တတ်။။
စားပဲ စားတတ်ပါ၏ ။။

သွားရည်ကျ သွားတယ် ...

moemoestar said...

ကိုမျိုးရေ...ချက်စားကြည့်နော်။
ကူးကူးနဲ့ စိမ်းရေ...squidအကောင်ကြီးကြီးရဲ့ အသားလိုဘဲထုတ်ထုတ်လေးနဲ့ စားကောင်းတယ်သိလား။
ဝက်ဝံလေးနဲ့ ဖြူတုတ်လေးက ရေသရဲကြောက်လား???
မြူးလေးက အကောင်ကြီးရင်မစားရဲဘူးပေါ့နော်...
ဟုတ်တယ်နော် vista...
ကိကိရေ...ဂျပန်ဟင်းတွေကချိုရဲရဲတွေချည်းဘဲမို့ 
ဗမာစတိုင်ဘဲချက်စားပါတယ်...

moemoestar said...

ကိုမျိုးရေ...ချက်စားကြည့်နော်။
ကူးကူးနဲ့ စိမ်းရေ...squidအကောင်ကြီးကြီးရဲ့ အသားလိုဘဲထုတ်ထုတ်လေးနဲ့ စားကောင်းတယ်သိလား။
ဝက်ဝံလေးနဲ့ ဖြူတုတ်လေးက ရေသရဲကြောက်လား???
မြူးလေးက အကောင်ကြီးရင်မစားရဲဘူးပေါ့နော်...
ဟုတ်တယ်နော် vista...
ကိကိရေ...ဂျပန်ဟင်းတွေကချိုရဲရဲတွေချည်းဘဲမို့ 
ဗမာစတိုင်ဘဲချက်စားပါတယ်...

moemoestar said...

ကိုမျိုးရေ...ချက်စားကြည့်နော်။
ကူးကူးနဲ့ စိမ်းရေ...squidအကောင်ကြီးကြီးရဲ့ အသားလိုဘဲထုတ်ထုတ်လေးနဲ့ စားကောင်းတယ်သိလား။
ဝက်ဝံလေးနဲ့ ဖြူတုတ်လေးက ရေသရဲကြောက်လား???
မြူးလေးက အကောင်ကြီးရင်မစားရဲဘူးပေါ့နော်...
ဟုတ်တယ်နော် vista...
ကိကိရေ...ဂျပန်ဟင်းတွေကချိုရဲရဲတွေချည်းဘဲမို့ 
ဗမာစတိုင်ဘဲချက်စားပါတယ်...

မောင်မိုး said...

ကျွန်တော်တို့ဆီမှာတော့ ရေမျောက်လို့ခေါ်တယ်ဗျ။ အရင်ပြုတ်လိုက်တယ်။ ပြီးမှ ပါးပါးလှီး၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ငပိမီးကင်နည်းနည်း၊ဆီနည်းနည်းနဲ့ သုပ်တယ်။ ပြီးရင်နံနံပင်လေးထည့်လိုက်ပေါ့။ ဟဲ..ဟဲ..အရက်နဲ့ဆိုလည်းသိပ်လိုက်တာပေါ့ဗျာ.။