အုန်းနို့ ခေါက်ဆွဲ
ကြက်သားကိုခပ်သေးသေးလေးတွေလှီးပြီး အချိုမှုန့် ၊ဆား၊ဆနွင်း နယ်ထားပါတယ်။ကြက်သွန်နီကိုပါးပါးလှီးပြီးဆီထဲမှာအရင်ထည့်ကြော်ပါတယ်။ဝါရောင်သမ်းလာရင်တော့ အရောင်တင်မှုန့် ထည့်၊ကြက်သားထည့်၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။ရေခမ်းသွားရင်ခဏချထားပါတယ်။အုန်းနို့ နံ့ မွှေးမွှေးလေးဖြစ်ဖို့  အုန်းနို့ ကိုကျိုထားပါတယ်။ပဲမှုန့် အစိမ်းကိုရေဖျော်ပြီးအုန်းနို့ အိုးထဲထည့်ပြီးဆက်ကျိုပါတယ်။ပဲမှုန့် ကျက်လောက်ပြီဆိုရင်တော့ ကြက်သားဟင်းထည့်၊ကြက်သွန်နီလေးစိတ်စိတ်ထည့်၊ပဲပြားကြော် ညှပ်ထည့်၊ကြက်ဥပြုတ် လှီးထည့်ပြီး တည်ထားလိုက်ပါတယ်။ဟင်းရည်က ကြာကြာတည်ရင်ပိုပြီးစားကောင်းပါတယ်။
ခေါက်ဆွဲဖတ်
ဟင်းရည်
ကြက်ဥပြုတ်
ကြက်သွန်နီ
သံပုရာသီး
ဒါလေးကအဆင်သင့်စားဖို့ နော်
အုန်းနို့ ခေါက်ဆွဲမွှေးမွှေးလေး အကြိုက်စားသွားနော်.......
11 comments:
စနေနေ့ အုန်းနို့ခေါက်ဆွဲချက်စားမယ်ဆိုပီး ပြင်နေတာဗျို့
အခု ချက်နည်းလေးကို မှတ်သွားတယ်
စနေနေ့ ခေါက်ဆွဲစားဖိတ်ပါတယ်ရှင့် ဟိဟိ
အုန်းနို့ ခေါက်ဆွဲလာစားတယ်နော်...မမ
အုန်းနို့ခေါက်ဆွဲအရမ်းကြိုက်တယ်..
သွေးတိုးက ပြပြလာလို့..အမြဲတော့မစားရဲဘူး..
လစ်ရင်လစ်သလို စားတာဘဲ..
ကူးတော့သိပ်မချက်တတ်ဘူး..
သူများချက်ထားရင် ၀ါးလိုက်တာဘဲ..း)
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ဆရာမ မွေးနေ့ ကျွေးတဲ့ အုန်းနို့ခေါက်ဆွဲ အဝစားရတယ်။
ဒီထဲမှာ လည်း ထပ်စားသွားပါတယ်။
အုန်းနို့ခေါက်ဆွဲတော့ သိပ်ကြိုက်တယ်။ စားချင်လိုက်တာ ကိုယ့်ဟာကိုယ်လည်း မချက်တတ်ဘူး။
မမိုး လာချက်ကျွေးပါ။
မျှော်နေတယ်။
ခု စားရတာ မ၀လို့။ ဟိဟိ
စားကြမယ်ဟေ့...အုန်းနို့
စားကြမယ်ဟေ့...အုန်းနို့
စားမှာပဲ..စားမှာပဲ..ငါ့ကိုလာမတားနဲ့
အုန်းနို့...ကောင်းထယ်
တူတူစားမယ်နော်......
တူတူစားမယ်နော်...........
Post a Comment