ဂဏန်းမဆလာချဉ်စပ်
Nagaoka ကိုသွားလည်ရင်းနဲ့  Jusco မှာ ဂဏန်းခုတ်ထားပြီးသားလေးတွေ တွေ့တော့ဝမ်းသာအားရဝယ်လာခဲ့ ပါတယ်။
ကြက်သွန်ဖြူ၊နီနဲ့ ငရုပ်သီးကို ရောထောင်းထားလိုက်ပါတယ်။
ဆီအိုးတည်ထားပြီး ဆီပူလာရင် ထောင်းထားတာတွေ ထည့်လိုက်ပါတယ်။
ငရုပ်သီးက အစိမ်းနံ့ ပျောက်ပြီး အနံ့ လေးမွှေးလာရင် ခရမ်းချဉ်သီးလေးလှီးထည့်၊အချိုမှုန့် ၊ဆား၊ငံပြာရည်ထည့်၊ရေနည်းနည်းထည့်ပြီးတည်ထားလိုက်ပါတယ်။
ရေခမ်းပြီးခရမ်းချဉ်သီးလေးတွေ လိတ်သွားရင်တော့ ဂဏန်းထည့်၊မကျီးမှည့်လေးဖျော်ထည့်၊ငရုပ်သီးစိမ်းလေးပါးပါးလှီးထည့်၊
ရေလေးနည်းနည်းထပ်ထည့်ပြီးတည်ထားပါတယ်။
ဂဏန်းသားထဲ အရသာဝင်အောင် ကြာကြာလေးတည်ထားလိုက်ပါတယ်။
ဆီကျန်ရေကျန် အနေရပြီဆိုရင် အပေါ့အငံမြည်းကြည့် ၊မဆလာလေးခတ်ပြီး သုံးဆောင်နိုင်ပါတယ်ရှင်...
ဂဏန်းမဆလာချဉ်စပ်ဟင်းလေး သုံးဆောင်သွားပါနော်...
Introducing a Podcast channel by one of my colleagues
-
My junior colleague Dr. Zaw created a podcast channel with the name "Dr.
Zaw - Life and Health".
You may use this RSS link on any platform:
Check it out:
h...
1 year ago
10 comments:
မင်္ဂလာပါ မိုးမိုး ရေ..
ဒီတပတ် စနေမှာတော့ ဂဏန်းမဆလာချဉ်စပ် လေး ချက်စားပြီး ကွေးလိုက်အုံးမယ်..
ကျေးဇူးတင်ပါတယ်..
ခင်မင်စွာဖြင့်
ကိုမျိုး
အစ်မ သူများတွေပြောတာ ဂဏန်းက အရှင်ချက်ရတာဆို... သေတာနဲ့ ပုတ်သွားလို့တဲ့... ဟုတ်လားဟင်...
အယ် စားချင်ချာကြီး ရှလွတ်
မမိုးရေ... ကျွန်တော်လည်း လာမြည်းသွားပါတယ်ခင်ဗျ။
အောင်မယ်.. ဒီဝက်ဝံက ရှလွတ် ဆိုပါလား။
yu ya
တစ်ခါချက်ဘူးတယ်။ စားမကောင်းဘူး နံတယ်ဆိုလို့အိုးလိုက်သွန်လိုက်ရဘူးတယ။် တစ်သက်မှ တစ်ခါချက်ဘူးတာပါ။
စားချင်လိုက်တာ ရှလွတ်
မမိုးရေ.. ချက်ထားစားကောင်းမယ့်ပုံနော်.. ဒီမှာလည်း ဂဏန်း ပြုတ်ပြီးသားတွေတော့ တွေ့တယ်.. သူတို့က ရေနဲ့ပြုတ်ထားတာမျိုးကို ရှာလကာရည်လိုမျိုးနဲ့ တို့စားတာဆိုတော့ မြန်မာလိုချက်ရင် စားကောင်းပါ့မလားဆိုပြီး မ၀ယ်စားဖြစ်ဘူး.. နောက်မှ မမိုးပြောသလို စမ်းချက်ကြည့်ဦးမယ်.. :)
ဂဏန်းတော့ ကြိုက်တယ်
ဒါပေမယ့် စားရတာ လက်ဝင်လို့ 
ဆိုင်မှာဆိုရင်တော့ အဆင်ပြေတယ်
လက်မကို ခွဲဖို့  tools ပေးတယ်လေ
း))
ကိုမျိုးရေ... ချက်စားကြည့် ကောင်းတယ် သိလား...
ဝက်ဝံလေး၊ကိုယုယ၊မဟာဆန် အကြိုက်စားနော်...
စိမ်းရေ...ဒီက ဂဏန်းကတော့ ကောင်းသားဘဲ
ပုတ်မနေဘူး။အရှင်တွေ ခုတ်ထားလားတော့မသိ...
မမkomရေ မမချက်တုံးက ဂဏန်းက မလတ်လို့ များလားနော်...
မနုစံရေ...ပြုတ်ထားတဲ့ဂဏန်းတော့ မချက်စားဖူးဘူး...
ရွက်လွှင့်ခြင်းရေ...နဲနဲတော့ဒုက္ခခံရတာပေါ့ စားချင်တာကိုး...
မမိုး ရဲ့  ဂဏန်းချက်လေးကြည့်ရင်း
ဂလု ဂလု ဖြစ်သွားတယ် ...
ဗိုက်ထဲမှာ ဂွီဂွီ နဲ့  သံစုံတီးဝိုင်း ဝင်မွှေသွားတယ် ။
ဂဏန်းတော့ ကြိုက်ပါရဲ့  ။။
အခွံ နွှာပေးသူ ရှိမှ ဘဲ စားဖြစ်တယ် ..
ဟိ ။ အဲ့ လောက် ပျင်းတာ လေ ..
Post a Comment