Saturday 26 September 2009
နန်းကြီးသုပ်
နန်းကြီးသုပ်
ဒီနေ့ တော့ ထမင်းမချက်တော့ဘဲ နန်းကြီးသုပ် သုပ်စားပါတယ်။
ကြက်သားကို သေးသေးလှီးပြီး ဆား၊ဆနွင်း၊အချိုမှုန့် ၊ငံပြာရည်တို့ နဲ့ နယ်ထားပါတယ်။
ကြက်သွန်ဖြူ၊နီ၊ငရုပ်သီးတို့ ကို ရောထောင်းထားပါတယ်။
ဆီအိုးတည်ထားပြီး ဆီပူလာရင် ထောင်းထားတာတွေ ထည့်လိုက်ပါတယ်။
ငရုပ်သီး အနံ့ လေးသင်းလာရင် ကြက်သားထည့်၊ရေနည်းနည်းထည့်ပြီး တည်ထားပါတယ်။
ရေခမ်းသွားရင် ရေထပ်ထည့်တည်ပြီး ဆီကျန်ရေကျန် အနေလေးချက်ထားပါတယ်။
ကြက်ဥကို ပြုတ်ပြီး လှီးထားပါတယ်။
ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါတယ်။
စားတော့မယ်ဆိုမှ မုန့် ဖတ်၊ကြက်သားဟင်း၊ကြက်သွန်နီ၊ပဲမှုန့် ထည့်၊သံပုရာရည်ညှစ်ပြီး နယ်လိုက်ပါတယ်။
နယ်ပြီးရင်တော့ ကြက်ဥပြုတ်လေးထည့်ပြီး သုံးဆောင်နိုင်ပါတယ်။
နန်းကြီးသုပ်လေးနယ်ပေးထားတယ်...စားသွားနော်...
7 comments:
ကိုမျိုး (အညာမြေ) said...
မင်္ဂလာပါ မိုးမိုး ရေ..
အားပေးစရာတွေ စားစရာတွေ များလာပြီး စားချင်တာတွေလဲ များ များ လာတယ်နော်...
တစ်ခုခု ချက်ပြီးပြီ ဆိုရင်လဲ အထုပ်လေး ထုတ်ပြီး ကျနော့ဆီကို ပို့ပေးအုံး...
ဘယ်လောက်ဝေးဝေး ပို့ချင်ရင် အနီးလေးပါနော်...
ခင်မင်စွာဖြင့်
Anonymous said...
နန်းကြီးသုပ် ၂ပွဲပေးပါရှင့်
ဟီ ဟီ တပွဲ နဲ့မလောက်လို့ လေ
Angel Shaper said...
စားချင်တယ်။ စားချင်တယ်။
ဗိုက်ဆာဆာနဲ့ အကုန်စားသွားတယ်။
ဝက်ဝံလေး said...
နန်းကြီးသုပ် ဟွန်းးး စားချင်အောင် လုပ်ပြန်ပြီ ကိုယ့်ဟာကိုယ်သုပ် စားမယ်
စူးနွယ်လေး said...
နန်းကြီးဆို ကြိုက်တယ်
subuueain said...
ကြိုက်တယ် မမိုးမိုးရေ.. အမျိုးမျိုးကိုသွားရည်ကျအောင်လုက်နေပါလား :))
ဖြူတုတ်လေး said...
နန်းဂျီးသုတ်ကိုအရမ်းကြိုက်တယ်မိုးရေ