Thursday 30 July 2009

ကြက်သား မွန်ချက် နှင့် မှိုကန်ဇွန်းကြော်

သူငယ်ချင်း မွန်မလေးချက်ကျွေးတာကိုကြိုက်လို့ ချက်နည်းမေးပြီးချက်တာပါ၊
ကြက်သားကိုအနေတော်တုံးပြီးဆား၊ဆနွင်းနယ်ထားပါတယ်၊ကြက်သွန်အဖြူ အနီကိုပါးပါးလှီးထားပါတယ်၊
ပထမဆုံးဆီနည်းနည်းနဲ့ ကြက်သွန်ဖြူနီကိုကြော်ပါတယ်၊
နွမ်းသွားရင်ကြက်သား၊ပုဇွန်ငပိနည်းနည်း၊ရေနည်းနည်းထည့်ပြီးလုံးထားပါတယ်၊
ဆီပြန်လာရင်ရေနည်းနည်းထည့်  မရမ်းပြားနည်းနည်းထည့်တည်ထားပြီးဟင်းအိုးချကာနီးမှာ
ငရုပ်သီးစိမ်းလေးပါးပါးလှီးထည့် လိုက်ပါတယ်၊အရသာတမျိုးလေးနဲ့ ထမင်းမြိန်စေတဲ့ ဟင်းတခွက်ပါ။


ဒါကတော့ မှိုနဲ့ ကန်ဇွန်းကြော်ပါ၊


1 comment:

စန္ဒကူး said...

ကြက်သားမွန်ချက်မစားဖူးဘူး..
စားလို့ကောင်းမှာဘဲ..တိုင်းရင်းသားချက်တွေပို စားကောင်းတယ်..