Wednesday 29 July 2009

Japan တွင်အသီးအရွက် ၀ယ်ခြင်း

Japanဆိုပေမယ့်ကျွန်မတို့နေတာကNiigataရဲ့တောပိုင်းမှာပါ။ဒီမှာတော့နွေရာသီပိုင်းဆိုဟင်း သီး ဟင်း ရွက် တော် တော်များများရပါတယ်။ ပုံမှန်ဈေးဝယ် နေကျ Super ဆိုတဲ့  Super Market မှာ လဲရ သလို၊ နွေရာ သီဆို ဒီ မှာ ဖွင့်တဲ့ Organic Shop မှာလည်း ၀ယ်လို့ ရပါတယ်။ ဒီနေ့ တော့  ကန်းစွန်းရွက် ရလို့ ဝယ် လာ ပါတယ်။ ကန်စွန်း ရွက် က ၁စည်း ၁၂၀ ယန်း ပါ။ဗူးသီး က ၁ လုံး ၁၀၀ ယန်းပါ။ ဒီနေ့ ဆိုင် မှာရှိတဲ့ အ သီး အရွက် ပုံတွေနော့့် 

ဒီနေ့  Super ရှိ ဟင်းသီးဟင်းရွက်များ( ထိပ်ဆုံးက ဗူးသီးနော်...)

ဟင်းသီးဟင်းရွက် ၀ယ်နေကျ Organic Shop လေး

ဒီနေ့ ဝယ်လာတဲ့  ကန်စွန်းရွက်

မနုစံ နဲ့  မမေ ရေ ဗူးသီးရနိုင်တဲ့ နေရာ တွေပြောပြလိုက်တယ်နော့့် 

2 comments:

nu-san said...

Osaka က လူတွေက ဗူးသီးကို မစားတတ်ကြဘူးလား မသိဘူး ညီမရယ်.. အမ ဘယ်လိုမှ ရှာမတွေ့ဘူး.. ကန်စွန်းရွက်ကတော့ ၀ယ်လို့ရတယ်.. ဒါပေမယ့် ဈေးနည်းနည်းကြီးတယ်.. တစ်စည်းကို ယန်း ၁၆၀ လောက် ပေးရတယ်.. နည်းနည်းအေးလာရင် ဂေါ်ရခါးသီးဝယ်လို့ရတယ်...

တကူးတက ပြောပြပေးတာ တကယ် ကျေးဇူး တင်ပါတယ်နော်.. :)

Thatonthu said...

အမရေ .ကန်စွန်းရွက်ကိုမြင်လို့ ဂျပန်မှာနေရတဲ့လူတွေကို အားကျမိပါတယ်.။ ကျမနေတဲ့ ယူအက်စ်မှာ ကန်စွန်းရွက်က ၇ှားပါးပစ္စည်း။ ၇ နှစ်မှာမှ ၂ ခါပဲစားရသေးတယ်။ ဝယ်ရင်လဲ ခိုးဝယ်ရသေးတယ်။ ပေါ်တင်မရောင်းဘူး။ ကျန်းမာရေးဌာနက တားမြစ်တဲ့ထဲမှာ ပါနေလို့..။