Tuesday 28 July 2009

Nagoya ကိုရောက်ခဲ့ တယ်(၂)

Toyota commemorative Museum of Industry and Technology

နောက် တစ်နေ့ မှာ တော့  Toyota commemorative Museum of Industry and Technology ကိုရောက် ခဲ့ ပါတယ်။ ၀င်ကြေး ကတစ်ယောက် ယန်း ၅၀၀ ပါ။ စိတ်ဝင်စား မိတာတွေ ကို ဝေမျှရ ရင်တော့ ချည်ထည် ပြ ကွက် ကိုစိတ်ဝင်စားမိပါတယ်။ ကိုယ် က ဗဟုသုတ နည်းတော့ Toyota အစ ချည်ထည်က ဆိုတာ ပြတိုက်ရောက်မှ သိတော့တယ်..ဟိ ဟိ။ ချည် ထည်လုပ်ငန်းမှာတင် Sakichi Toyoda က တော်တော် တီထွင်ခဲ့တာတွေ့ ရပါတယ်။ ပြတိုက်ရောက် နည်းပညာပုံတွေပါ..



Metal Processing ပြကွက်မှတော့ လက်တွေ့ ပုံလောင်းပြနေပါတယ်။ မော်တော်ကား ထုတ်လုပ်မှု တိုးတက်လာပုံအဆင့်ဆင့် မှာတော့ Models တွေနဲ့ ပြထား ပြီး၊ Mass Production စထုတ်တဲ့ Toyota Model AA Passenger car ထုတ်လုပ် ပုံကို ပြသထား ပါတယ် ။ စက်မှုဇုံကားတွေ ကို အလွမ်းပြေပေါ့။


Toyota ရဲ့ ကားထုတ်လုပ်မှု အဆင့်ဆင့်တိုးတက် လာပုံ နဲ့ Break Through Technology ပြကွက်တွေဟာ မော်တော်ယာဉ်ထုတ်လုပ်မှု သမိုင်းကို ထင်ဟပ်နေပါတယ်။


Steam Engine ပြကွက်မှာတော့ Switzerland က၁၈၉၈ ခု နှစ် ထုတ်ရေနွေးငွေ့ အင်္ဂျင်စက်ကို ပြထားပါတယ် ၊ Toyota ချည်ထည်စက်ရုံတွေမှာအသုံးပြုခဲ့တာပါ။ စက်ကြီးကို လက်တွေ့ လည်ပြနေတော့ သူတို့ ရဲ့  ထိန်း သိမ်း နိုင်စွမ်းကိုလေးစားမိပါတယ်။




Today for Tomorrow ဆိုတဲ့ ပြကွက် ကတော့ တီထွင် မှု နှစ် ၁၀၀ သမိုင်း ကို 360-degree omni-vision (10-screen) system နဲ့ ပြသထား ပါတယ်။မကြာခင် က မှတွေ့  ရှိ တဲ့ နည်းပညာများကိုပါ ပြသထားပါတယ်။ ၃၆၀ံ ပတ်ပတ်လည် ဆိုတော့ ကားမောင်း သွားတာပြရင် ကားက ပတ်ပတ်လည် ပြေးနေပါတယ်။ ပုံကတော့ ရွှေတိဂုံ ပုံတော်ကို ရိုက်ထားလိုက်တာပါ။



အရမ်းစိတ်ဝင်စားဘို့ ကောင်းတာကတော့  Technoland ပြကွက်ပါ။လက်တွေ့  ပါဝင်စမ်းသပ်နိုင်တဲ့ နည်း ပညာ ဆိုင်ရာ ပြကွက် ၅၀ ကျော်ရှိ ပြီး လေတိုက်တာလက်တွေ့  ကိုယ်တိုင်ဝင်စမ်းသပ်ခဲ့ ပါတယ် ။လူတစ်ကိုယ်လုံး မုန် တိုင်းထဲရောက်နေသလိုပါဘဲ၊ ဒါပေမဲ့ သူတို့  ရဲ့ အမြင့် ဆုံး နှုန်း က Nargis ကို မမှီ ပါ။

အ၀င် ၀ ပြကွက်က ချည်ငင် ပြနေသော ၀န်ထမ်းလေး နဲ့  ထွက်ပေါက်အနီးက သီချင်း မှုတ်ပြတဲ့ စက်ရုပ်တို့ က Toyota ရဲ့ 
သမိုင်းကြောင်းကို ပြောပြနေသလိုပါဘဲ။


ခရီးသွားရင်ပြတိုက်တွေကို ၀င်ကြည့်တက်တာ ၀ါသနာပါ။စနစ်တကျ မှတ်တမ်းသဘောထက် ခံစား မိတာ လေး တွေ ရေးတာ ပါ။
ဒီ ပြတိုက်အကြောင်းအသေးစိပ် ကြည့်ချင်ရင်ဒီ မှာ ကြည့် နော့့် 

http://www.tcmit.org/english/tour/index.html

No comments: