Friday 31 July 2009

ခရမ်းသီးလေးသုပ်ကျွေးမယ်

ခရမ်းအပုသီးကိုမီးဖုတ်လိုက်ပါတယ်၊အေးသွားတော့မှအပြင်အခွံတွေကိုခွာပစ်ပြီး အသားတွေကိုခက်ရင်းလေးနဲ့ ခြစ်ယူပါတယ်၊ အမျှင်လေးတွေ ရအောင်လို့ ပါ၊ခရမ်းသီးအဆင်သင့်ဖြစ်ရင်တော့ ကြက်သွန်နီလေးပါးပါးလှီးထည့်၊
ပုဇွန်ခြောက်မှုန့် ၊အချိုမှုန့် ၊ငံပြာရည်ထည့်၊နှမ်းလှော်လေးထည့်၊ဆီစိမ်းလေးဆမ်းပြီး နယ်စားလို့ ရပါပြီ။

No comments: