Sunday 26 July 2009

Nagoya ကိုရောက်ခဲ့ တယ်(၁)

Nagoya ကို အလည်တစ်ခေါက် ရောက် ခဲ့ ပါတယ်၊ ပထမဆုံးဝင်ခဲ့တာကတော့ Nagoya အရှေ့ ဘက် မှာရှိတဲ့  Toyota city ကိုပေါ့၊   Toyota ကား ထုတ်တဲ့ စက်ရုံ အတွင်းမှာတော့ ဓါတ်ပုံ ရိုက်ခွင့် မပေးပါဘူး၊Robot တွေနဲ့ ကားဆင်နေတာကြည့် ရင်း အနုစိပ် လွန်းတော့  စက် ရုပ်တွေ ကို သက် ရှိ တွေလို့ တောင် ထင် လာမိ ပါတယ်၊၊ ပြောင်းပြန် ခံစားမိတာကတော့ လုပ်သားတွေပါ၊ သူတို့  အလုပ် လုပ်နေ ပုံက Machine တွေ လို ဘဲ မနားမနေ ရှိ လွန်းလှ ပါတယ်၊၊ Toyota ရဲ့  Operation Management  က တော့ ပြော သလောက် ကိုကောင်း ပါတယ်၊Lean Operation ကို ရေးရေးလေး သဘောပေါက်လာ ပါ တယ်၊၊Toyota စက်ရုံ အ၀င်က Toyota ရုံးချုပ် ပုံပါ၊၊
 
  
Toyota ကား ပြခန်း
   Toyota Compound အတွင်း မှာ ဘဲရှိ ပါတယ်၊၊ ကားနဲ့ ပက်သက်တာတွေကိုဘဲ အဓိ က ပြထားပါတယ်၊၊ကိုယ်ကကားကို သိပ် စိတ်မ၀င်စားတော့ကြည့်ရုံပါဘဲ သိပ်မမှတ်သား မိပါဘူး၊၊ ဒါတောင် သတိထား မိတာ က ကားထုတ်တာမှာ Marketing Strategy ပြောင်းလာတာပါ၊ နောင် လာမည့် ကား မျိုဆက် အတွက်Environmental Friendly ကို အရမ်းအလေး ပေးလာတာ ပါ၊၊ သူတို့ အလေးထားနေတဲ့   Fuel Cell Hybrid  ကားတွေ ပါ၊၊

Toyota ရဲ့  အနာဂါတ် Brand Image ကို သဘာဝ ပတ်ဝန်းကျင် နဲ့ အရမ်းဆက်စပ် ပြီး Promotion လုပ် နေတယ်ဆိုတဲ့ သတင်းတစ်ခု ကို အမှတ်ရ မိတယ်၊၊ ခု  Toyota ရဲ့  Advertising တွေမှာ လေ၊လရောင် နဲ့  နေအလင်းရောင် တွေ ပါအောင် ထည့်ထားတာ ကိုသတိထားမိလာပါတယ်၊၊
 
 
 

ဲအောက် က ပုံ ကတော့  Toyota က Promotion လုပ်နေ တဲ. ယာဉ် ကလေး ပါ၊ အနာဂါတ် မြို့ ပြ တွေ အ တွက် ရည် ရွယ် တယ် ဆို ဘဲ၊၊
 ကိုယ် တို့  က သူ တို့ ထက် ခေတ်မှီ တာပေါ့  နော်၊ ကိုယ် တို့ စက်မှုဇုံ ထုတ် ကားတွေ က ကြယ်ရောင် ရော လ ရောင် ရော၊မိုးရေ ရော ပါ ခံစားလို့ ရ အောင် လုပ် ပေး ထားတာနော်..ဟိ ဟိ... 

No comments: