Wednesday 9 September 2009

ငါးလေးအိုးကပ် နဲ့  သီးစုံချဉ်ရည်ဟင်း

ငါးလေးအိုးကပ်

ဒီနေ့ တော့ super မှာငါးသေးသေးလေးတွေရတာနဲ့ ငါးလေးအိုးကပ်ချက်စားပါတယ်။
ပထမဆုံး ငါးလေးတွေကို ခေါင်းဖြတ်၊ဗိုက်ထဲက ကလီဇာတွေဆွဲထုတ်ပြီး ရေစင်အောင်ဆေးပါတယ်။
ပြီးရင်တော့ငါးလေးတွေကို အချိုမှုန့် ၊ဆား၊ဆနွင်း၊ငံပြာရည်တို့ နဲ့ နယ်ထားလိုက်ပါတယ်။
ငရုပ်သီးနဲ့  ကြက်သွန်ဖြူ၊နီတို့ ကို ရောထောင်းထားပါတယ်။
ဆီအိုးတည်ထားပြီး ဆီပူလာရင် ထောင်းထားတာတွေထည့်လိုက်ပါတယ်။
ငရုပ်သီးအနံ့ လေးမွှေးလာပြီဆိုရင် ငါးထည့်၊ဂျင်းလေးနဲနဲထောင်းထည့်၊ရေနဲနဲထည့်၊အိုးကိုအဖုံးအုပ်ပြီးတည်ထားပါတယ်။
ရေခမ်းသွားရင်တော့ ရေနဲနဲထည့်၊အိုးအဖုံးဖွင့်ပြီးတည်ထားပါတယ်။
ဆီပျံကာနီးမှာ ငရုပ်သီးစိမ်းလေးထည့်လိုက်ပါတယ်။
ဒီမှုတော့ နံနံပင်မရှိလို့ မထည့်လိုက်ရပါဘူး၊နံနံပင်လေးနဲ့ ဆိုရင်တော့ပိုပြီးစားကောင်းမှာပါ။
ဆီပျံလာချိန်မှာ ဟင်းအိုးကို ဆက်တည်ထားပါတယ်။
ငါးလေးတွေ ခြောက်ပြီး တောင့်တောင့်လေးဖြစ်သွားရင်တော့ ငါးလေးအိုးကပ်ဟင်းလေး စားလို့ ရပါပြီ......





သီးစုံချဉ်ရည်ဟင်း

ဒီနေ့ သီးစုံချဉ်ရည်ဟင်းကိုတော့ ငါးခြောက်နဲ့ ချက်ပါတယ်။
ဟင်းသီးဟင်းရွက်ကတော့ ဗူးသီး၊အာလူး၊ခရမ်းသီး၊ခရမ်းချဉ်သီးနဲ့ မုန်လာဥတို့ ပါပါတယ်။
အရင်ဆုံး အသီးအရွက်တွေကို လှီးပြီး ရေဆေးထားပါတယ်။
ချက်မဲ့အိုးထဲကို ငရုပ်သီးဆီသတ်၊ငါးခြောက်၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။
ရေခမ်းသွားရင် အသီးအရွက်တွေထည့်၊ရေနည်းနည်းထည့်ပြီး တည်ထားပါတယ်။
အသီးအရွက်တွေ နွမ်းသွားရင် မကျီးသီးမှည့်လေး ရေဖျော်ထည့်ပါတယ်။
ဟင်းရည်ဆူလာရင် နံနံပင်၊ငရုပ်သီးစိမ်းလေးခတ်ပြီးသုံးဆောင်နိုင်ပါတယ်ရှင်....





8 comments:

subuueain said...

ငါးအိုးကပ်လေးစားချင်လိုက်တာ။ ပင်စိမ်းလေးနဲ့ နံနံလေးနဲ့အုပ်ပြီးတော့ ... သွားရည်ကျသွားပါတယ်။ သီးစုံဟင်းလေးလည်းစားသွားတယ်နော်

စိမ်း... said...

ငါလေးအိုးကပ်ကလုပ်ရတာ လက်ဝင်တယ်လေ အစ်မရဲ့... ဟီး ပျင်းလို့.. သူများချက်တာပဲ လာငမ်းတော့တယ်...

ဝက်ဝံလေး said...

ဟုတ်တယ် စိမ်းပြောတာ မှန်တယ် ငါးလေးအိုးကပ်လုပ်ရတာ လက်ဝင်တယ် အိမ်မှာစားရင် အစ်ကို အရိုးနွင်ပေးတယ် သိလား ဟိဟိ (ကြွားထှာ) ဟဟဟ

ခရေညို said...

ငါးလေးအိုးကပ် နဲ့သီးစုံချဉ်ဟင်း စားသွားတယ် ထမင်း မပါလို့စာရတာအဆင်မပြေဘူး
(အမြင်နဲ့)

ယွန်းလေး said...

ဗိုက်တောင်ဆာလာပြီ.....တကယ်...

ရွက်လွင့်ခြင်း said...

ငါးလေးအိုးကပ်ကို သွားရေ လာယိုသွားပါတယ်
ဖြစ်နိုင်ရင် ငါးဇင်ရိုင်းအိုးကပ်လေး စားချင်တယ်
း)

Yu Ya said...

သီးစုံချဉ်ရည်ဟင်းလေး မြည်သွားပါတယ် မမိုးရေ..

nu-san said...

အင်း.. သီးစုံချဉ်ရည်ဟင်းကို ဗူးသီးနဲ့ချက်စားရတာ စားလို့ကောင်းမှာပဲ...အမတို့ဘက်မှာ နေရတာ ကောင်းလိုက်တာ.. ဒီမှာတော့ ဗူးသီးဘယ်မှ ရှာမရပါဘူး မမိုးရယ်.. အခြောက်လှမ်းထားတာတွေပဲရှိတယ်.. ဈေးကြီးလို့ မ၀ယ်စားဖြစ်ဘူး ... :)