Saturday 12 September 2009

ငါးဥချက်နဲ့ မုန်လာပင်ပေါက်ဟင်းရည်

ငါးဥချက်

ဂျပန်တွေ ဆူရှီးလုပ်စားတဲ့ ငါးဥကို ကျွန်မကတော့ ဗမာဟင်း ချက်စားလိုက်ပါတယ်။
ပထမဆုံး ငါးဥကို ဆား၊ဆနွင်း နယ်ပြီး ရေနည်းနည်းနဲ့ ပြုတ်ထားပါတယ်။
ဟင်း၂အိုးစာအတွက် ကြက်သွန်ဖြူ၊နီ၊ငရုပ်သီး ရောထောင်းထားလိုက်ပါတယ်။
ဆီအိုးတည်ထားပြီး ဆီပူလာရင် ထောင်းထားတဲ့ ငရုပ်သီးကို ထည့်မွှေပေးပါတယ်။
ငရုပ်သီးက စိမ်းနံ့ ပျောက်ပြီဆိုရင် မုန်လာပင်ပေါက်ဟင်းအတွက် ငရုပ်သီးဆီသတ် နည်းနည်းခပ်ထားပါတယ်။
ကျန်တဲ့ငရုပ်သီးထဲကို ခရမ်းချဉ်သီးလှီးထည့် ၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။
ရေခမ်းသွားပြီး ခရမ်းချဉ်သီးလေးတွေ လိတ်သွားရင် ပြုတ်ထားတဲ့ငါးဥထည့်၊ဂျင်းလေးနည်းနည်းထောင်းထည့်၊ရေနည်းနည်းထည့်တည်ထားပြီးဆီပျံကာနီးမှာ ငရုပ်သီးစိမ်းလေးခတ်လိုက်ပါတယ်။
ချက်ပြီးချိန်မှာ ငါးဥက စားတော်ပဲပြုတ်လေးနဲ့ တူနေလို့  ပဲပြုတ်စားချင်စိတ်ပေါက်သွားပါတယ်။





 မုန်လာပင်ပေါက်ဟင်းရည်

ငါးကိုရေဆေးပြီး ဆား၊ဆနွင်း၊အချိုမှုန့် ၊ငံပြာရည်နဲ့ နယ်ထားပါတယ်။
မုန်လာပင်ပေါက်လေးတွေကိုလည်းအမြစ်လေးတွေဖြတ်ပြီးရေဆေးထားပါတယ်။
ဟင်းချက်မဲ့အိုးထဲကို ငရုပ်သီးဆီသတ်၊ငါး၊ဂျင်းအနည်းငယ်ထောင်းထည့်၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။
ရေခမ်းသွားရင် ရေထပ်ထည့်တည်ပါတယ်၊အရည်သောက်လေး ချက်မှာမို့  ရေများများလေးထည့်ပါတယ်။
ရေဆူလာရင်တော့ မုန်လာပင်ပေါက်လေးထည့်၊နံနံပင်၊ငရုပ်သီးစိမ်းလေးခတ်ပြီးသုံးဆောင်နိုင်ပါတယ်။


9 comments:

Yu Ya said...

ပထမဦးဆုံးရောက်လာပြီး ဟင်းတွေကို အ၀တွယ်သွားတယ် အစ်မရေ..

နောက်လူတွေအတွက် ရှိတော့ဝူး... အဟီး

yu ya

subuueain said...

ှုငါးဥလေးက တစ်မျိုးလေးနော်။ ဒီကဟာတွေနဲ့ မတူသလိုဘဲ။ မုန်လာပင်ပေါက်က မုန်လာဥအဖြူအပင်လားဟင်။ မသိလို့.. :))

moe moe said...

ကိုယုယ.လာလည်တာကျေးဇူးပါနော်...
စုဘူးရေ.မုန်လာပင်ပေါက်က
မုန်လာဥအဖြူပင်လိုဘဲ၊ဒါပေမဲ့အရွက်က
မုန်လာဥပင်လောက်မကြီးဘူး၊ဥလည်းမပါဘူး
သူကအရွက်ဘဲစားတဲ့မျိုးလေ၊ဥမဥဘူး။

ဝက်ဝံလေး said...

အောင်မာ နာ ချက်ထားတာတွေပါ တင်လိုက်ရမလား ဟိဟိ စ တာ ရှလွတ် ကိုယုယ ကြီး ဦးသွားတော့ များက ဘာစားရမှာလဲလို့ မရဘူးကွာ... နောက်အသစ်တခု ချက် ဟွင်းးးး ဟိဟိ

စန္ဒကူး said...

မိုးမိုးရေ... ငါးဥရော.မုန်လာပင်ပေါက်ဟင်းရည် လေးပါ အရမ်းလိုက်ဖက်ညီပီး ကြိုက်တဲ့ ဟင်းမယ်လေးပါ.. ငါးဥလေးကအရမ်းလှတယ်နော်..ဘာငါးဥလဲ မသိ..း)

moe moe said...

ဝက်ဝံလေးရေ.ဟင်းအသစ်ချက်ကျွေးမယ်နော်...
ကူးကူးရေ.ဘာငါးဥမှန်းတော့မသိ...
စားလို့ တော့ကောင်းတယ်...
တော်ချက်နော်...

စိမ်း... said...

ကောင်းမယ့်ပုံပဲနော်...

Anonymous said...

အိမ်မှာလဲ ငါးသလောက်ဥချက်တယ်
ဒါပေမဲ့ စားသွားမယ်နော်.............မမ

စူးနွယ်လေး said...

မုန်လာပင်ပေါက် ချဉ်ရည် အရမ်းကြိုက်တယ်
ပြုတ်ပြီး တို့စားရတာလည်း ကြိုက်တယ်
ငါးဥချက်နဲ့ လိုက်မှလိုက်