Sunday 6 September 2009

ငါးဆီပြန် နဲ့ မုန်လာချဉ်ရည်

ငါးဆီပြန်

ငါးကို အနေတော်အပိုင်းလေးတွေပိုင်းပြီး ဆား၊ဆနွင်း၊အချိုမှုန့် ၊ငံပြာရည်တို့ နဲ့ နယ်ထားလိုက်ပါတယ်။
ကြက်သွန်ဖြူ၊နီ၊ငရုပ်သီးထောင်းပြီး ဆီသတ်ပါတယ်။
ငရုပ်သီးစိမ်းနံ့ ပျောက်ပြီး အနံ့ လေးမွှေးလာရင် ငါးထည့်၊ဂျင်းထောင်းထည့်၊ရေနည်းနည်းထည့်ပြီးတည်ပါတယ်။
ရေခမ်းသွားရင် ရေနည်းနည်းထပ်ထည့် တည်ထားပြီး ဆီပြန်ကာနီးမှာ နံနံပင်၊ငရုပ်သီးစိမ်း ထည့်ပြီးသုံးဆောင်နိုင်ပါတယ်.....



မုန်လာချဉ်ရည်
မုန်လာဥကိုအခွံခွာပြီး အပိုင်းလေးတွေ ပိုင်း၊ အရွက်ကိုလည်း အရင့်တွေဖယ်ပြီး အနုလေးတွေကိုပိုင်းပြီး ရေဆေးထားပါတယ်။
ချက်မဲ့အိုးထဲကိုမုန်လာဥနဲ့အရွက်တွေထည့်၊ခရမ်းချဉ်သီးလှီးထည့်၊ငါးဆီပြန်ထည့်၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။
အရွက်တွေနွမ်းသွားရင် မကျီးသီးလေးနည်းနည်းကို ရေဖျော်ပြီးထည့်ပါတယ်။
ရေဆူလာရင် အပေါ့၊အငံမြည်း၊နံနံပင်၊ငရုပ်သီးစိမ်းလေးခတ်ပြီး သုံးဆောင်နိုင်ပါတယ်.....


7 comments:

Steve Evergreen said...

ငါးဟင်းကကောင်းမဲ့ပုံဘဲ။အဲဒါ ဘာငါးလဲ

Steve Evergreen said...

Lemon glass ရောထည့်သေးလား

မြူးသျှရီ said...

မရေ...............

မရေးးးးးးးးးလာစားတယ်သိလား
ချဉ်ရည် ဟင်းလေးကသောက်ချင်စရာလေး

khin oo may said...

ပင်လယ်ငါး

မယ့်ကိုး said...

ငါးဟင်းနဲ့ ချဉ်ရည်ဟင်း သိပ်ကြိုက်တယ်။ ပထမဆုံးလာလည်ပြီး ကိုယ်ကြိုက်တဲ့ ဟင်းနဲ့ တိုးသွားလို့ ဝမ်းသာလိုက်တာ =)

moemoestar said...

မမKOM ပြောတာအမှန်ဘဲ..ပင်လယ်ငါးတစ်မျိုးပါ..
Lemon glass မထည့်ပါ..........

khin oo may said...

စားချင်တာ ရှလွတ်.