Wednesday 23 September 2009

ခါလာကြီးကြက်သားသုပ်

ခါလာကြီးကြက်သားသုပ်

ကျွန်မတို့ မြို့ က ခါလာကြီးရောင်းတဲ့ ကြက်သားသုပ်ကို သတိရတာနဲ့ သူရောင်းတဲ့ ပုံစံကလေးအတိုင်း
ကြက်သားကို သုပ်စားဖြစ်ပါတယ်။
သူရောင်းတာကတော့  ကြက်တစ်ကောင်လုံးကို ကြိုက်တဲ့ အပိုင်းထည့်သုပ်ပေးတာပါ။
ခြေထောက်၊်ခေါင်း၊အသား၊အသဲအမြစ်၊အူ အားလုံးထဲက ကြိုက်ရာကို ထည့်သုပ်ပေးပါတယ်။
ကျွန်မကတော့ အလွယ်တကူ အသားဘဲရှိလို့ အသားဘဲသုပ်လိုက်ပါတယ်။
ပထမဆုံး ကြက်သားကို ဆား၊ဆနွင်း၊အချိုမှုန့် ၊ငံပြာရည်တို့ နဲ့ နယ်ပြီး ပြုပ်လိုက်ပါတယ်။
ဒုတိယတစ်ခုကတော့ ပဲရည်ကြိုရပါတယ်။
ပဲမှုန့် အစိမ်းကို ရေအေးနဲ့ အရင်ဖျော်ရပါတယ်။
ရေနွေးထဲကို ပဲမှုန့် ထည့်မိရင် အခဲတွေဖြစ်ပြီး မပျော်တော့ပါဘူး။
ပဲမှုန့် တွေအားလုံးပျော်သွားမှ မီးနဲနဲနဲ့ ကြိုပါတယ်။
ကြိုနေတုန်းမှာ မွှေပေးနေရပါတယ်။
မမွှေပေးရင် ပဲမှုန့် တွေကအောက်မှာထိုင်ပြီး ကပ်ကုန်ပါတယ်။
ပဲစိမ်းနံ့ ပျောက်ပြီး အနံ့ လေးမွှေးလာတဲ့ အထိကြိုရပါတယ်။
ပြီးရင်တော့ ဂေါ်ဖီနဲ့ ကြက်သွန်နီကို ပါးပါးလှီးပြီးရေဆေးထားပါတယ်။
ငရုပ်သီးစိမ်းလေးကိုလည်းပါးပါးလှီးထားပါတယ်။
စားတော့မယ်ဆိုရင်တော့ ကြက်သားကိုသေးသေးလေးတွေ လှီးလိုက်ပါတယ်။
ပြီးရင်တော့ ဂေါ်ဖီ၊ကြက်သွန်၊ငရုပ်သီးစိမ်း၊ထည့်၊သံပုရာရည်ညှစ်၊အချိုမှုန့် ၊ငံပြာရည်၊ငရုပ်သီးအကျက်မှုန့် ထည့်၊ပဲရည်ဆမ်းပြီးနယ်စားလို့ ရပါပြီ။
ချဉ်ငံစပ်ကလေးစားလို့ ကောင်းပါတယ်။








ကြက်သားသုပ် ချဉ်ငံစပ်ကလေးသုံးဆောင်သွားပါနော်...

11 comments:

စူးနွယ်လေး said...

ရန်ကုန်ရွှေညောင်ပင်က အသုပ်လိုပဲနော်
အဲမှာ စားဖြစ်ရင် အမြဲ လည်ချောင်းရိုးနဲ့အူ မှာစားတယ်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...မိုးမိုး..

ခါလာကြီး ကြက်သားသုပ် အကြောင်းတော့ အခုမှ ကြားဖူးတယ်ဗျို့... ကြက်သားသုပ်တော့ စားဖူးပါတယ်.. အခု ခါလာကြီး တော့ မစားဘူးဘူး။ အခေါ်အဝေါ် လွဲတာလားတော့ မသိဘူး။

ဒီစနေ တော့ မအားသေးဘူး။ တနင်္ဂနွေ တော့ ထုံးစံ အတိုင်း လက်ရာကို အိမ်က ဘော်ဘော်တွေ လက်ဆောင် အဖြစ် စမ်းပြီး လုပ်ကျွေးအုံးမယ်.. မကောင်းလဲ ကောင်းတယ် ပြောမဲ့ ကောင်တွေ ရယ်...

ခင်မင်စွာဖြင့်
ကိုမျိုး

Yu Ya said...

မမိုးရေ.. အသုတ်လာအားပေးသွားပါတယ်ခင်ဗျ..

yu ya

kiki said...

ဟယ်....ဟင် ...အို ..
စားချင်လိုက်တာ ...
ပဲရည်ရွှဲရွဲလေးဆမ်းပြီး ချဉ်စပ်လေး နဲ့ကြက်သားသုတ် ..
ကြက်တောင်ပံ နဲ့ ဖင်ဆီဗူး ပါထဲ့ သုတ်ပေးးး
ပါဆယ်ပါ ထုတ်သွားမှာနော် ..ဟိ...

စိမ်း... said...

စားလို့တော့ ကောင်းမှာ ... အဟီး...
ဒါပေမယ့် ပဲအိုးကြီးက အကြာကြီးမွှေရမှာလားဟင်.... :P

ဂျာမုန်းဒန် said...

မိုးရေ..ကျေးဇူးနော်။
အစ်မကခါလာကြီးကြက်သားသုပ်ကိုအရမ်းကြိုက်တာ။
နက်ဖြန်ကိုသုပ်စားကြည့်အုံးမယ်။
သုပ်စားရင်ပြန်ခေါ်မယ်..လာစားနော်.
ခင်တဲ့
အစ်မ
ဂျာမုန်း

ဝက်ဝံလေး said...

ဟယ် ဟိဟိ အခုကြက်သားကြော်စားနေတာ ဟားဟားးးး အတော်ပဲ ကြက်သားသုတ်ပါ ရောစားလိုက်မယ် ဟက်

Anonymous said...

မရေ.............
စားချင်စရာနော်
သုပ်စားကြည့်အုံးမှ ကျေးဇူးနော်.....မမ
တခါမှစားဖူးဘူးရယ်လေ

ဖြူတုတ်လေး said...

မိုးရေ...ကြက်သားသုပ်ကို မနေ့ညက လုပ်စားဖြစ်တယ်။ လာလည်သွားတာ ကျေးဇူးအရမ်းတင်ပါတယ်။

Angel Shaper said...

ဗိုက်ဆာလာတယ်။ တကယ်မစားရလို့ ညစ်သွားပြီနော်။

မြတ်နိုး said...

ကျနော်တို့ ဆီကတော့ ကာဆင်ဘိုင်တဲ့ အမရေ..

ကျီးမနီုင်ညဈေး တရုပ်တန်း
ပုစွန်တောင်ဈေး ကျနော်စားနေကျဆိုင်တွေ ရွတ်သွားတယ်