Friday 31 July 2009

ခရမ်းသီးလေးသုပ်ကျွေးမယ်

ခရမ်းအပုသီးကိုမီးဖုတ်လိုက်ပါတယ်၊အေးသွားတော့မှအပြင်အခွံတွေကိုခွာပစ်ပြီး အသားတွေကိုခက်ရင်းလေးနဲ့ ခြစ်ယူပါတယ်၊ အမျှင်လေးတွေ ရအောင်လို့ ပါ၊ခရမ်းသီးအဆင်သင့်ဖြစ်ရင်တော့ ကြက်သွန်နီလေးပါးပါးလှီးထည့်၊
ပုဇွန်ခြောက်မှုန့် ၊အချိုမှုန့် ၊ငံပြာရည်ထည့်၊နှမ်းလှော်လေးထည့်၊ဆီစိမ်းလေးဆမ်းပြီး နယ်စားလို့ ရပါပြီ။

Read More...

Thursday 30 July 2009

ကြက်သား မွန်ချက် နှင့် မှိုကန်ဇွန်းကြော်

သူငယ်ချင်း မွန်မလေးချက်ကျွေးတာကိုကြိုက်လို့ ချက်နည်းမေးပြီးချက်တာပါ၊
ကြက်သားကိုအနေတော်တုံးပြီးဆား၊ဆနွင်းနယ်ထားပါတယ်၊ကြက်သွန်အဖြူ အနီကိုပါးပါးလှီးထားပါတယ်၊
ပထမဆုံးဆီနည်းနည်းနဲ့ ကြက်သွန်ဖြူနီကိုကြော်ပါတယ်၊
နွမ်းသွားရင်ကြက်သား၊ပုဇွန်ငပိနည်းနည်း၊ရေနည်းနည်းထည့်ပြီးလုံးထားပါတယ်၊
ဆီပြန်လာရင်ရေနည်းနည်းထည့်  မရမ်းပြားနည်းနည်းထည့်တည်ထားပြီးဟင်းအိုးချကာနီးမှာ
ငရုပ်သီးစိမ်းလေးပါးပါးလှီးထည့် လိုက်ပါတယ်၊အရသာတမျိုးလေးနဲ့ ထမင်းမြိန်စေတဲ့ ဟင်းတခွက်ပါ။


ဒါကတော့ မှိုနဲ့ ကန်ဇွန်းကြော်ပါ၊


Read More...

ရိုးရာ အရုပ်လေးများ

ကျွန်မရဲ့ဝါသနာတစ်ခုကရောက်လေရာမှာရိုးရာအရုပ်လေးတွေဝယ်စုတာပါ။ဒီရောက်တော့လည်း
ကြုံရင်သလိုဝယ်ထားမိပါတယ်။ခုအရုပ်လေးတွေကရွှံ၊စဥ့်၊ပလာစတာ၊ကောက်ရိုးတွေနဲ.လုပ်ထား
တာတွေပါ။

ရွှံ့ မီး ဖုတ်အရုပ်လေးများ
ဘုရင် နဲ့  မိဖုရား အရုပ်လို့  ပြောကြ ပါတယ်။ လှ လို့ ပါ



ကောက်ရိုးအရုပ်လေးများ




စက္ကူ ဖွားဖွား
အရမ်းကိုလက်ရာမြောက် ပါတယ် စက္ကူ ပါးပါးလေးတွေ နဲ့ လုပ်ထားပါတယ်။ ကျွန်မအချစ်ဆုံးအရုပ်လေးပါ။



စဉ့်  ငှက်ကလေး
ချိုး လည်ပြောက် ငှက် ကလေး ပါ၊အထဲမှာ ခလောက်ဆံလေးပါ ပြီး လှုပ်ရင် အသံမြည်ပါတယ်။



ပလာစတာ အရုပ်လေးများ
အထဲမှာ ခလောက်ဆံလေးပါ ပြီး လှုပ်ရင် အသံမြည်ပါတယ်။


Read More...

Wednesday 29 July 2009

Japan တွင်အသီးအရွက် ၀ယ်ခြင်း

Japanဆိုပေမယ့်ကျွန်မတို့နေတာကNiigataရဲ့တောပိုင်းမှာပါ။ဒီမှာတော့နွေရာသီပိုင်းဆိုဟင်း သီး ဟင်း ရွက် တော် တော်များများရပါတယ်။ ပုံမှန်ဈေးဝယ် နေကျ Super ဆိုတဲ့  Super Market မှာ လဲရ သလို၊ နွေရာ သီဆို ဒီ မှာ ဖွင့်တဲ့ Organic Shop မှာလည်း ၀ယ်လို့ ရပါတယ်။ ဒီနေ့ တော့  ကန်းစွန်းရွက် ရလို့ ဝယ် လာ ပါတယ်။ ကန်စွန်း ရွက် က ၁စည်း ၁၂၀ ယန်း ပါ။ဗူးသီး က ၁ လုံး ၁၀၀ ယန်းပါ။ ဒီနေ့ ဆိုင် မှာရှိတဲ့ အ သီး အရွက် ပုံတွေနော့့် 

ဒီနေ့  Super ရှိ ဟင်းသီးဟင်းရွက်များ( ထိပ်ဆုံးက ဗူးသီးနော်...)

ဟင်းသီးဟင်းရွက် ၀ယ်နေကျ Organic Shop လေး

ဒီနေ့ ဝယ်လာတဲ့  ကန်စွန်းရွက်

မနုစံ နဲ့  မမေ ရေ ဗူးသီးရနိုင်တဲ့ နေရာ တွေပြောပြလိုက်တယ်နော့့် 

Read More...

Tuesday 28 July 2009

ခေါက်ဆွဲကြော်လေးကြော်ပေးမယ်


ပုဇွန်နဲ့ ကင်းမွန်ကိုရေနည်းနည်းနဲ့ အရင်ဆုံးပြုတ်ထားပြီး ရေမခမ်းခင်မှာမီးဖိုပေါ်ကချထားပါတယ်၊
ဆီအိုးတည်ပြီး ဆီပူလာရင်ကြာကြာကြော်ရမဲ့ အသီးအရွက်ကိုအရင်ထည့် ပါတယ် ပြီးမှနူးလွယ်မဲ့ အသီးအရွက်ကို
ထည့် ပါတယ် ။ ပြုတ်ထားတဲ့ ပုဇွန်နဲ့ ကင်းမွန်ကိုအိုးထဲကျန်နေတဲ့ ရေလေးပါထည့် ပါတယ်၊
အပေါ့ အငံကိုတော့ ကိုယ့် စိတ်ကြိုက်ထည့်  ခရုဆီနည်းနည်းထည့်  ခေါက်ဆွဲထည့် ပြီး ခဏနေရင်စားလို့ ရပြီနော်.....

Read More...

Nagoya ကိုရောက်ခဲ့ တယ်(၂)

Toyota commemorative Museum of Industry and Technology

နောက် တစ်နေ့ မှာ တော့  Toyota commemorative Museum of Industry and Technology ကိုရောက် ခဲ့ ပါတယ်။ ၀င်ကြေး ကတစ်ယောက် ယန်း ၅၀၀ ပါ။ စိတ်ဝင်စား မိတာတွေ ကို ဝေမျှရ ရင်တော့ ချည်ထည် ပြ ကွက် ကိုစိတ်ဝင်စားမိပါတယ်။ ကိုယ် က ဗဟုသုတ နည်းတော့ Toyota အစ ချည်ထည်က ဆိုတာ ပြတိုက်ရောက်မှ သိတော့တယ်..ဟိ ဟိ။ ချည် ထည်လုပ်ငန်းမှာတင် Sakichi Toyoda က တော်တော် တီထွင်ခဲ့တာတွေ့ ရပါတယ်။ ပြတိုက်ရောက် နည်းပညာပုံတွေပါ..



Metal Processing ပြကွက်မှတော့ လက်တွေ့ ပုံလောင်းပြနေပါတယ်။ မော်တော်ကား ထုတ်လုပ်မှု တိုးတက်လာပုံအဆင့်ဆင့် မှာတော့ Models တွေနဲ့ ပြထား ပြီး၊ Mass Production စထုတ်တဲ့ Toyota Model AA Passenger car ထုတ်လုပ် ပုံကို ပြသထား ပါတယ် ။ စက်မှုဇုံကားတွေ ကို အလွမ်းပြေပေါ့။


Toyota ရဲ့ ကားထုတ်လုပ်မှု အဆင့်ဆင့်တိုးတက် လာပုံ နဲ့ Break Through Technology ပြကွက်တွေဟာ မော်တော်ယာဉ်ထုတ်လုပ်မှု သမိုင်းကို ထင်ဟပ်နေပါတယ်။


Steam Engine ပြကွက်မှာတော့ Switzerland က၁၈၉၈ ခု နှစ် ထုတ်ရေနွေးငွေ့ အင်္ဂျင်စက်ကို ပြထားပါတယ် ၊ Toyota ချည်ထည်စက်ရုံတွေမှာအသုံးပြုခဲ့တာပါ။ စက်ကြီးကို လက်တွေ့ လည်ပြနေတော့ သူတို့ ရဲ့  ထိန်း သိမ်း နိုင်စွမ်းကိုလေးစားမိပါတယ်။




Today for Tomorrow ဆိုတဲ့ ပြကွက် ကတော့ တီထွင် မှု နှစ် ၁၀၀ သမိုင်း ကို 360-degree omni-vision (10-screen) system နဲ့ ပြသထား ပါတယ်။မကြာခင် က မှတွေ့  ရှိ တဲ့ နည်းပညာများကိုပါ ပြသထားပါတယ်။ ၃၆၀ံ ပတ်ပတ်လည် ဆိုတော့ ကားမောင်း သွားတာပြရင် ကားက ပတ်ပတ်လည် ပြေးနေပါတယ်။ ပုံကတော့ ရွှေတိဂုံ ပုံတော်ကို ရိုက်ထားလိုက်တာပါ။



အရမ်းစိတ်ဝင်စားဘို့ ကောင်းတာကတော့  Technoland ပြကွက်ပါ။လက်တွေ့  ပါဝင်စမ်းသပ်နိုင်တဲ့ နည်း ပညာ ဆိုင်ရာ ပြကွက် ၅၀ ကျော်ရှိ ပြီး လေတိုက်တာလက်တွေ့  ကိုယ်တိုင်ဝင်စမ်းသပ်ခဲ့ ပါတယ် ။လူတစ်ကိုယ်လုံး မုန် တိုင်းထဲရောက်နေသလိုပါဘဲ၊ ဒါပေမဲ့ သူတို့  ရဲ့ အမြင့် ဆုံး နှုန်း က Nargis ကို မမှီ ပါ။

အ၀င် ၀ ပြကွက်က ချည်ငင် ပြနေသော ၀န်ထမ်းလေး နဲ့  ထွက်ပေါက်အနီးက သီချင်း မှုတ်ပြတဲ့ စက်ရုပ်တို့ က Toyota ရဲ့ 
သမိုင်းကြောင်းကို ပြောပြနေသလိုပါဘဲ။


ခရီးသွားရင်ပြတိုက်တွေကို ၀င်ကြည့်တက်တာ ၀ါသနာပါ။စနစ်တကျ မှတ်တမ်းသဘောထက် ခံစား မိတာ လေး တွေ ရေးတာ ပါ။
ဒီ ပြတိုက်အကြောင်းအသေးစိပ် ကြည့်ချင်ရင်ဒီ မှာ ကြည့် နော့့် 

http://www.tcmit.org/english/tour/index.html

Read More...

Monday 27 July 2009

မုန်လာဥချဉ်ငံစပ်သုပ်ကလေး

မုန်လာဥကိုအချောင်းရှည်ရှည်ကလေးတွေရအောင်အရင်လှီးပြီးဆားနယ်ထားပါတယ်၊
သုပ်တော့မယ်ဆိုမှရေဆေး ရေစင်အောင်ညှစ်ပြီး ပုဇွန်ခြောက်မှုန့် ၊အချို မှုန့် ၊ပဲမှုန့် 
ငရုပ်သီး မှုန့် ၊ ဆီချက်ထည့် ငရုပ်သီးစိမ်း ပါးပါး လှီး ထည့် ပြီး သံပုရာရည်လေး ညှစ်
ပြီး ရင် နယ်စားလို့  ရ ပြီနော်.....
ထမင်းနဲ့ ဘဲစားစား၊ရေနွေး နဲ့ ဘဲသောက်သောက် အဆင်ပြေတယ်နော်.............

Read More...

Sunday 26 July 2009

Nagoya ကိုရောက်ခဲ့ တယ်(၁)

Nagoya ကို အလည်တစ်ခေါက် ရောက် ခဲ့ ပါတယ်၊ ပထမဆုံးဝင်ခဲ့တာကတော့ Nagoya အရှေ့ ဘက် မှာရှိတဲ့  Toyota city ကိုပေါ့၊   Toyota ကား ထုတ်တဲ့ စက်ရုံ အတွင်းမှာတော့ ဓါတ်ပုံ ရိုက်ခွင့် မပေးပါဘူး၊Robot တွေနဲ့ ကားဆင်နေတာကြည့် ရင်း အနုစိပ် လွန်းတော့  စက် ရုပ်တွေ ကို သက် ရှိ တွေလို့ တောင် ထင် လာမိ ပါတယ်၊၊ ပြောင်းပြန် ခံစားမိတာကတော့ လုပ်သားတွေပါ၊ သူတို့  အလုပ် လုပ်နေ ပုံက Machine တွေ လို ဘဲ မနားမနေ ရှိ လွန်းလှ ပါတယ်၊၊ Toyota ရဲ့  Operation Management  က တော့ ပြော သလောက် ကိုကောင်း ပါတယ်၊Lean Operation ကို ရေးရေးလေး သဘောပေါက်လာ ပါ တယ်၊၊Toyota စက်ရုံ အ၀င်က Toyota ရုံးချုပ် ပုံပါ၊၊
 
  
Toyota ကား ပြခန်း
   Toyota Compound အတွင်း မှာ ဘဲရှိ ပါတယ်၊၊ ကားနဲ့ ပက်သက်တာတွေကိုဘဲ အဓိ က ပြထားပါတယ်၊၊ကိုယ်ကကားကို သိပ် စိတ်မ၀င်စားတော့ကြည့်ရုံပါဘဲ သိပ်မမှတ်သား မိပါဘူး၊၊ ဒါတောင် သတိထား မိတာ က ကားထုတ်တာမှာ Marketing Strategy ပြောင်းလာတာပါ၊ နောင် လာမည့် ကား မျိုဆက် အတွက်Environmental Friendly ကို အရမ်းအလေး ပေးလာတာ ပါ၊၊ သူတို့ အလေးထားနေတဲ့   Fuel Cell Hybrid  ကားတွေ ပါ၊၊

Toyota ရဲ့  အနာဂါတ် Brand Image ကို သဘာဝ ပတ်ဝန်းကျင် နဲ့ အရမ်းဆက်စပ် ပြီး Promotion လုပ် နေတယ်ဆိုတဲ့ သတင်းတစ်ခု ကို အမှတ်ရ မိတယ်၊၊ ခု  Toyota ရဲ့  Advertising တွေမှာ လေ၊လရောင် နဲ့  နေအလင်းရောင် တွေ ပါအောင် ထည့်ထားတာ ကိုသတိထားမိလာပါတယ်၊၊
 
 
 

ဲအောက် က ပုံ ကတော့  Toyota က Promotion လုပ်နေ တဲ. ယာဉ် ကလေး ပါ၊ အနာဂါတ် မြို့ ပြ တွေ အ တွက် ရည် ရွယ် တယ် ဆို ဘဲ၊၊
 ကိုယ် တို့  က သူ တို့ ထက် ခေတ်မှီ တာပေါ့  နော်၊ ကိုယ် တို့ စက်မှုဇုံ ထုတ် ကားတွေ က ကြယ်ရောင် ရော လ ရောင် ရော၊မိုးရေ ရော ပါ ခံစားလို့ ရ အောင် လုပ် ပေး ထားတာနော်..ဟိ ဟိ... 

Read More...

Saturday 25 July 2009

သီးစုံချဉ်ရည်ဟင်းလေးချက်ထားတယ်……..


ဗူးသီး၊ပဲသီး၊ခရမ်းချဉ်သီး၊ရုံးပတီသီးနဲ့ ဘရိုကိုလီပါတယ်နော်......


Squid ဆီ ပြန်လေး လည်း ပါ သေး တယ် နော်... 


Read More...

Friday 24 July 2009

အသုပ်စုံလေးသုပ်စားမယ်



ခေါက်ဆွဲရယ်၊ကြာဇံရယ်၊ကြက်ဥပြုတ်ရယ်၊ပဲပင်ပေါက်ကိုရေနွေးဖြောထားတယ်၊ဂေါ်ဖီကိုပါးပါးလှီးထားတယ်၊ သင်္ဘောသီးမရှိလို့ သူ့ အစားမုန်လာဥ လေးကို အချောင်းလေး တွေရအောင်လှီးပြီး အစောပိုင်းကတည်းကဆားနည်းနည်းနဲ့နယ်ထားတယ်၊စားကာနီးမှရေဆေးပြီးထည့်စားတယ်၊မုန်လာဥအစိမ်းက အနံ့ နဲနဲလည်းရှိ တယ်ပြီးတော့ စပ်သလိုလို ပူသလိုလို လည်းရှိလို့ ဆားနယ်ထားရတာ၊ စားတော့မယ်ဆိုရင်ပဲမှုန့် ရယ်၊ ပုဇွန် ခြောက်မှုန့် ရယ်၊ငရုပ်သီး မှုန့် ရယ်၊ဟင်းချိုမှုန့် ရယ်၊ ဆီချက် ရယ် ကို ကိုယ်အကြိုက်ထည့် ပြီးနယ်စားလို့ ရပါပြီ။


အဆင်သင့် စားရအောင်နယ်ပေးထားတယ်နော်။





Read More...

Thursday 23 July 2009

အားပေးကြပါဦး...

ခရမ်းချဉ်သီး ပဲ ပြား ချက်...



ပဲပြားကိုအနေတော်တုံးထားတယ်...ပြီးရင်ခရမ်းချဉ်သီးကိုလည်းအစိပ်လေးတွေလှီး ထားတယ်၊ ကြက်သွန် ဖြူ.နီ နဲ.ငရုပ်သီးထောင်းပြီးတော့  ဆီ သပ် ငရုပ်သီးအစိမ်းနံ့  ပျောက်ရင်ခရမ်းချဉ်သီး ထည်.ရေထည်. ဆား. ငံပြာ ရည် အနေတော်ထည့် ..ခရမ်းချဉ်သီး ဆီပြန်ပြီးလိပ်လာမှ ပဲပြားထည်.ရေနည်းနည်းထပ် ထည်.ပြီး ဆီ ပြန်လာ မှ ငရုပ်သီးစိမ်းလေးထည့်ပြီး ရင်စားလို့ ရ ပြီနော်...



ငါးဥ ကြော်...

ဘာ ငါးဥမှန်းတော့မသိ.စားလို့ တော. ကောင်းကောင်း...

Read More...

သားသား တို့ အတွက် ၀ယ်ထားတဲ့ အရုပ်တွေ....

သားသားတို့ အကြိုက်လားမေမေအကြိုက်လားတော့ မသိ....သူတို့ က Power Ranger တို့ ၊ Ben 10 တို့ ပို ကြိုက်တယ် ဆိုပေမဲ့ pooh က ပိုချစ်ဖို.ကောင်းပါတယ် နော် ..ဟိ ဟိ..



Pooh..sleeping or reading

We are happy!!

Let's make party!!!

What are you thinking, Pluto

Cute
I am defending you

Read More...