Friday 24 July 2009

အသုပ်စုံလေးသုပ်စားမယ်



ခေါက်ဆွဲရယ်၊ကြာဇံရယ်၊ကြက်ဥပြုတ်ရယ်၊ပဲပင်ပေါက်ကိုရေနွေးဖြောထားတယ်၊ဂေါ်ဖီကိုပါးပါးလှီးထားတယ်၊ သင်္ဘောသီးမရှိလို့ သူ့ အစားမုန်လာဥ လေးကို အချောင်းလေး တွေရအောင်လှီးပြီး အစောပိုင်းကတည်းကဆားနည်းနည်းနဲ့နယ်ထားတယ်၊စားကာနီးမှရေဆေးပြီးထည့်စားတယ်၊မုန်လာဥအစိမ်းက အနံ့ နဲနဲလည်းရှိ တယ်ပြီးတော့ စပ်သလိုလို ပူသလိုလို လည်းရှိလို့ ဆားနယ်ထားရတာ၊ စားတော့မယ်ဆိုရင်ပဲမှုန့် ရယ်၊ ပုဇွန် ခြောက်မှုန့် ရယ်၊ငရုပ်သီး မှုန့် ရယ်၊ဟင်းချိုမှုန့် ရယ်၊ ဆီချက် ရယ် ကို ကိုယ်အကြိုက်ထည့် ပြီးနယ်စားလို့ ရပါပြီ။


အဆင်သင့် စားရအောင်နယ်ပေးထားတယ်နော်။





2 comments:

စန္ဒကူး said...

ကောင်းလိုက်တာ.. ခရမ်းရောင်က ဂေါ်ဖီလားဟင် ဒီမှာတွေ့တယ် မစားဖူးဘူး.. အရသာအတူတူဘဲလား

moemoestar said...

moe moe ဟုတ်တယ် ကူးကူး ရေ..ဒီမှာတော. အ်စိမ်းစားရင် ခရမ်းရောင် ကို စားကျ တယ်...