Tuesday 28 July 2009

ခေါက်ဆွဲကြော်လေးကြော်ပေးမယ်


ပုဇွန်နဲ့ ကင်းမွန်ကိုရေနည်းနည်းနဲ့ အရင်ဆုံးပြုတ်ထားပြီး ရေမခမ်းခင်မှာမီးဖိုပေါ်ကချထားပါတယ်၊
ဆီအိုးတည်ပြီး ဆီပူလာရင်ကြာကြာကြော်ရမဲ့ အသီးအရွက်ကိုအရင်ထည့် ပါတယ် ပြီးမှနူးလွယ်မဲ့ အသီးအရွက်ကို
ထည့် ပါတယ် ။ ပြုတ်ထားတဲ့ ပုဇွန်နဲ့ ကင်းမွန်ကိုအိုးထဲကျန်နေတဲ့ ရေလေးပါထည့် ပါတယ်၊
အပေါ့ အငံကိုတော့ ကိုယ့် စိတ်ကြိုက်ထည့်  ခရုဆီနည်းနည်းထည့်  ခေါက်ဆွဲထည့် ပြီး ခဏနေရင်စားလို့ ရပြီနော်.....

2 comments:

စန္ဒကူး said...

ကောင်းမှာဘဲခေါက်ဆွဲကြော်လေး.. မိုးအေးအေးမှာ လွေးလိုက်ရရင်အဆင်ပြေမယ်။။း)

nu-san said...

ဂျပန်မှာ ဗူးသီးဝယ်လို့ရတယ်ဆိုလို့ အရမ်းစိတ်ဝင်စားတယ်..အမက အိုဆာကာကပါ.. ဒီမှာတော့ ရှာမရဘူးရယ်.. အချိန်ရရင် ပြောပြပေးပါဦးနော်.. :)