Monday 7 September 2009

ရုံးပတီသီးနှပ် နဲ့  Seafood ချဉ်စပ်


ရုံးပတီသီးနှပ်

ရုံးပတီသီးကို ရေဆေးပြီး အပိုင်းလေးတွေ ပိုင်းထားပါတယ်။
ကြက်သွန်နီကို ပါးပါးလှီးထားပါတယ်။
ချက်မဲ့အိုးထဲကို ရုံးပတီသီး၊ကြက်သွန်နီ၊ပုဇွန်ခြောက်မှုန့် ၊ဆီ၊ဆားထည့်၊ ရေလေးနည်းနည်းထည့်၊အဖုံးအုပ်ပြီး တည် ပါတယ်။
ရေထည့်တာများသွားရင် ရုံးပတီသီးတွေ ချွဲပြီး စားမကောင်းလို့ ရေနည်းနည်းဘဲထည့်ပါတယ်။
ရေခမ်းသွားရင် စားဖို့ အသင့်ဖြစ်ပါပြီ.......




Seafoodချဉ်စပ်
Seafood ကို အသားထွင် ရေဆေးပြီး ဆား၊အချိုမှုန့် နယ်ထားပါတယ်။
ကြက်သွန်ဖြူ ၊နီနဲ့ ငရုပ်သီးများများလေးရောထောင်းထားပါတယ်။
အိုးထဲမှာ ဆီထည့်တည်ထားပြီး ဆီပူလာရင် ငရုပ်သီးထောင်းထားတာထည့်တည်လိုက်ပါတယ်။
ငရုပ်သီးက အစိမ်းနံ့ ပျောက်သွားပြီဆိုရင်တော့ seafood ထည့်၊ဂျင်းထောင်းထည့်၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။
ရေခမ်းသွားရင် မကျီးမှည့်လေးဖျော်ထည့်၊ငရုပ်သီးစိမ်းလေးလှီးထည့် တည်ထားပြီး ဆီပြန်လာရင် မဆလာလေးခတ်ပြီး သုံးဆောင်နိုင်ပါတယ်။



မဆလာနံ့ မွှေးမွှေးလေးနဲ့ seafood ချဉ်စပ်ဟင်းလေးသုံးဆောင်သွားပါနော်....



7 comments:

khin oo may said...

ကောင်းပါ၏

Anonymous said...

ကောင်း၏
စား၏
ပြန်၏

ခင်တဲ့
မြူးလေး

မိုးကောင်းသူ said...

သုံဆောင်သွားပါတယ်။ ကောင်းလိုက်တာရှင်။ ချက်စားကြည့်အုံးမယ်။

Anonymous said...

ချဉ်စပ်လုပ်ထားတာလား..
အဲ့ shellအကြီးကြီးတွေကို ကြောက်လို့ မစားရဲဘူး.. ခုလို မဆလာနိုင်နိုင်နဲ့တော့ မြည်းကြည့်အချင်သား.. မစားဖူးသေးဘူး။

စိမ်း... said...

ဟယ် ဂလိုဆိုတော့လည်း အလွယ်သားဟ... ဟီဟိ လုပ်စားဦးမှ ....

စန္ဒကူး said...

မရောက်ဖြစ်တာကြာပီ..အကုန်ငမ်းသွားတယ်နော်..
seafood တော့ တစ်သက်တစ်ခါ စားဖူးသည်ရှိအောင် စားကြည့်အုံးမယ်..း)

ငှက်ငယ်လေး said...

war tiee open twar tae :P