Sunday 20 September 2009

ငါးဆားနယ်ချက်၊ပဲပြားနှင့်မုန်ညှင်းချဉ်သုပ်

ငါးဆားနယ်ချက်

ပထမနေ့ မှာ ငါးကို ရေမဆေးဘဲ ဆားများများလေးနဲ့  နယ်ထားလိုက်ပါတယ်။
နောက်နေ့ ကျမှ ငါးကို ရေစင်စင်ဆေးပြီး ဆနွင်းမှုန့် ၊အချိုမှုန့် တို့ နဲ့ နယ်ထားလိုက်ပါတယ်။
ကြက်သွန်ဖြူ၊နီနဲ့ ငရုပ်သီးကို ရောထောင်းထားပါတယ်။
ဆီအိုးတည်ထားပြီး ဆီပူလာရင် ထောင်းထားတာတွေ ထည့်လိုက်ပါတယ်။
ငရုပ်သီးက အစိမ်းနံ့ ပျောက်ပြီး အနံ့ လေးသင်းလာရင် ငါးထည့်၊ဂျင်းထောင်းထည့်၊ရေနည်းနည်းထည့်ပြီးထည်ထားပါတယ်။
ရေခမ်းသွားရင် ခရမ်းချဉ်သီးလှီးထည့်၊ငရုပ်သီးစိမ်းပါးပါးလှီးထည့်၊ရေထပ်ထည့်ပြီးတည်ပါတယ်။
ဆီကျန်ရေကျန်လေးဖြစ်ရင် စားလို့ ရပါပြီ။
ငါးဆားနယ်ဟင်းက ငရုပ်သီးစပ်စပ်လေးမှ စားလို့ ကောင်းလို့  ငရုပ်သီးများများလေးနဲ့  ချက်ထားပါတယ်။








ပဲပြားနှင့်မုန်ညှင်းချဉ်သုပ်

ဒီက မုန်ညှင်းချဉ် ready made ထုပ်ကလေးဝယ်လာဖြစ်တာနဲ့ ပဲပြားလေးနဲ့ ရောပြီးသုပ်စားလိုက်ပါတယ်။
ကြက်သွန်နီလေးပါးပါးလှီး၊ပဲပြားလေးသေးသေးလှီး၊အချိုမှုန့် ၊ပဲမှုန့် ၊ပုဇွန်ခြောက်မှုန့် ၊ဆီချက်ကလေးထည့်ပြီးနယ်စားလိုက်ပါတယ်။







Type rest of the post here

10 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ မိုးမိုး ရေ...

ဂဏန်း ချက်ကတော့ ရှယ်ပါပဲ တဲ့... အိမ်မှာ အတူနေ သူငယ်ချင်းတွေက ပြောတယ်။

ဘီယာလေး သောက်လိုက်.. ဂဏန်းချက် လေး ကိုက်လိုက်.. .ဘောလုံးပွဲလေး ကြည့်လိုက် နဲ့ ဒီစနေ ကတော့ ဇိမ်ပါပဲ။

ငါးဆားနယ်ချက်ကတော့ စမ်းကြည့်ရအုံးမယ်.. .စားတော့ မစားဘူး ဘူး။

ခင်မင်စွာဖြင့်

Anonymous said...

မရေ.............
ထမင်းပန်ကန်ရှေ့ ချပြီးဖွင့်မိတယ် အဟင့်
ငါးဆားနယ်သိတ်ကြိုက်တာ
ဆားနယ်တဲ့အခါရေဆေးစရာမလိုဘူးလား
မသိဖူးတော့ ဒါကြောင့်မဖြစ်တာထင်ပါရဲ့ကျေးဇူးနော်.မမ

:P said...

ပထမရက်မှာ ဆားနယ်ပြီးသားငါးကို ဘယ်မှာထားရမှာပါလဲ.. ရေခဲသေတ္တာထဲလား၊ အပြင်မှာပဲ ထားရမှာလား...။

စိမ်း... said...

မုန်ညင်းချဉ်သုပ်ကို စိတ်ဝင်စားတယ်...
ငါးတော့ မချက်တတ်ဘူး အစ်မရေ...
ငါးချက်ရင် မမွှေရဘူးဆို... ဟုတ်လားဟင်...

ခင်တဲ့
စိမ်း

moemoestar said...

ကိုမျိုးရေ...ငါးဆားနယ်ချက်လည်းကောင်းတယ်၊ချက်စားကြည့်နော်...
မြူးလေး...ဆားနယ်တဲ့အခါရေမဆေးမှငါးအသားထဲဆားဝင်တယ်လေ။လုပ်စားကြည့်နော်...
SDLရေ...ဆားနယ်ပြီးတဲ့ငါးကိုအပြင်မှာဘဲထားရပါတယ်။မချက်စားဖြစ်သေးရင်တော့နောက်နေ့ မှာရေခဲသေတ္တာထဲထည့်ထားလို့ ရပါတယ်...
စိမ်းရေ...ငါးချက်တဲ့အခါမွှေရင်ငါးတွေကြေကုန်မှာစိုးလို့ မမွှေရဘူးပြောတာနော်...

moemoestar said...

ကိုမျိုးရေ...ငါးဆားနယ်ချက်လည်းကောင်းတယ်၊ချက်စားကြည့်နော်...
မြူးလေး...ဆားနယ်တဲ့အခါရေမဆေးမှငါးအသားထဲဆားဝင်တယ်လေ။လုပ်စားကြည့်နော်...
SDLရေ...ဆားနယ်ပြီးတဲ့ငါးကိုအပြင်မှာဘဲထားရပါတယ်။မချက်စားဖြစ်သေးရင်တော့နောက်နေ့ မှာရေခဲသေတ္တာထဲထည့်ထားလို့ ရပါတယ်...
စိမ်းရေ...ငါးချက်တဲ့အခါမွှေရင်ငါးတွေကြေကုန်မှာစိုးလို့ မမွှေရဘူးပြောတာနော်...

:P said...

ကျေးဇူးတင်ပါတယ်...

ANL said...

I am hungry after reading your post.

ဝက်ဝံလေး said...

ငါးဆားနယ်ချက်တော့ စားချင်တယ် ပဲပြားနဲ့ မုန်ညှင်းချဉ်သုပ်တော့ ကြိုက်ဘူး ဟိဟိ

ဘိုင် တာ့တာ

မိုးရယ် တကယ်ပါ မိုးချက်တဲ့ ဂဏန်းလေး စားချင်တယ် သိလား ရှလွတ် အပေါ်ဆုံးက ကိုမျိုးမန့်သွားတာလေး တွေ့လို့ သတိရသွားတာ စားကောင်းမယ့်ပုံပဲနော် ဟီးးးးးးးး

Angel Shaper said...

လာငမ်းတယ်။ စားစရာတွေပြောတာ။ ဟိဟိ