Tuesday 4 August 2009

မျှစ်သုပ် နဲ့  ကြက်သားဟင်းရည်သောက်.....

မျှစ်သုပ် 



မျှစ်ကိုအရင်ဆုံး ပြုပ်ထားလိုက်တယ်နော်၊ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကိုလည်း ရောထောင်းထားပါတယ်၊
မျှစ်ပြုပ်ကို ရေညှစ်ပစ်ပြီး ထောင်းထားတဲ့ကြက်သွန်ဖြူ နဲ့ ငရုပ်သီးစိမ်းကို ထည့်ပါတယ်၊ ငံပြာရည်ထည့် 
အချိုမှုန့် ထည့် သံပုရာရည်လေးညှစ် ပြီးရင် နယ်စားလို့ ရပြီနော်........





ကြက်သားဟင်းရည်သောက်.....



ကြက်သားကို အနေတော်လေးတုံးပြီး ဆား ဆနွင်း နယ်ထားပါတယ်၊ ကြက်သွန်ဖြူ နီနဲ့ ငရုပ်သီးကို ရောထောင်းပြီး ဆီနည်းနည်းနဲ့ ဆီသတ်ပါတယ်၊ ငရုပ်သီးအစိမ်းနံ့ ပျောက်သွားရင် ကြက်သားထည့်
ရေနည်းနည်းထည့်ပြီး တည်ထားပါတယ်၊ ဆီပြန်လာရင် ရေထပ်ထည့်ပါတယ်၊အရည်သောက်ချက်
မှာမို့ ရေများများထည့်ပါတယ်၊ရေဆူလာပြီး ကြက်သားနူးပြီဆိုရင် စပါးလင်ရွက်ကလေးခပ်ပြီး
စားလို့ ရပါပြီ။စပါးလင်နံ့ မွှေးမွှေးလေးနဲ့  ကြက်သားဟင်းရည်သောက်လေး သုံးဆောင်သွားပါနော်......

No comments: