Saturday 22 August 2009

ရွှေဂေါင်းပြောင်

ရွှေဂေါင်းပြောင်


ကျောင်းတက်တုန်းက ထမင်းချိုင့်မှာ ဘဲဥချဉ်ရည်ဟင်း ဆိုရင် ရွှေဂေါင်းပြောင်လို့ ပြောကြတာကို သတိရလို့ ရွှေဂေါင်းပြောင်လို့ ခေါင်းစဉ်တပ် လိုက်ပါတယ်။ဒီမှာတော့ ဘဲဥမရှိလို့  ကြက်ဥကိုဘဲချက်ပါတယ်။ကြက်ဥနဲ့ အာလူးကို ပြုတ်ပြီးအခွံခွာ ထားပါတယ်။ကြက်သွန်ဖြူ၊နီ၊ငရုပ်သီးထောင်းပြီး ဆီသတ်ပါတယ်။ဆီသတ်ပြီးရင် ခရမ်းချဉ်သီးပါးပါးလှီးထည့်၊ဆား၊အချိုမှုန့် ထည့်၊ရေနည်းနည်းထည့်တည်ပါတယ်။ဆီပြန်လာရင် ပြုတ်ထားတဲ့ကြက်ဥနဲ့ အာလူးထည့်၊ရေထည့်တည်ထားပြီး ၊ရေဆူလာပြီးခဏကြာရင် မဆလာလေးခတ်ပြီးသုံးဆောင်နိုင်ပါတယ်၊ချဉ်ချဉ်လေးကြိုက်ရင်တော့ မကျီးမှည့်လေးဖျော်ထည့်လိုက်ပေါ့နော်.......


ငရုပ်သီးဆားထောင်း




ငရုပ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ဆားနဲ့ အရင်ထောင်းလိုက်ပါတယ်။ပြီးမှ ပုဇွန်ခြောက်မှုန့် ၊အချိုမှုန့် ထည့်၊ဆီဆမ်းပြီးသုံးဆောင်နိုင်ပါတယ်.......

1 comment:

စန္ဒကူး said...

ရွှေဂေါင်းပြောင်ရော.. ငရုတ်သီးဆားထောင်းရော...
ကွက်တိဘဲ..စားသွားပီမိုးရေ..