Wednesday 19 August 2009

ကြက်သားကြံမဆိုင်ဟင်းချိုနှင့်ကြက်ဥကြော်

ကြက်သားကြံမဆိုင်ဟင်းချို


နေပူတာနဲ့ အချဉ်ဟင်းလေး သောက်ချင်လိုကြက်သားကြံမဆိုင်ဟင်းချိုလေးချက်ဖြစ်ပါတယ်။
ကြက်သားကိုသေးသေးတုံးဆား၊အချိုမှုန့် နယ်ပြီးရေနည်းနည်းနဲ့ ရေခမ်းအောင်အရင်ပြုပ် လိုက်ပါတယ်၊ပြီးတော့မှဟင်းချိုအတွက်ရေအနေတော်ထည့်ပြီးတည်ထားပါတယ်၊ကြံမဆိုင်ကိုရေဆေးပြီး
လက်တစ်ဆစ်လောကလေးတွေလှီးထားပါတယ်၊ဟင်းချိုအိုးဆူရင်ကြံမဆိုင်ခတ်၊အပေါ့အငံမြည်းပြီးသောက်လို့ ရပါပြီ။

ကြက်ဥကြော်


ကြက်ဥကိုဆား၊အချိုမှုန့် ထည့်ပြီးအရင်မွှေ ထားပါတယ်၊ ကြက်သွန်နီပါးပါးလှီးထားတာရယ်၊carrot ခြစ်ထားတာရယ်၊ပုဇွန်ခြောက်ရယ်ထပ်ထည့်ပြီးမွှေပါတယ်၊ဆီပူလာရင်မွှေထားတာတွေအားလုံးသွန်ထည့်လိုက်ပြီး၊
ခဏနေရင်တဖက်လှန်ပေးလိုက်ရင်ရပါပြီ။

2 comments:

စန္ဒကူး said...

ကြံမဆိုင်ဟင်းချိုလေးနဲ့ ကြက်ဥကြော်လေး..အရမ်းလိုက်ဖက်တယ်..
စားချင်စိတ်တွေပေါက်လာပီ.. that's it..

မေဇင် said...

ကွယ် ကြံမဆိုင်လဲ စားချင်တယ်.... ကြက်ဥကြော်တော့ နောက်များမှာပဲ နော.်... အဟဲ... တို့လဲ ကြက်ဥရုပ် ထွက်နေပြီမို့ပါ..။း)